Rain (For Ialinks)
Crd
သူငယ်ချင်းတွေနဲ့ မိတ်ဆုံစားပွဲချိန်းဆိုရာတွင် ချစ်သူကောင်လေးမှ အခြားသူတွေနဲ့ အီစီကလီလုပ်မှာကိုစိုးရိမ်ပြီး မိန်းကလေးတစ်ဦးလို ဝတ်စားဆင်ယင်ခိုင်းကာ မိတ်ကပ်တွေပါလိမ်းပေးခဲ့သော ကောင်မလေး
လောကကြီးတွင် ကိုယ်ချစ်တဲ့သူတိုင်းကို အခြားသောသူများနဲ့ တပူးပူးတကပ်ကပ်လုပ်နေခြင်းကို မကြိုက်ပဲ ကိုယ်နဲ့တွဲနေလျက် အခြားတစ်ယောက်နဲ့ အီစီကလီတွေလုပ်ပြီး ပါသွားမှာကိုလည်း စိတ်ပူတတ်ကြသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံမှ ကောင်လေးတစ်ဦးသည် ချစ်သူမိန်းကလေးရဲ့ အလိုကျ သူငယ်ချင်းဟောင်းတွေနဲ့ မိတ်ဆုံစားပွဲချိန်းဆိုရာတွင် အခြားသူများနဲ့ ရောရောနှောနှောနေမှာကိုစိုးပြီး မိန်းကလေးတစ်ဦးလို ဝတ်စားဆင်ယင်ခိုင်းပြီး ခေါ်သွားခဲ့သည်။
ကောင်လေးသည် အနီရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဒေါက်ဖိနပ်လေးစီးကာ ချစ်သူမိန်းကလေးလိမ်းခြယ်ပေးထားသော မိတ်ကပ်ပြင်ဆင်မှုများနှင့်အတူ မရှက်ပဲလိုက်သွားခဲ့ရာ မြင်တွေ့သူများက ရယ်မောခဲ့ကြသော်လည်း ဂရုမစိုက်ပဲ ချစ်သူမိန်းကလေးရဲ့ စိတ်ချမ်းသာမှုကိုသာ ဦးစားပေးခဲ့သည်။
ထို့ကြောင့် သူငယ်ချင်းများကပင် ကောင်လေးအား ချစ်သူမိန်းကလေးထက်ကို ပိုပြီးတော့ ချစ်စရာကောင်းကာ လှပနေသည်ဟု စနောက်ခဲ့ကြသည်။
Rain (For Ialinks)
Crd