အလွပေရးရာ

အခြေအနေ အရမ်းဆိုးနေတဲ့ ဝက်ခြံတွေကို သက်သာသွားစေမယ့် သဘာဝပေါင်းတင်နည်း (၄)မျိုး

အခြေအနေ အရမ်းဆိုးနေတဲ့ ဝက်ခြံတွေကို သက်သာသွားစေမယ့် သဘာဝပေါင်းတင်နည်း (၄)မျိုး

ပျိုမေတို့ အသားအရေ ထိန်းသိမ်းမှု လုပ်တဲ့အခါ ထိန်းသိမ်းရ အခက်ဆုံးက ထိခိုက် လွယ်တဲ့အသားအရေလို့ ထင်တတ် ကြ ပါ တယ် ။

တကယ်တော့ ထိခိုက် လွယ်တဲ့ အသားအရေထက် ပိုဆိုးတာ ရှိ ပါ တယ် ။ အဲ့ဒါကတော့ အမြဲတမ်း ဝက်ခြံထွက် တတ်တဲ့ အသားအ ရေပါ။

ဘာ skin care ပဲ သုံးသုံး ဝက်ခြံ ထွက်တတ်လို့ ၊ မျက်နှာပေါင်းတင် ရင်လည်း ဝက်ခြံထွက်တတ်လို့ ဘာမှ မထိရဲလောက်အောင်ပါ

အဲ့ဒီလို ဝက်ခြံ အမြဲ မပြတ်တဲ့ အသားအ ရေ ပိုင်ရှင်တွေ အတွက် ဝက်ခြံတွေကို လုံးဝ ပျောက်သွား စေ ပြီး

ဝက်ခြံ အမာရွတ် တွေ ကို ပါ ပျောက်စေ နိုင်တဲ့ သဘာဝ ပေါင်းတင် နည်းလေးတွေကို ဖော်ပြ လိုက် ပါ တယ် ။

( ၁ ) ဒိန်ချဉ် ၊ နနွင်းပေါင်းတင်နည်း

ဒိန်ချဉ် သုံးဇွန်း ၊ ဆန်မှုန့် နှစ်ဇွန်းနဲ့ နနွင်း တစ်ဇွန်းတို့ကို သမ အောင် ရောမွှေပြီး ဘရပ်ရှ်လေးနဲ့ မျက်နှာအနှံ့ခပ်ထူထူလေးလိမ်းပေးလိုက်ပါ။

မိနစ်နှစ်ဆယ်လောက်ထားပြီး ရေ အေးနဲ့မျက်နှာသစ်ပေးပါ။ပြီးရင် သုံးနေကျ တိုနာလေး လိမ်းပေး လိုက်ရုံ ပါပဲ

တစ်ပတ်ကို နှစ်ခါ လုပ်ပေးရုံနဲ့ ဝက်ခြံတွေလုံးဝသက်သာသွားပြီး အမာရွတ်တွေလည်း မှေးမှိန် သွားပါလိမ့်မယ်။

( ၂ ) သစ်ကြမ်းပိုး ၊ ပျားရည် ပေါင်းတင်နည်း

သစ်ကြမ်းပိုးမှုန့် နှစ်ဇွန်း နဲ့ ပျားရည်နှစ်ဇွန်းကို ရောကာ မျက်နှာအနှံ့ လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက် ထားပေးပါ။

မျက်နှာသစ်ပြီး ခြောက်သွားအောင် ထားပေး လိုက်ပါ။

ဒီနည်းလမ်းကို တစ်ပတ်မှာ သုံးခါလောက် လုပ်ပေးလိုက်ရုံနဲ့ ဝက်ခြံတွေကို သက်သာ စေ ပြီး

နောက် ပိုင်း မှာ လည်း ဝက်ခြံတွေမဖြစ်တော့အောင် တားဆီး ပေး နိုင် ပါ တယ် ။

( ၃ ) ရှားစောင်းလက်ပပ် ၊ လက်ဖက်ဆီ ပေါင်းတင်နည်း

ရှားစောင်းလက်ပပ် အတွင်းသားကို ယူပြီး လက်ဖက်ဆီ နှစ်စက် ၊ သုံးစက် လောက် ထည့် မွှေ လိုက် ပါ

