ေက်ာင္း မီးေလာင္ေတာ့ ေပပင္ေပၚႂကြသြားတဲ့ ႐ုပ္ပြားေတာ္
စလင္းၿမိဳ႕ လက္ပံပင္ေက်ာင္းတိုက္မွာကိန္းဝပ္စံပါယ္ေတာ္မူတဲ့ရတနာမဥၥဴ ႐ုပ္ပြားေတာ္ျမတ္ဟာ အေလာင္းစည္သူမင္းလက္ထက္ ကတည္းကထုလုပ္ပူေဇာ္ ထားခဲ့တယ္လို႔ ဘုရားသမိုင္းမွာ ေဖာ္ျပထားပါတယ္။
သရကၡန္သားနဲ႔ ထုလုပ္ပူေဇာ္ထားတဲ့ဘုရားငါးဆူ အနက္တစ္ဆူ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။
အမ်ားသိၾကတဲ့အညာသီဟေတာဘုရားနဲ႔ညီအစ္ကို ဆင္းတုေတာ္ေတြပါ။
တစ္ခါက ႐ုပ္ပြားေတာ္ျမတ္ကိန္းဝပ္စံပါယ္ေတာ္မူရာ အေဆာင္ကို (သူတို႔ကေတာ့ စာတိုက္လို႔ ေခၚပါတယ္)
မီးေလာင္သြားေတာ့ေက်ာင္းထိုင္ဆရာေတာ္ အပါအဝင္တၿမိဳ႕လုံး ယူၾကဳံးမရ ျဖစ္ၾကရပါသတဲ့။
ဒါေပမယ့္ မီးေလာင္ၿပီးေနာက္ပိုင္း ရက္ေတြမွာ’မာလာရွင္ေက်ာ္ ေပပင္ေပၚမွအျမန္ခ်ေလာ့’ ဆိုၿပီး ေက်ာင္းထိုင္ ဆရာေတာ္ကိုအိပ္မက္ေပးပါ သတဲ့။
ခဏ ခဏ မက္ပါမ်ားလာတဲ့ အခါဆရာေတာ္လည္းေက်ာင္းသားေတြကိုေပပင္ေပၚ တက္ၾကည့္ခိုင္းလိုက္ေတာ့ အားလုံးကမီးေလာင္သြားၿပီလို႔ ထင္ေနၾကတဲ့ရတနာမဥၥဴ ႐ုပ္ပြားေတာ္ျမတ္ကိုေပပင္ေပၚမွာ စံပါယ္ေနတာ တအံ့တၾသ ေတြ႕ၾကရပါသတဲ့။
ဒီေတာ့မွေက်ာင္းေဆာင္ မီးေလာင္ေတာ့ေပပင္ေပၚ ႂကြသြားတဲ့ ဘုရား ဆိုၿပီး တန္ခိုးႀကီးမွန္းသိကာ ၾကည္ညိဳ ပူေဇာ္သူပိုမိုမ်ားျပား လာခဲ့တယ္လို႔ ဆိုပါတယ္။
Crd စိုင္းမင္းထြန္း
Unicode
ကျောင်း မီးလောင်တော့ ပေပင်ပေါ်ကြွသွားတဲ့ ရုပ်ပွားတော်
စလင်းမြို့ လက်ပံပင်ကျောင်းတိုက်မှာကိန်းဝပ်စံပါယ်တော်မူတဲ့ရတနာမဉ္စူ ရုပ်ပွားတော်မြတ်ဟာ အလောင်းစည်သူမင်းလက်ထက် ကတည်းကထုလုပ်ပူဇော် ထားခဲ့တယ်လို့ ဘုရားသမိုင်းမှာ ဖော်ပြထားပါတယ်။
သရက္ခန်သားနဲ့ ထုလုပ်ပူဇော်ထားတဲ့ဘုရားငါးဆူ အနက်တစ်ဆူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အများသိကြတဲ့အညာသီဟတောဘုရားနဲ့ညီအစ်ကို ဆင်းတုတော်တွေပါ။
တစ်ခါက ရုပ်ပွားတော်မြတ်ကိန်းဝပ်စံပါယ်တော်မူရာ အဆောင်ကို (သူတို့ကတော့ စာတိုက်လို့ ခေါ်ပါတယ်)
မီးလောင်သွားတော့ကျောင်းထိုင်ဆရာတော် အပါအဝင်တမြို့လုံး ယူကြုံးမရ ဖြစ်ကြရပါသတဲ့။
ဒါပေမယ့် မီးလောင်ပြီးနောက်ပိုင်း ရက်တွေမှာ’မာလာရှင်ကျော် ပေပင်ပေါ်မှအမြန်ချလော့’ ဆိုပြီး ကျောင်းထိုင် ဆရာတော်ကိုအိပ်မက်ပေးပါ သတဲ့။
ခဏ ခဏ မက်ပါများလာတဲ့ အခါဆရာတော်လည်းကျောင်းသားတွေကိုပေပင်ပေါ် တက်ကြည့်ခိုင်းလိုက်တော့ အားလုံးကမီးလောင်သွားပြီလို့ ထင်နေကြတဲ့ရတနာမဉ္စူ ရုပ်ပွားတော်မြတ်ကိုပေပင်ပေါ်မှာ စံပါယ်နေတာ တအံ့တသြ တွေ့ကြရပါသတဲ့။
ဒီတော့မှကျောင်းဆောင် မီးလောင်တော့ပေပင်ပေါ် ကြွသွားတဲ့ ဘုရား ဆိုပြီး တန်ခိုးကြီးမှန်းသိကာ ကြည်ညို ပူဇော်သူပိုမိုများပြား လာခဲ့တယ်လို့ ဆိုပါတယ်။
Crd စိုင်းမင်းထွန်း