အေထြအေထြဗဟုသုတ

ဝဋ္ေႂကြးပါလာရင္ ဘယ္ေလာက္ပဲ ဘုရားတရား လုပ္လုပ္ အဲ့ဝဋ္ေႂကြးကိုေတာ့ အရင္ဆပ္ရပါတယ္

ဝဋ်ကြွေးပါလာရင် ဘယ်လောက်ပဲ ဘုရားတရား လုပ်လုပ် အဲ့ဝဋ်ကြွေးကိုတော့ အရင်ဆပ်ရပါတယ်

ပဋ္ဌာန်းရွတ်တိုင်း တစ်ခုခု ကံဆိုးမိုးမှောင်ကျတဲ့ အကြောင်းက သံသရာတိုအောင်ခွာချနေတာပါတဲ့

ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ရာမှာ( မိမိတစ်နိုင် အကျဉ်းဖြစ်စေ ၊ အကျယ် ဖြစ်စေ ၊ ပဉှာဝါရ ဖြစ်စေ ပဋ္ဌာနပါဠိ ငါးအုပ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပူဇော်ရွတ်ဖတ် သရဇ္ဇျယ်ခြင်းဟာ)

မိမိရဲ့သံသရာ ဘဝအဆက်ဆက်မှာ ရှိခဲ့သော သိ၍ ဖြစ်စေ မသိ၍ဖြစ်စေပြုခဲ့မိတဲ့ အကုသိုလ် အညစ်အကြေးတွေကို ခွာချနေခြင်းနဲ့တူတယ် ဆိုတာ သတိလေး ကပ်ထားဖို့ လိုပါတယ် ။

တစ်ချို့ရှိကြပါတယ် ပဋ္ဌာန်းရွတ်မှ ပူလောင်လာတယ်၊ ပြဿနာတွေ တစ်ခုမဟုတ်တစ်ခု ဖြစ်ကြတယ်၊ စီးပွားတွေကျကုန်တယ်ဆိုတာ ရံဖန်ရံခါ ရှိတတ်ပါတယ်။

တကယ်လည်းလက်တွေ့ပါ။ ဒါပေမယ့် သတိထားရမှာက ဒါဟာ ပဋ္ဌာန်းဒေသနာတော်ကြောင့် မဟုတ်ပဲ မိမိရဲ့ အကုသိုလ်အညစ်အကြေးကိုမိမိကိုယ်တိုင် အသက်သာဆုံးနည်းနဲ့ သံသရာတိုအောင် ခွာချနေတယ်ဆိုတာပါ ။

သံသရာမှာမိမိရဲ့ အကုသိုလ် ဝဋ်ကြွေး အညစ်အကြေးတွေ မကုန်စင်သေးပဲ သံသရာကနေ ထွက်သွားလို့ ရရိုးထုံးစံမရှိပါ။

ဒါကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမှအစ အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးများပါမကျန် သက်သေပြခဲ့ကြပြီးပါပြီ။

ပဋ္ဌာန်းဒေသနာတော်ကြီးကို ရွတ်ဖတ်ပူဇော်ခွင့်ရနေပြီ ဆိုကတည်းက မိမိမှာ ကံကြီးငါးပါးထိုက်သူထဲ မပါဖို့ ရာခိုင်နှုန်းများပါတယ်။

ဒီတော့ ရှိသမျှ အကုသိုလ်ဝဋ်ကြွေးကို တောင့်ခံပြီး မြန်မြန်ဆပ် နာနာဆပ် ပေတေပြီးတော့ သဒ္ဒါတရားနဲ့ ဖြေးဖြေးမှန်မှန် ရွတ်ဖတ်ကြဖို့ တိုက်တွန်းလိုပါတယ်။

အဲ့ဒီလို ပူဇော်လေ မိမိသန္တာန်မှာ အနှေးနဲ့အမြန် အငြိမ်းဓါတ် အအေးဓါတ် တစ်မျိုးကို တစ်ဦးနှင့်တစ်ဦး စရိုက်ပေါ်မူတည်ပြီးတော့ ခံစားရမှာ မလွဲဧကန်ပါ

