ျပည္တြင္းသတင္း

စစ္ေတြၿမိဳ႕မွာေတြ႕ရွိခဲ့တဲ့ ဗိုင္းရပ္စ္ကူးစက္ခံ လူနာအမွတ္ ၄၃၉ ဟာ ဆယ္တန္းေက်ာင္းသူျဖစ္ေန

စစ္ေတြၿမိဳ႕မွာေတြ႕ရွိခဲ့တဲ့ ဗိုင္းရပ္စ္ကူးစက္ခံ လူနာအမွတ္ ၄၃၉ ဟာ ဆယ္တန္းေက်ာင္းသူျဖစ္ေန

စစ္ေတြၿမိဳ႕မွာေတြ႕ရွိခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ လူနာအမွတ္ ၄၃၉ ဟာ ဆယ္တန္းတက္ေရာက္ေနတဲ့ ေက်ာင္းသူတစ္ေယာက္ ျဖစ္တယ္လို႔ သိရွိရပါတယ္။

အ.ထ.က(၂) စစ္ေတြမွာ တက္ေရာက္ ပညာသင္ၾကားေနတဲ့ ဒီေက်ာင္းသူဟာ ျပည္တြင္းကူးစက္မႈကို ခံလိုက္ရတဲ့ လူနာေတြထဲမွာ တစ္ဦး အပါအဝင္ ျဖစ္ပါတယ္။

 

လက္ရွိမွာေတာ့ သူမနဲ႔ ထိေတြ႕မႈရွိခဲ့တဲ့ ဆရာ၊ ဆရာမေတြကို တာဝန္ရွိသူေတြက Quarantine ထားရွိၿပီး ေစာင့္ၾကည့္ စစ္ေဆးမႈေတြ ေဆာင္႐ြက္ေနၿပီလည္းျဖစ္ပါတယ္။

ေက်ာင္းေတြကို တစ္ပတ္ျခား တစ္ခါ ဖြင့္လွစ္ေနတာျဖစ္ၿပီး ေက်ာင္းေတြ ပိတ္လိုက္ၿပီးေတာ့မွ ဒီေက်ာင္းသူမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတာေတြ႕လို႔ ထိေတြ႕ခဲ့သူအေရအတြက္ကို အတည္ျပဳႏိုင္ဖို႔က အခက္အခဲေတြ ရွိေနပါတယ္။

ရခိုင္ျပည္နယ္မွာ ျပည္တြင္းကူးစက္မႈ အေရအတြက္ ျမင့္တက္လာတာေၾကာင့္ ေက်ာင္းေတြကို ယာယီပိတ္ထားလိုက္ရၿပီျဖစ္ၿပီး အခုေနာက္ပိုင္းမွာ ဗိုင္းရပ္စ္ ကူးစက္မႈေတြက ရခိုင္ျပည္နယ္က တျခားၿမိဳ႕ေတြျဖစ္တဲ့ ေျမာက္ဦးၿမိဳ႕၊ သံတြဲၿမိဳ႕တို႔မွာလည္း ျဖစ္ပြားေနၿပီ ျဖစ္ပါတယ္။

CreditZMedia

Unicode

စစ်တွေမြို့မှာတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာအမှတ် ၄၃၉ ဟာ ဆယ်တန်းကျောင်းသူဖြစ်နေ

စစ်တွေမြို့မှာတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာအမှတ် ၄၃၉ ဟာ ဆယ်တန်းတက်ရောက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်တယ်လို့ သိရှိရပါတယ်။

အ.ထ.က(၂) စစ်တွေမှာ တက်ရောက် ပညာသင်ကြားနေတဲ့ ဒီကျောင်းသူဟာ ပြည်တွင်းကူးစက်မှုကို ခံလိုက်ရတဲ့ လူနာတွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ဆရာ၊ ဆရာမတွေကို တာဝန်ရှိသူတွေက Quarantine ထားရှိပြီး စောင့်ကြည့် စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။

ကျောင်းတွေကို တစ်ပတ်ခြား တစ်ခါ ဖွင့်လှစ်နေတာဖြစ်ပြီး ကျောင်းတွေ ပိတ်လိုက်ပြီးတော့မှ ဒီကျောင်းသူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာတွေ့လို့ ထိတွေ့ခဲ့သူအရေအတွက်ကို အတည်ပြုနိုင်ဖို့က အခက်အခဲတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှု အရေအတွက် မြင့်တက်လာတာကြောင့် ကျောင်းတွေကို ယာယီပိတ်ထားလိုက်ရပြီဖြစ်ပြီး အခုနောက်ပိုင်းမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေက ရခိုင်ပြည်နယ်က တခြားမြို့တွေဖြစ်တဲ့ မြောက်ဦးမြို့၊ သံတွဲမြို့တို့မှာလည်း ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။

CreditZMedia