ပါရာစီတမော သောက်တော့မယ့်ဆိုရင် သတိထားရှောင်ကျဉ်သင့်သည့်အရာများ
အခုပြောပြပေးမဲ့ အကြောင်းရာကတော့ ပါရာစီတမော “Paracetamol” အကြောင်းပဲ ဖြစ်ပါတယ် ။ပါရာစီတမောကို ဆရာဝန် ညွှန်ကြားမှု မရှိပဲ အလွယ်တကူ ဝယ်သောက်နေသူများ များပြားလာပါပြီ ။ နေမကောင်းလို့ သောက်တယ် ၊ ခေါင်းမူးလို့ သောက်တယ် ၊ ညောင်းညာကိုက်ခဲလို့ သောက်တယ် ၊ ဗိုက်အောင့်လို သောက်ကြတယ် ။ အကြောင်း အမျိူးမျိူးနဲ့ သောက်သုံး နေတာကို တွေ့ရပါတယ် ။တကယ်တော့ ပါရာစီတမောဆိုတာ အဆိပ်တက်စေတဲ့ ဆေးဝါးပါ ။ နောက်ပြီးတော ကမ္ဘာကျော် အနာကျင် ပျောက်ဆေး တစ်မျိူးပါ ။
သူ့ကို သည်းခြေမှ အစာခြေ ရည်များက ဖြိုဖျက်လိုက်တဲ့ အခါမှာ သေစေတဲ့ အဆိပ် အင်ဇိုင်းများကို ထွက်ပေါ် စေပါတယ် ။အဲ့ဒီအဆိပ် ပမာဏဟာ ကဖိန်းနဲ့ တွေ့တဲ့အခါအဆိပ် အင်အားကို ၃ ဆအထိ မြင့်တက်သွားစေပါတယ် ။ အဲ့ဒါကြောင့် ပါရာစီတမောကို ကော်ဖီနဲ့ တွဲမသောက်သင့်ပါဖူး ။ အသဲကို ပျက်စီးစေတတ်ပါတယ် ။ဘာလို့လဲဆိုရင် ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ကြောင့်လို့ သိပ္ပံပညာရှင်များက ဆိုထားတယ်လို့ သိရပါတယ် ။ မကြာခဏ သောက်ဖြစ်နေတယ် ဆိုရင်တော့ သေတဲ့အထိ ဖြစ်စေနိုင်တယ်လို့ ပြောထားပါတယ် ။ အဲ့ဒါကို တော်တော်များများက နေမကောင်းဖြစ်လို့ အစာစားချင်စိတ် မရှိတဲ့အခါ အူငြိမ်အောင်ဆိုပြီး ကော်ဖီတိုက်လေ့ ရှိပါတယ် ။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ အဲ့လိုမျိုးတွေ ညတွေ့ဖူးမှာပါ ။ အရင်က ကျမကိုယ်တိုင် အဲ့လိုမျိူး သောက်ခဲ့ဖူးပါတယ် ။ ဆေးသောက်တဲ့အခါ အစာမရှိရင် ပိုဆိုးမှာစိုးလို့ ကော်ဖီနဲ့ဆေးကို တွဲပြီး သောက်လေ့ ရှိပါတယ် ။ပါရာစီတမောမှ မဟုတ်ပါဘူး ဘယ်ဆေးကိုမဆို ကော်ဖီနဲ့ တွဲမသောက်ဖို့ အတတ်နိုင်ဆုံး ရှောင်တာ ကောင်းပါတယ်နော် ။ အဲ့လိုဆိုတိုင်းလည်း ကော်ဖီသောက်တာ ရပ်ဖို့ မလိုအပ်သလို ပါရာစီတမော သောက်တာလည်း စွန့်လွှတ်ဖို့ မလိုအပ်ပါဖူး ။ အတူ တွဲမသောက်ဖို့ပဲ လိုအပ်တာပါ ။နောက်တစ်ခုက ပါရာစီတမောနဲ့ ကိုကာကိုလာ မတည့်ဘူး ဆိုတာလည်း သိကြမှာပါနော် ။
သေစေတဲ့အထိ ဖြစ်စေပါတယ်ရှင့် ။ ပါရာစီတမောကို အလွန်အကျွံ သောက်မိရင် အသည်း ပျက်စီးစေပြီးသေစေနိုင်ပါတယ် ။ဒီလိုပဲ အရက်နဲ့ တွဲသောက်မိရင်လည်း အသည်းကို ပျက်စီးစေတဲ့အထိ သေနိုင်ပါတယ် ။ ပါရာစီတမောကို တာရှည်သုံးစွဲရင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးစေတတ်ပြီး သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းများလည်း ဖြစ်စေနိုင်ပါတယ် ။ ဒါကိုလည်း သိထားသင့်ပါတယ် ။ပါရာစီတမောရဲ့ အန္တရာယ် ရှိပေမယ်လို့ ကောင်းကျိုးကတော့ သားအိမ် ကင်ဆာကို လျော့ပါးစေတယ် ဆိုတာလည်း တွေ့ရှိထားပါတယ် ။ သုတေသီတွေ တွေ့ရှိချက်အရ ပါရာစီတမော သောက်သုံးနေတဲ့ အမျိူးသမီးများမှာ သားအိမ်ကင်ဆာ အန္တရာယ်ဖြစ်ဖို့ ၃၀% ပိုနည်းပါးတာ တွေ့ရပါတယ်တဲ့ ။အရာအားလုံးမှာ ဆိုးကျိူးရှိသလို ကောင်းကျိုး ဆိုတာလည်း ရှိတတ်ကြတာပါပဲ ။ ဒါပေမဲ့ ပါရာစီတမောမှ မဟုတ်ပါဘူး ဘယ်ဆေးဝါးကိုမဆို တာရှည်သုံးစွဲရင် မကောင်းဖူးဆိုတာ သိထားကြဖို့ လိုအပ်ပါတယ်နော် ။
မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။
Zawgyi