ပဋ္ဌာန်းတရားတော်ကြီးရဲ့ ကျိုးကြောင်းဆင်ခြင်သုံးသပ်မှု ဒေသနာ တော် စွမ်းအားအာနုဘော်ကြောင့် မိမိရဲ့ သန္တာန်မှာ အကုသိုလ် အညစ်အကြေးကင်းစင်လာတာနဲ့အမျှ

အကုသိုလ် ဝဋ်ကြွေးဖြစ်မယ့် အရာမှန်သမျှလည်း လုပ်ကိုင်လိုစိတ်လည်း တစ်ဖြေးဖြေးလျော့နည်းပျောက်ကွယ်သွားပြီး အကုသိုလ် လုံးဝလုပ်ချင်စိတ်လည်း မရှိတော့မှာလည်း လက်တွေ့ ဒိဌဓမ္မ သေချာတဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ မထင်မှတ်လောက်အောင် မိမိရဲ့ ယုံကြည်မှု့ သဒ္ဒါတရားနဲ့ အေးမြမှုတို့ဟာ မထင်မှတ်လောက်အောင် ခိုင်မြဲနေတာကိုတွေ့ရပါလိမ့်မယ်။

မိမိရဲ့ လူမှုစီးပွားဘဝလည်း အေးချမ်း တည်ငြိမ်ပြီး အရာရာ ပြည့်စုံနေတာကို မျက်မြင်တွေ့ရပါလိမ့်မယ်။ ဒီထက်မက ထပ်ပြီးတော့ မှအနုစိတ်ကျကျတို့ကို လေ့လာချင်စိတ် သဒ္ဒါတွေ တဖွားဖွားပေါ်လာပြီးအနုလုံ ပဋိလုံ သိမြင်နားလည်လာတဲ့အခါ

အလိုလိုနေရင်း တရားက သူ့အလုပ်သူလုပ်ပြီး ခန္ဓာဉာဏ်ရောက် သွားတာကို အံ့သြဖွယ် ကောင်းစွာ ထပ်မံတွေ့ရပါမယ်။ မိမိရဲ့ ဝါသနာ စရိုက်နဲ့ ကိုက်ညီတဲ့ ကမ္မဋ္ဌာန်းနည်းပြ၊ အနီးကပ်လမ်းညွှန်ပေးမယ့်ဆရာလည်း ရောက်လာပါလိမ့်မယ်

ဒါဟာဘာကို ပြသလဲဆိုတော့ မိမိသန္တာန်မှာ အကုသိုလ် အညစ်အကြေးတွေကို အကြွေးမထားပဲ အဖတ်လိုက် အဖတ်လိုက်ခွာချလိုက်တဲ့အခါ … မိမိဘဝ အဆက်ဆက် အနမတဂသံသရာအဆက်ဆက်ကပါခဲ့တဲ့ အထုံပါရမီတွေဟာ

ဒီဘဝမှာပြန်ပေါ်လာပြီး မဂ် ဖိုလ်လမ်းကြောင်းပေါ်ကို မဂ္ဂင်ရှစ်ပါးနဲ့အညီ ခပ်မြန်မြန် ရောက်သွားခြင်းသာ ဖြစ်ပါကြောင်း ထပ်မံ ရေးသားရင်း

သံသရာအဆက်ဆက် အကုသိုလ်အညစ်အကြေးများကို မဆုတ်မနစ်တဲ့ ဇွဲ သတ္တိ ဝီရိယ တို့နှင့် တရားအလုပ်အားထုတ်ရင်း ဒီဘဝမှာ တင်ခွာချကြရအောင်

ပဋ္ဌာန်းဒေဿနာတော်ကြီးရဲ့ လက်တွေ့တန်ခိုးအာနုဘော်ကြီး ဖြစ်ပါတယ်

Aung myo ko

Zawgyi

ဝဋ္ေႂကြးပါလာရင္ ဘယ္ေလာက္ပဲ ဘုရားတရား လုပ္လုပ္ အဲ့ဝဋ္ေႂကြးကိုေတာ့ အရင္ဆပ္ရပါတယ္

ပ႒ာန္း႐ြတ္တိုင္း တစ္ခုခု ကံဆိုးမိုးေမွာင္က်တဲ့ အေၾကာင္းက သံသရာတိုေအာင္ခြာခ်ေနတာပါတဲ့

