ဗိုလ်ချုပ်မှူး ကြီးမှ ဟီး ဟီးဟီးနဲ့ တဖက်လှည့်သွားမူကို ဂျပန်မီဒီယာများမှ အမိအရထုတ်လွှင့်…
&;
ရုရှားရောက်နေတဲ့ ဗိုလ်ချုပ်မှူးကြီးအား ကို ဂျပန်သတင်းထောက်မှ အင်္ဂလိပ်လို အင်တာဗျုးချိန် ဗိုလ်ချုပ်မှူး ကြီးမှ ဟီးဟီး ဟီးဟီးနဲ့ တဖက်လှည့်သွားမူကို ဂျပန်မီဒီယာများမှ အမိအရထုတ်လွှင့်ပြသခဲ့
ဂျပန်မီဒီယာမှ သတင်းကြေညာခဲ့ရာမှာ-ကိုယ့်ပြည်သူပြည်သားတွေကို သ တ်ဖြ တ်မူကြောင့် နိုင်ငံတကာရဲ့အပြင်းအထန်ဝေဖန်မူတွေကို ခံနေရတဲ့ စကစ ရဲ့ ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး က မော်စကို ကို ရောက်ရှိနေပုံကို ဂျပန်မီဒီယာ ANNမှအမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်..
၂၂ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ဟိုတယ် သို့ ရောက်ရှိလာတဲ့ ဗိုလ်ချုပ်မှူးကြီး က ရုရှားကာကွယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းရေးမှူး က ကျင်းပပေးတဲ့ ပါတီကို မိနစ်၂၀ တက်ရောက်ခဲ့ပါတယ်..
အဲ့ဒီအချိန်မှာ ဂျပန်သတင်းထောက်မှ ဗိုလ်ချုပ်မှူးကြီး ကို – ဂျပန်ကမီဒီယာဖြစ်ပါတယ် ဘာဖြစ်လို့ ရုရှားကို လာရတာလဲလို့ အင်္ဂလိပ်လိုမေးခဲ့ရာမှာ(ဂျပန်ဘက်က သတင်းမှာတော့ ဂျပန်စာထိုးပေးထားတာပါ) ဗိုလ်ချုပ်မှူး ကြီးက သူ့ကိုလှမ်းမေးလို့ လှည့်ကြည့်လိုက်ပြီးမှ
ဂျပန်သတင်းထောက်က အင်္ဂလိပ်လို မေးလိုက်တဲ့အခါ အိုးတို့အန်းတန်း ဖြစ်သွားပြီး ဟီးဟီးဟီးဟီး နဲ့တဖက်လှည့်ပြီး ရှောင်ထွက် သွားရှာပါတယ်….
ဂျပန်သတင်းထောက်ကလည်း ဗိုလ်ချုပ်မှူးကြီး ရှက်သွားတာသိတော့ ဘေးမှာစကားပြန်ပါမလာတာလည်းသတိထားမိတော့ လိုက်မေးမနေပဲ လွှတ်ပေးထားလိုက်တာကို တွေ့ရှိရပါတယ်..
ဗိုလ်ချုပ်မှူးကြီး မှ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoygu နှင့်လည်းတွေ့ဆုံခဲ့ပြီး၊ “ရုရှား၏ပံ့ပိုးမှုကြောင့် ကျွန်တော့်ရဲ့ စစ်တပ်သည်အင်အားအကောင်းဆုံးဖြစ်လာခဲ့သည်” ဟုပြောကြားခဲ့ပါတယ်..
နိုင်ငံတကာမှာ မြန်မာကိုအထီးကျန်အောင်လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မှ မော်စကို ကိုရောက်ရှိချိန် ရုရှားဆီကနေ လက်နက် နဲ့ အထောက်အပံ့များပိုမိုရရှိလိုမူကြောင့် ဖြစ်နိုင်ကြောင်း ဂျပန်မီဒီယာ ANNမှ ထုတ်လွှင့်သွားခဲ့ပါတယ်.
ဂျပန်သတင်းကို သင့်တော်သလိုပြန်ဆိုသည်.
&;
Credit