နားကျပ်ဂွမ်း နဲ့ နားသန့်ရှင်းရေး လုပ်သူများ သတိထားသင့်တဲ့အချက်များ
နားသန် ့ရှင်းရေးကို ပုံမှန်ပြုလုပ်ရန်အသိဖြင့် နားကျပ်ဂွမ်းဖြင့် ထိုးသွင်းသန် ့ရှင်းခြင်းကို ပြုလုပ် ကြသော ကြောင့် အမေရိကန်ပြည်ထောင်စုတွင် နေ ့စဉ် ကလေး ၃၄ ဦးထက်မနည်း အရေးပေါ် ဆေးကုသမှုခံယူ နေကြရကြောင်း အိုဟိုင်းယိုးပြည်နယ်ရှိ Ohio State University မှ သုတေ သီများက သတိပေးချက် ထုတ်ပြန်ထားသည်။ နားကျပ်တဲ့ဂွမ်းတွေက ကြည့်လိုက်ရင် ထိခိုက်မှု မပြုနိုင်ဘူးလို ့ထင်ရပါတယ်။
နောက်ပြီး နားသန် ့ရှင်းရေး ကို မှန်မှန်လုပ်ရမယ်လို ့ လူတွေက ထင်ကြပါတယ်။ တစ်ကယ်တော့ နားထဲကို အဲဒီနားကျပ်တဲ့ဂွမ်းနဲ ့ မကြာခဏထိုးသွင်းနေ ကြတဲ့ အတွက် ကောင်းကျိုးထက်ဆိုးကျိုးကိုပိုဖြစ်စေပါတယ်ဟု သုတေသီ ဒေါက် တာ Kris Jatana က ပြောပြသည်။ တစ်ကယ်တော့ နားမှာ သူ ့အလိုအလျောက် သန် ့ရှင်းတဲ့စနစ် ပါဝင်ပါတယ်။ နားဖာချေးက အမှိုက်တွေ ကို ဖမ်းယူပြီး နားရဲ ့အပြင်ဘက်ကို တွန်းထုတ်ပေးပါတယ်။ နားအ တွင်းပိုင်းကို စိုစွတ်ချောမွေ ့စေပါတယ်။
မိုက်ခရိုဗက်တီးရီးယားတွေကိုလည်း သုတ်သင်နိုင်တဲ့အစွမ်း ရှိပါတယ်။ နားဖာချေးက နားအပြင် ဘက်ကို ရောက်လာမှ အဝတ်စအစိုလေးနဲ ့ အသာအယာပွတ်ပြီး သန် ့ရှင်းရေးလုပ်ပေးရမှာပါ။ နားထဲကို မည်သည့် အရာမှ ထိုးမထည့်တာ အကောင်းဆုံးဖြစ်ပါတယ် ဟု ၄င်းက ဆက်လက် ရှင်းပြသည်။ နားကျပ်သောဂွမ်းကို ၁၉၂၃ ခုနှစ်က စတင်အသုံးပြုခဲ့ကြောင်း၊ သို ့သော် ၁၉၇၀ နောက်ပိုင်းတွင် ၄င်းနား ကျပ်ဂွမ်းများ၏ အန္တရာယ်ကို ဆရာဝန်များက သတိပေးလာကြောင်း၊ ၄င်းဂွမ်းချောင်းများသည် နားဖာချေး ကို ပို၍နက်သောနေရာထဲသို ့ တွန်းပို ့ပေးနိုင်ကြောင်း၊ နား ဖာချေးများ နားအတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် စုမိ၊ခဲမိသွားပြီး နားစည်ပျက်စီးမှုကို ဖြစ် စေနိုင်ကြောင်း သိရသည်။
ထို ့အပြင် ထိုးသွင်းချိန်၌ အရှိန်လွန်ပြီး နားစည်ပေါက်သည့် ကလေး များလည်း အများအပြားရှိကြောင်း၊ လွန်ခဲ့သော ၂၁ နှစ်အတွင်း အသက် ၁၈ နှစ်အောက်အရွယ် လူပေါင်း ၂၆၃၀၀၀ ဦးထက်မနည်းသည် နားကျပ်ဂွမ်းကိုအသုံးပြုမိရာမှ နားထိခိုက်ဒဏ်ရာရပြီး ဆေးရုံတက်ရောက်ကာ ဆေးကုသမှုခံယူခဲ့ရ ကြောင်း၊ ၄င်းအရေအတွက်သည် တစ်လလျင် ၁၀၀၀ ဦး၊ တစ်ရက်လျင် ၃၄ ဦးနှင့် ညီမျှကြောင်း သိရ သည်။