ပ႒ာန္းေဒသနာေတာ္ကို ႐ြတ္ဖတ္ရာမွာ( မိမိတစ္ႏိုင္ အက်ဥ္းျဖစ္ေစ ၊ အက်ယ္ ျဖစ္ေစ ၊ ပဉႇာဝါရ ျဖစ္ေစ ပ႒ာနပါဠိ ငါးအုပ္ပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ ပူေဇာ္႐ြတ္ဖတ္ သရဇၨ်ယ္ျခင္းဟာ)

မိမိရဲ႕သံသရာ ဘဝအဆက္ဆက္မွာ ရွိခဲ့ေသာ သိ၍ ျဖစ္ေစ မသိ၍ျဖစ္ေစျပဳခဲ့မိတဲ့ အကုသိုလ္ အညစ္အေၾကးေတြကို ခြာခ်ေနျခင္းနဲ႔တူတယ္ ဆိုတာ သတိေလး ကပ္ထားဖို႔ လိုပါတယ္ ။

တစ္ခ်ိဳ႕ရွိၾကပါတယ္ ပ႒ာန္း႐ြတ္မွ ပူေလာင္လာတယ္၊ ျပႆနာေတြ တစ္ခုမဟုတ္တစ္ခု ျဖစ္ၾကတယ္၊ စီးပြားေတြက်ကုန္တယ္ဆိုတာ ရံဖန္ရံခါ ရွိတတ္ပါတယ္။

တကယ္လည္းလက္ေတြ႕ပါ။ ဒါေပမယ့္ သတိထားရမွာက ဒါဟာ ပ႒ာန္းေဒသနာေတာ္ေၾကာင့္ မဟုတ္ပဲ မိမိရဲ႕ အကုသိုလ္အညစ္အေၾကးကိုမိမိကိုယ္တိုင္ အသက္သာဆုံးနည္းနဲ႔ သံသရာတိုေအာင္ ခြာခ်ေနတယ္ဆိုတာပါ ။

သံသရာမွာမိမိရဲ႕ အကုသိုလ္ ဝဋ္ေႂကြး အညစ္အေၾကးေတြ မကုန္စင္ေသးပဲ သံသရာကေန ထြက္သြားလို႔ ရ႐ိုးထုံးစံမရွိပါ။

ဒါကို ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးမွအစ အဂၢသာဝက မဟာသာဝက ရဟႏၲာအရွင္ျမတ္ႀကီးမ်ားပါမက်န္ သက္ေသျပခဲ့ၾကၿပီးပါၿပီ။

ပ႒ာန္းေဒသနာေတာ္ႀကီးကို ႐ြတ္ဖတ္ပူေဇာ္ခြင့္ရေနၿပီ ဆိုကတည္းက မိမိမွာ ကံႀကီးငါးပါးထိုက္သူထဲ မပါဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။

ဒီေတာ့ ရွိသမွ် အကုသိုလ္ဝဋ္ေႂကြးကို ေတာင့္ခံၿပီး ျမန္ျမန္ဆပ္ နာနာဆပ္ ေပေတၿပီးေတာ့ သဒၵါတရားနဲ႔ ေျဖးေျဖးမွန္မွန္ ႐ြတ္ဖတ္ၾကဖို႔ တိုက္တြန္းလိုပါတယ္။

အဲ့ဒီလို ပူေဇာ္ေလ မိမိသႏၲာန္မွာ အေႏွးနဲ႔အျမန္ အၿငိမ္းဓါတ္ အေအးဓါတ္ တစ္မ်ိဳးကို တစ္ဦးႏွင့္တစ္ဦး စ႐ိုက္ေပၚမူတည္ၿပီးေတာ့ ခံစားရမွာ မလြဲဧကန္ပါ

