ဗီဒီယိုဖိုင်အောက်တွင်ဖော်ပြထားပါသည်
&;
ဘဏ်အကောင့် အသစ် မဖွင့်သူတွေ ငွေထုတ်မရတော့ဘူးလို့ပြောနေတဲ့

ဗီဒီယိုဖိုင်အောက်တွင်ဖော်ပြထားပါသည်
&;
ဘဏ်အကောင့် အသစ် မဖွင့်သူတွေ ငွေထုတ်မရတော့ဘူးလို့ပြောနေတဲ့
ဝိသမလောဘသား ဈေးသည်တွေရဲ့ လျှို့ဝှက်ချက်ကို ဖော်လိုက်ပြီ မိသားစု လိုက် အစုလိုက် အပြုံ လိုက် အစားစာရင်း ကွယ်လွန်သွားတယ်တို့ ဘာတို့ ဆိုတာ ကျွန်မ တို့ ဖေ့ဘုတ်မှာ လည်း မြင်ဘူး တယ် ဖတ်ဘူးပါတယ် …ဒီလို မျိုး စျေးသည် တွေရှိလို့ လည်း အဲဒီလို ဖြစ်ကြတာ နေမယ် … ဒီ မနက် ကျွန်မ စျေးသွားပါတယ် … ပိန္နဲကွင်း လေး တွေ ဖွေးဖြူ သန့်ပြန့် နေတော့ တခုခုလေး နဲ့ ရော ချက်မယ် စိတ်ကူး နဲ့ ဆလုံကြီး နဲ့ ရေစိမ်ထားသော ပိန္နဲ ကွင်း တွေကို ကျွန်မ ဆယ်ယူပြီး ချိန်ခိုင်း […]
ခေတ်စားနေတဲ့ ဇလုံထမင်း၊ စကောထမင်းတို့နဲ့ ပတ်သက်တဲ့ အတိတ်တဘောင် နိမိတ်ဆောင်ခြင်း။ အတိတ်တဘောင် နိမိတ်ဆောင်တဲ့၊ ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းတဲ့။အမှန်ပါဘဲ။ ဆင်ခြင်စရာ ဇလုံထမင်းတဲ့၊ ဖက်ထမင်းတဲ့၊ စကောထမင်းတဲ့ ၊မနေ့က ဆရာတော်ကြီးတစ်ပါးကို အားဆေးသွားကပ်ရင်းကြားနာခဲ့ရတဲ့ သြဝါဒ.. အခုခေတ်ကလူတွေ လူစိတ်မရှိတာလည်းမပြောနဲ့၊ ဒကာတို့စားနေတဲ့အစားအစာတွေကကော လူစားတာဟုတ်သေးရဲ့လားတို့နယ်မှာ မကောင်းဆိုးဝါး ပြိတ္တာ၊ နာနာဘာဝတွေအတွက် ခေါစာပစ်ရင် စကောတို့၊ ဖက်ရွက်တို့နဲ့ ပစ်တယ်။အခုခေတ် စားနေတာလည်းကြည့်ဦး..စကောထမင်းတဲ့၊ ဖက်ရွက်ထမင်းတဲ့၊ ကြာရွက်ထမင်းတဲ့၊ ပြင်ထားပုံကို ဒကာတွေ ပြလို့ကြည့်မိတော့ ငါတို့ခေါစာပစ်တဲ့အတိုင်း ဟိုတစ်ပုံဒီတစ်ပုံနဲ့။ဒို့အိမ်နီးချင်းနိုင်ငံမှာတော့ မကောင်းဆိုးရွားကျွေးရင် စဉ့်အင်တုံနဲ့၊ အခုလာပြန်ပြီ အင်တုံထမင်းတဲ့။ဇလုံထမင်းဆိုတာလည်း ပြောရအုံးမယ်။ ဒို့လူကြီးသူမ စကားပေါ့ကွာ။ နိမ့်ကျတဲ့ အိမ်ရာတွေမှာပဲ ဇလုံနဲ့ ပုံစားတာကွ။မြင့်မြတ်တဲ့ အကျင့်ရှိတဲ့အိမ်ရာတွေမှာ မသုံးဘူး..မင်းတို့ပြောတော့ ခေတ်ကမကောင်းဘူး။ လူတွေမကောင်းတော့ဘူးတဲ့၊ မင်းတို့က လူလိုမှမစား […]
သူများတွေလို အိမ်ပေါင်ယာပေါင် စားရမယ်ဆိုတာလည်း၊ အိမ်ပိုင် ယာပိုင်မရှိတော့ ကိုယ့်ရဲ့ဆံပင်ကိုပဲရောင်းစရာရှိတော့ ” သူများတွေလို အိမ်ပေါင်ယာပေါင် စားရမယ်ဆိုတာလည်း၊ အိမ်ပိုင် ယာပိုင်မရှိတော့ အင်မတန် ခက်ခဲခဲ့ရပါတယ်။ ဒါကြောင့်မို့လည်း ဒီကိုယ့်ရဲ့ဆံပင်ကိုပေါ့နော်ရောင်းစရာတစ်ခုပဲ ရှိတော့တဲ့အတွက်ကြောင့် ဒီဆံပင်ကို လာရောင်းတာပါ ” အိမ်ထောင်ရှင်မတဦးရဲ့ စကားသံ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေက နေ့စဉ်ဆိုသလိုအရှိန်အဟုန်မြင့်တက်လာနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာဒေသတွေအလိုက် အသွားအလာကန့်သတ်မှုတွေ၊ စက်သုံးဆီစျေး၊ ရွှေစျေးနဲ့ ဒေါ်လာစျေးမတည်ငြိမ် မှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာပြီး အခြေခံလူတန်းစားရဲ့ စားဝတ်နေရေးအကျပ်အတည်းတွေဟာ အငတ်ဘေးက စိန်ခေါ်နေတဲ့အခြေအနေတွေအထိ ကြုံတွေ့နေရတယ်လို့ တနေ့လုပ်တနေ့စား အိမ်ထောင်ရှင်မတဦးကပြောပါတယ်။ အခုလိုအခြေအနေမှာ မိသားစုစားဝတ်နေရေးအခက်အခဲတွေကို ဖြေရှင်းစရာနည်းလမ်းမရှိတော့တဲ့အတွက် မိန်းမတို့ရဲ့ဘုန်း ဆံထုံးကို ဖြတ်ရောင်းအရင်းပြုပြီး ဝမ်းရေးကို အလှဆင်နေကြရတယ်လို့လည်း ဆိုကြပါတယ်။ ဒီအခြေအနေတွေကြောင့် ဆံပင် ဝယ်/ရောင်းလုပ်တဲ့သူတွေအနေနဲ့ […]