ဘရပ်ရှ် လေး နဲ့ မျက်နှာ အနှံ့ လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက် ကြာတဲ့အခါ ရေ နွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။

တစ်ပတ် သုံးခါ လောက်လုပ်ပေး လိုက်မယ်ဆို ရင် ဝက်ခြံအမာရွတ်တွေ လုံးဝ ပျောက်သွားပြိး ဝက်ခြံတွေလည်း သက်သာ လာ ပါ လိမ့် မယ်။

( ၄ ) ကြက်ဥအကာ ၊ သံပရိုရည် ပေါင်းတင်နည်း

ကြက်ဥ အကာတစ်လုံး ၊ သံပရိုရည်တစ်ဇွန်းနဲ့ ပျားရည် ဇွန်းတစ်ဝက်တို့ကို ရောမွှေပါ။

ရလာတဲ့ အနှစ်ကို မျက်နှာအနှံ့လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက်ကြာရင် ရေအေးနဲ့ မျက်နှာ သစ်ပေးလိုက်ပါ။

တစ်ပတ်မှာ နှစ်ခါလောက် လုပ်ပေးရုံနဲ့ ဝက်ခြံတွေ သက်သာလာပြီး မျက်နှ ာအသားအရေ နူးညံ့ လာ ပါ လိမ့် မယ် ။

Credit : MAY THAZINHTOO

အေျခအေန အရမ္းဆိုးေနတဲ့ ဝက္ၿခံေတြကို သက္သာသြားေစမယ့္ သဘာဝေပါင္းတင္နည္း (၄)မ်ိဳး

ပ်ိဳေမတို႔ အသားအေရ ထိန္းသိမ္းမႈ လုပ္တဲ့အခါ ထိန္းသိမ္းရ အခက္ဆုံးက ထိခိုက္ လြယ္တဲ့အသားအေရလို႔ ထင္တတ္ ၾက ပါ တယ္ ။

တကယ္ေတာ့ ထိခိုက္ လြယ္တဲ့ အသားအေရထက္ ပိုဆိုးတာ ရွိ ပါ တယ္ ။ အဲ့ဒါကေတာ့ အၿမဲတမ္း ဝက္ၿခံထြက္ တတ္တဲ့ အသားအ ေရပါ။

ဘာ skin care ပဲ သုံးသုံး ဝက္ၿခံ ထြက္တတ္လို႔ ၊ မ်က္ႏွာေပါင္းတင္ ရင္လည္း ဝက္ၿခံထြက္တတ္လို႔ ဘာမွ မထိရဲေလာက္ေအာင္ပါ

အဲ့ဒီလို ဝက္ၿခံ အၿမဲ မျပတ္တဲ့ အသားအ ေရ ပိုင္ရွင္ေတြ အတြက္ ဝက္ၿခံေတြကို လုံးဝ ေပ်ာက္သြား ေစ ၿပီး

ဝက္ၿခံ အမာ႐ြတ္ ေတြ ကို ပါ ေပ်ာက္ေစ ႏိုင္တဲ့ သဘာဝ ေပါင္းတင္ နည္းေလးေတြကို ေဖာ္ျပ လိုက္ ပါ တယ္ ။

( ၁ ) ဒိန္ခ်ဥ္ ၊ နႏြင္းေပါင္းတင္နည္း

ဒိန္ခ်ဥ္ သုံးဇြန္း ၊ ဆန္မႈန႔္ ႏွစ္ဇြန္းနဲ႔ နႏြင္း တစ္ဇြန္းတို႔ကို သမ ေအာင္ ေရာေမႊၿပီး ဘရပ္ရွ္ေလးနဲ႔ မ်က္ႏွာအႏွံ႔ခပ္ထူထူေလးလိမ္းေပးလိုက္ပါ။

