ယနေ့ ညနေ (၆) နာရီခန့် အချိန်တွင်မွန်ပြည်နယ် ၊ သထုံမြို့ ၊ မြေနီကုန်းကျေးရွာညီတော်နောင်တော်ဘုရား အနောက်လယ်ကွင်းရှိဆားချောင်း (တူးမြောင်း) အတွင်းခလေးငယ် (၄) ဦး ရေနစ်သေဆုံးခဲ့သည်ဟုသထုံခရိုင်မီးသတ်တပ်ဖွဲ့မှသတင်းရရှိခဲ့ပါသည် ။
သေဆုံးသူခလေးငယ်များမှာ ဝမ်းကွဲမောင်နှမများဖြစ်ပါသည် ။သေဆုံးသွားသည့်အမျိုးသမီးငယ် (၂) ဦး နှင့် အမျိုးသားခလေး(၂ဦး၏ရုပ်အလောင်းအားသထုံခရိုင်ဆေးရုံကြီးရင်ခွဲရုံသို့အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအသင်း ၊သထုံမြို့ကြက်ခြေနီအသင်း နှင့် သက်တန့်ရောင်စဉ်လူငယ်ပရဟိတနှင့်နာရေးကူညီမှုအသင်းတို့မှ သယ်ယူပို့ဆောင်ပေးခဲ့ပါသည်။
၂၀၂၀ မေ ၃၀ စနေနေ့ ။