ပ႒ာန္းတရားေတာ္ႀကီးရဲ႕ က်ိဳးေၾကာင္းဆင္ျခင္သုံးသပ္မႈ ေဒသနာ ေတာ္ စြမ္းအားအာႏုေဘာ္ေၾကာင့္ မိမိရဲ႕ သႏၲာန္မွာ အကုသိုလ္ အညစ္အေၾကးကင္းစင္လာတာနဲ႔အမွ်

အကုသိုလ္ ဝဋ္ေႂကြးျဖစ္မယ့္ အရာမွန္သမွ်လည္း လုပ္ကိုင္လိုစိတ္လည္း တစ္ေျဖးေျဖးေလ်ာ့နည္းေပ်ာက္ကြယ္သြားၿပီး အကုသိုလ္ လုံးဝလုပ္ခ်င္စိတ္လည္း မရွိေတာ့မွာလည္း လက္ေတြ႕ ဒိဌဓမၼ ေသခ်ာတဲ့ အက်ိဳးရလဒ္ျဖစ္ပါတယ္။

အဲ့ဒီအခ်ိန္မွာ မထင္မွတ္ေလာက္ေအာင္ မိမိရဲ႕ ယုံၾကည္မႈ႕ သဒၵါတရားနဲ႔ ေအးျမမႈတို႔ဟာ မထင္မွတ္ေလာက္ေအာင္ ခိုင္ၿမဲေနတာကိုေတြ႕ရပါလိမ့္မယ္။

မိမိရဲ႕ လူမႈစီးပြားဘဝလည္း ေအးခ်မ္း တည္ၿငိမ္ၿပီး အရာရာ ျပည့္စုံေနတာကို မ်က္ျမင္ေတြ႕ရပါလိမ့္မယ္။ ဒီထက္မက ထပ္ၿပီးေတာ့ မွအႏုစိတ္က်က်တို႔ကို ေလ့လာခ်င္စိတ္ သဒၵါေတြ တဖြားဖြားေပၚလာၿပီးအႏုလုံ ပဋိလုံ သိျမင္နားလည္လာတဲ့အခါ

အလိုလိုေနရင္း တရားက သူ႔အလုပ္သူလုပ္ၿပီး ခႏၶာဉာဏ္ေရာက္ သြားတာကို အံ့ၾသဖြယ္ ေကာင္းစြာ ထပ္မံေတြ႕ရပါမယ္။ မိမိရဲ႕ ဝါသနာ စ႐ိုက္နဲ႔ ကိုက္ညီတဲ့ ကမၼ႒ာန္းနည္းျပ၊ အနီးကပ္လမ္းၫႊန္ေပးမယ့္ဆရာလည္း ေရာက္လာပါလိမ့္မယ္

ဒါဟာဘာကို ျပသလဲဆိုေတာ့ မိမိသႏၲာန္မွာ အကုသိုလ္ အညစ္အေၾကးေတြကို အေႂကြးမထားပဲ အဖတ္လိုက္ အဖတ္လိုက္ခြာခ်လိုက္တဲ့အခါ … မိမိဘဝ အဆက္ဆက္ အနမတဂသံသရာအဆက္ဆက္ကပါခဲ့တဲ့ အထုံပါရမီေတြဟာ

ဒီဘဝမွာျပန္ေပၚလာၿပီး မဂ္ ဖိုလ္လမ္းေၾကာင္းေပၚကို မဂၢင္ရွစ္ပါးနဲ႔အညီ ခပ္ျမန္ျမန္ ေရာက္သြားျခင္းသာ ျဖစ္ပါေၾကာင္း ထပ္မံ ေရးသားရင္း

သံသရာအဆက္ဆက္ အကုသိုလ္အညစ္အေၾကးမ်ားကို မဆုတ္မနစ္တဲ့ ဇြဲ သတၱိ ဝီရိယ တို႔ႏွင့္ တရားအလုပ္အားထုတ္ရင္း ဒီဘဝမွာ တင္ခြာခ်ၾကရေအာင္

ပ႒ာန္းေဒႆနာေတာ္ႀကီးရဲ႕ လက္ေတြ႕တန္ခိုးအာႏုေဘာ္ႀကီး ျဖစ္ပါတယ္

Aung myo ko