မိနစ္ႏွစ္ဆယ္ေလာက္ထားၿပီး ေရ ေအးနဲ႔မ်က္ႏွာသစ္ေပးပါ။ၿပီးရင္ သုံးေနက် တိုနာေလး လိမ္းေပး လိုက္႐ုံ ပါပဲ

တစ္ပတ္ကို ႏွစ္ခါ လုပ္ေပး႐ုံနဲ႔ ဝက္ၿခံေတြလုံးဝသက္သာသြားၿပီး အမာ႐ြတ္ေတြလည္း ေမွးမွိန္ သြားပါလိမ့္မယ္။

( ၂ ) သစ္ၾကမ္းပိုး ၊ ပ်ားရည္ ေပါင္းတင္နည္း

သစ္ၾကမ္းပိုးမႈန႔္ ႏွစ္ဇြန္း နဲ႔ ပ်ားရည္ႏွစ္ဇြန္းကို ေရာကာ မ်က္ႏွာအႏွံ႔ လိမ္းေပးၿပီး ဆယ့္ငါးမိနစ္ေလာက္ ထားေပးပါ။

မ်က္ႏွာသစ္ၿပီး ေျခာက္သြားေအာင္ ထားေပး လိုက္ပါ။

ဒီနည္းလမ္းကို တစ္ပတ္မွာ သုံးခါေလာက္ လုပ္ေပးလိုက္႐ုံနဲ႔ ဝက္ၿခံေတြကို သက္သာ ေစ ၿပီး

ေနာက္ ပိုင္း မွာ လည္း ဝက္ၿခံေတြမျဖစ္ေတာ့ေအာင္ တားဆီး ေပး ႏိုင္ ပါ တယ္ ။

( ၃ ) ရွားေစာင္းလက္ပပ္ ၊ လက္ဖက္ဆီ ေပါင္းတင္နည္း

ရွားေစာင္းလက္ပပ္ အတြင္းသားကို ယူၿပီး လက္ဖက္ဆီ ႏွစ္စက္ ၊ သုံးစက္ ေလာက္ ထည့္ ေမႊ လိုက္ ပါ

ဘရပ္ရွ္ ေလး နဲ႔ မ်က္ႏွာ အႏွံ႔ လိမ္းေပးၿပီး ဆယ့္ငါးမိနစ္ေလာက္ ၾကာတဲ့အခါ ေရ ေႏြးေလးနဲ႔ မ်က္ႏွာသစ္ေပးလိုက္ပါ။

တစ္ပတ္ သုံးခါ ေလာက္လုပ္ေပး လိုက္မယ္ဆို ရင္ ဝက္ၿခံအမာ႐ြတ္ေတြ လုံး၀ ေပ်ာက္သြားၿပိး ဝက္ၿခံေတြလည္း သက္သာ လာ ပါ လိမ့္ မယ္။

( ၄ ) ၾကက္ဥအကာ ၊ သံပ႐ိုရည္ ေပါင္းတင္နည္း

ၾကက္ဥ အကာတစ္လုံး ၊ သံပ႐ိုရည္တစ္ဇြန္းနဲ႔ ပ်ားရည္ ဇြန္းတစ္ဝက္တို႔ကို ေရာေမႊပါ။

ရလာတဲ့ အႏွစ္ကို မ်က္ႏွာအႏွံ႔လိမ္းေပးၿပီး ဆယ့္ငါးမိနစ္ေလာက္ၾကာရင္ ေရေအးနဲ႔ မ်က္ႏွာ သစ္ေပးလိုက္ပါ။

တစ္ပတ္မွာ ႏွစ္ခါေလာက္ လုပ္ေပး႐ုံနဲ႔ ဝက္ၿခံေတြ သက္သာလာၿပီး မ်က္ႏွ ာအသားအေရ ႏူးညံ့ လာ ပါ လိမ့္ မယ္ ။

Credit : MAY THAZINHTOO