အေထြအေထြဗဟုသုတ
သားဦးစေနေမြးရင္ မီးလိုမေမႊဆိုတဲ့ အယူအဆ အမွား
သားဦးစနေမွေးရင် ထိတ်လန့်တတ်တဲ့လူတွေအတွက် ~~~
စနေသားသမီးဟာ ဒုတိယ ဘုန်းကံအကြီးဆုံး စနေသားဦးမွေးလို့ ဓါးထမ်းကျော်တဲ့မိဘတွေ စောစောသေကုန်ကြလေရဲ့ စနေနေ့မရှိခဲ့ရင် ရတနာ၃ပါးလည်းလောကမှာမရှိနိုင်တော့ဘူး
စနေနေ့ကို အကြောင်းပြုပြီး ရတနာ၃ပါးစုံတဲ့ ရတနာအခါတော်နေ့ပဲ
စနေနေ့ဟာ တနည်းအားဖြင့်ဓမ္မစက်စတည်တဲ့နေ စနေနေဟာ သိပ်မွန်မြတ်တဲ့နေ့ ဘုရားရတနာ ဗုဒ္ဓဟူးနေ့စပေါ်သည်
တရားရတနာနဲ့ သံဃာရတနာကတော့ စနေနေ့မှာစပေါ်တာ ဘုရားမွေးနေ့ သောကြာနေ့က အမြတ်ဆုံး ၆၄၇ရတာနာ၃ပါးက ၄၇၇ ဘုရားက
ဗုဒ္ဓဟူးနေ့ တရားနဲ့သံဃာက စနေနေ့စပေါ်ရပါတယ် ရတနာသုံးပါးပေါ်တဲ့နေ့တွေဟာ ၄၇၇ ရတနာ ရတနာကိုကောက်လည်း ၄၇၇ပဲနော် စနေနေ့ မရှိပဲ
တရားလည်းမရှိ နိုင် သံဃာရတနာလည်းမရှိနိုင် တရားနဲ့သံဃာမှ မရှိရင် ဘုရားပွင့်ခဲ့ကြောင်းလည်းမသိနိုင် ရတနာ၃ပါး နဲ့သာသနာကြီး ဆုံတွေ့ခွင့်ရတာ
ဒါကို သားဦးစနေမီးလိုမွှေဆိုပြီး ပေါက်ကရပြောသူက ရှိခဲ့တယ် ရဟန်းတော်တွေအားလုံးဟာ ဘုရားရဲ့ ဘာတွေလဲ သားတော်တွေ မဟုတ်ဘူးလား
သားတွေထဲက ဦးဆုံးသားကို ဘာလို့ခေါ် သားဦး လို့ခေါ်တယ်နော်ပထမဦးဆုံး စနေနေ့မှာ ဓမ္မစကြာတရားဦးဟောတော့ အရှင်ကောဏ္ဍည သောတာပန်တည်တယ်
ဘုရားထံမှာ ရဟန်းပြုခွင့်တောင်းတယ် သံဃာရတနာ အစဟာ ဗေဒင်ဆရာကပဲ ကောဏ္ဍည က ဗေဒင်ဆရာဘဝကလာတာလေ ရဟန်းတွေမှာ ပထမဆုံး သောတာပန်ရဟန်းက ဗေဒင်ဆရာကောဏ္ဍညပဲလေ ကောဏ္ဍည က ဘုရားအမျိုး သကျသာကီဝင် မျိုးနွယ်ပဲ
ပထမဆုံးရဟန်း ဟာ ဗေဒင်ဆရာဘဝက လာတယ်လို့ မှတ်ပါ။ တပုဿ နဲ့ဘလ္လိက ညီနောင်ဟာ လူပုဂ္ဂိုလ် အနေနဲ့ ဘုရားကို စပြီးဖူးရတာမှန်တယ်။ သူတို့ဟာ အရိယာမဖြစ်ဘူး ။
သရဏဂုံ ၂ပါး တည်သူ ကုန်သည်ညီနောင် က ရဟန်းမှမဖြစ်ပဲကို ဘုရားဖူးသက်သက်ပဲ ကို တကယ့်သားတော် ရဟန်းဟာ စနေနေ့စပေါ်တာလေ စနေသားဦး ပုထုဇဉ်ဘဝက အရိယာ ဖြစ်တော့ အလွန်မထူးသွားဘူးလား ဒါ့ကြောင့် စနေ သားဦး အလွန်ထူးတယ်။
ဖြူးဆရာတော်ဘုရားကြီး နရပတိ နေတက်ရေတက်မှာမွေးလို့ ဘယ့်သူ့ကိူမှ မီးလိုမမွှေသွားဘူးလေခေတ်အဆက်ဆက်က ရဟန္တာမထေရ်ကြီးတွေ သားဦးစနေတွေ များခဲ့ကြတယ် မိဘကိုရာသက်ပန် အိမ်ထောင်မပြုပဲရှာကျွေးနေသူတွေ လည်းများစွာတွေ့ရတယ်