Credit ; ရတနာပုံသတင်းစာ
နားက်ပ္ဂြမ္း နဲ႔ နားသန္႔ရွင္းေရး လုပ္သူမ်ား သတိထားသင့္တဲ့အခ်က္မ်ား
နားသန္ ့ရွင္းေရးကို ပံုမွန္ျပဳလုပ္ရန္အသိျဖင့္ နားက်ပ္ဂြမ္းျဖင့္ ထိုးသြင္းသန္ ့ရွင္းျခင္းကို ျပဳလုပ္ ၾကေသာ ေၾကာင့္ အေမရိကန္ျပည္ေထာင္စုတြင္ ေန ့စဥ္ ကေလး ၃၄ ဦးထက္မနည္း အေရးေပၚ ေဆးကုသမႈခံယူ ေနၾကရေၾကာင္း အိုဟိုင္းယိုးျပည္နယ္ရွိ Ohio State University မွ သုေတ သီမ်ားက သတိေပးခ်က္ ထုတ္ျပန္ထားသည္။ နားက်ပ္တဲ့ဂြမ္းေတြက ၾကည့္လိုက္ရင္ ထိခိုက္မႈ မျပဳနုိင္ဘူးလို ့ထင္ရပါတယ္။
ေနာက္ျပီး နားသန္ ့ရွင္းေရး ကို မွန္မွန္လုပ္ရမယ္လို ့ လူေတြက ထင္ၾကပါတယ္။ တစ္ကယ္ေတာ့ နားထဲကို အဲဒီနားက်ပ္တဲ့ဂြမ္းနဲ ့ မၾကာခဏထိုးသြင္းေန ၾကတဲ့ အတြက္ ေကာင္းက်ိဳးထက္ဆိုးက်ိဳးကိုပိုျဖစ္ေစပါတယ္ဟု သုေတသီ ေဒါက္ တာ Kris Jatana က ေျပာျပသည္။ တစ္ကယ္ေတာ့ နားမွာ သူ ့အလိုအေလ်ာက္ သန္ ့ရွင္းတဲ့စနစ္ ပါ၀င္ပါတယ္။ နားဖာေခ်းက အမိႈက္ေတြ ကို ဖမ္းယူျပီး နားရဲ ့အျပင္ဘက္ကို တြန္းထုတ္ေပးပါတယ္။ နားအ တြင္းပိုင္းကို စိုစြတ္ေခ်ာေမြ ့ေစပါတယ္။
မိုက္ခရိုဗက္တီးရီးယားေတြကိုလည္း သုတ္သင္နုိင္တဲ့အစြမ္း ရွိပါတယ္။ နားဖာေခ်းက နားအျပင္ ဘက္ကို ေရာက္လာမွ အ၀တ္စအစိုေလးနဲ ့ အသာအယာပြတ္ျပီး သန္ ့ရွင္းေရးလုပ္ေပးရမွာပါ။ နားထဲကို မည္သည့္ အရာမွ ထိုးမထည့္တာ အေကာင္းဆံုးျဖစ္ပါတယ္ ဟု ၄င္းက ဆက္လက္ ရွင္းျပသည္။ နားက်ပ္ေသာဂြမ္းကို ၁၉၂၃ ခုနွစ္က စတင္အသံုးျပဳခဲ့ေၾကာင္း၊ သို ့ေသာ္ ၁၉၇၀ ေနာက္ပိုင္းတြင္ ၄င္းနား က်ပ္ဂြမ္းမ်ား၏ အႏၱရာယ္ကို ဆရာ၀န္မ်ားက သတိေပးလာေၾကာင္း၊ ၄င္းဂြမ္းေခ်ာင္းမ်ားသည္ နားဖာေခ်း ကို ပို၍နက္ေသာေနရာထဲသို ့ တြန္းပို ့ေပးနုိင္ေၾကာင္း၊ နား ဖာေခ်းမ်ား နားအတြင္းပိုင္း နက္ရွိဳင္းေသာ ေနရာတြင္ စုမိ၊ခဲမိသြားျပီး နားစည္ပ်က္စီးမႈကို ျဖစ္ ေစနုိင္ေၾကာင္း သိရသည္။
ထို ့အျပင္ ထိုးသြင္းခ်ိန္၌ အရွိန္လြန္ျပီး နားစည္ေပါက္သည့္ ကေလး မ်ားလည္း အမ်ားအျပားရွိေၾကာင္း၊ လြန္ခဲ့ေသာ ၂၁ နွစ္အတြင္း အသက္ ၁၈ နွစ္ေအာက္အရြယ္ လူေပါင္း ၂၆၃၀၀၀ ဦးထက္မနည္းသည္ နားက်ပ္ဂြမ္းကိုအသံုးျပဳမိရာမွ နားထိခိုက္ဒဏ္ရာရျပီး ေဆးရံုတက္ေရာက္ကာ ေဆးကုသမႈခံယူခဲ့ရ ေၾကာင္း၊ ၄င္းအေရအတြက္သည္ တစ္လလ်င္ ၁၀၀၀ ဦး၊ တစ္ရက္လ်င္ ၃၄ ဦးနွင့္ ညီမွ်ေၾကာင္း သိရ သည္။
Credit ; ရတနာပံုသတင္းစာ