စနေသားသမီးသားဦးမွေးတဲ့မိဘဟာ ကလေးက ဘုန်းအလွန်ကြီးတယ် အဲဒီမိဘတွေဟာ သီလမလုံဘူးဆိုရင် အကျင့် စရိုက်မပြည့်စုံရင် အဲမိဘတွေ လှိမ့်ခံရောပဲ
အမှန်တကယ်သားဦးစနေကလေးဟာ လောကကို အကျိုးပြုဖို့ရောက်လာတာ အကယ်၍ မိမိဓါးထမ်းကျော်ခဲ့သော ဤသားဦးစနေ ကလေးသည် အနာဂတ်၌ ရဟန္တာဖြစ်မယ့်သူဆိုရင် ဓါးထမ်းကျော်တဲ့မိဘ မတွေးဝံ့ဘူးနော်
စနေသားဦးမွေးရင် ကောင်းလားဆိူရင် ကောင်းတယ်။ အကောင်းကိုလွန်နေတာ ကောင်းတဲ့ဒဏ်မခံနိုင်ရင် သွားတာပဲ
လူ့ပြည်နဲ့ဗြဟ္မာ့ပြည် စတင်ဆက်သွယ်တဲ့နေ့ လည်း စနေနေ့ပါပဲ နတ်ဗြဟ္မာပေါင်း ၁၈ကုဋေ ကျွတ်တမ်းဝင်တဲ့နေ့ဟာလည်း စနေနေ့ပါပဲ
ဒီလောက်မွန်မြတ်တဲ့စနေနေ့ကို ဘာအထောက်ထားနဲ့ သားဦးစနေ မီးလိုမွှေလို့ပြောခဲ့သလဲ ရှေ့လူကြီးတွေဟာ အရူးတွေ များတယ်။
အကျိုး အကြောင်းဆီလျှော်စွာ မသုံးသပ် တတ် ပညာနည်းပါးကြတယ် ရှေ့ခေတ်က ရဟန်းနဲ့ပုဏ္ဏား ၂မျိုးသာလျှငိ ပညာကြွယ်ခဲ့ကြတယ် သူဆငိးရဲမျိုး၌ ပညာရှိအလွန်ရှားပါးခဲ့တယ် ရှေးစကားအမှားတွေ များစွာရှိတယ်
သူဆင်းရဲမျိုးတွေက အဲခေတ်တွေက ပညာမသင်နိုင်ဘူးလေ အဋ္ဌာရသ၁၈ရပ်ဆိုတာ မင်းညီမင်းသားတွေနဲ့သူကြွယ်သားသမီးတွေပဲသင်နိုင်တာလေ အဲဒီတော့ ပညာမတတ်တဲ့ခေတ်က ပြောခဲ့တဲ့ပေါက်လွတ်ပဲစား စကားတွေကို လက်မခံ ပဲပြင်ရမှာရှိရင်ပြင်ရမှာပဲ
စကားတိုင်းကိုမဆိုလို ဘူး နော် အမှားစကားတွေကိုတော့ ပြင်ကို ပြင်ရမယ်။ သားဦးစနေမီးလိုမွှေတဲ့ ဘယ်ကလေ ကဝက ပြောခဲ့တာပါလိမ့် စနေနေ့လောက် အကျိုးထူးများတဲ့နေ့ ကို စနေနေ့မရှိရင် ဗုဒ္ဓဘာသာလည်းမရှိ
အကိုတို့ဗုဒ္ဓဘာသာဖြစ်ခွင့်ရခဲ့တာ မဟာသက္ကရာဇ်၁၀၃ ဝါဆိုလပြည့် စနေနေ့ရဲ့ကျေးဇူးကင်းလို့လား …
ဗဟုသုတရစေရန်နှင့် အမှားမလုပ်မိစေရန်ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
Zawgyi
ဖြူးဆရာတော်ဘုရားကြီး နရပတိ နေတက်ရေတက်မှာမွေးလို့ ဘယ့်သူ့ကိုမှ မီးလိုမမွှေသွားဘူးလေခေတ်အဆက်ဆက်က ရဟန္တာမထေရ်ကြီးတွေ သားဦးစနေတွေ များခဲ့ကြတယ် မိဘကိုရာသက်ပန် အိမ်ထောင်မပြုပဲရှာကျွေးနေသူတွေ လည်းများစွာတွေ့ရတယ်