ကံထူးကြပါစေဗျာ….
ပွဲပြင်ရန်….
ဘုရားပင့်
ပထမံဆရာကြီးပင့်
မြင့်
unicode
၃ လုံး Live ကြည့်ရန် ရှယ်ထားနော်
ကံထူးကြပါစေဗျာ….
ကျွန်မသည် မှတ်စုထုတ်ပြီး စာကျက်တတ် သည့် ဝါသနာရှိသကဲ့သို့ လက်လှမ်းမီသည့် စာအုပ် များမှ စာကောင်းပေမွန်များ၊ မှတ်သားစရာ စာပေ များကိုလည်း ထုတ်နှုတ်၍ မှတ်သားထားလေ့ရှိပါ သည်။
ဤစာမွန်များကို ပြန်ဖတ်ကြည့်သည့်အခါ ကျင့်စဉ်ကောင်းတစ်ခုကို တွေ့ရသည်။ကျွန်မ ရေး ကူးထားသည်မှာ အလွန်ပင် ကြာလှပြီဖြစ်သည်။
နောက်ပိုင်း ကျွန်မဖတ်သမျှ စာအုပ်တွေထဲ တွင် ဤကျင့်စဉ်ကို မတွေ့ရသဖြင့် ကျင့်စဉ်ကောင်း တစ်ခု တိမ်မြှုပ်သွားမည်ကို စိုးရိမ်မိ၍ မသိရှိ သေးသူများ ကျင့်ကြံအားထုတ်နိုင်ရန် ပြန်လည် ဖော်ပြလိုက်ပါသည်။
၁။ မြတ်စွာဘုရားကို နေ့စဉ်မပြတ် ရှိခိုး၊ ငါးပါးသီလ ခံယူ။ တန်ခိုးကြီးသော နတ်ကြီးဝိဇ္ဇာကြီးများကို မေတ္တာပို့၊
၂။ ၁၀၈ လုံးပုတီးဖြင့် နေ့စဉ် ဂုဏ်တော် ကိုးပါး သုံးပတ်စိပ်(သို့) ကိုးပတ်စိပ်။
၃။ သမ္ဗုဒ္ဓေဂါထာတော်ကြီးနှင့် ဖော်ပြပါ ဝိဇ္ဇာဓိုရ်ဇပ္ပနဂါထာတော်ကြီးကို တတ်နိုင်သရွေ့ သုံးကြိမ်ဖြစ်စေ ကိုးကြိမ်ဖြစ်စေရွတ်။
၄။ ဝိဇ္ဇာဆရာကြီးများထံ ထီပေါက်စေသော ဇပ္ပနကျင့်စဉ်ကို တောင်းခံ၍ နေ့စဉ်မပြတ် ဝိဇ္ဇာဆရာကြီးများ ရေစင်ကို အိပ်ရာဝင်တိုင်းသောက်ရမည်။
၅။ ထီပေါက်နည်းလမ်းစဉ် အားထုတ်နေခိုက် သားကြီးငါးကြီး ရှောင်။
ပွဲပြင်ရန်….
ငှက်ပျော သုံးဖီး၊ အုန်း တစ်လုံး၊ ဖယောင်း တိုင်ကိုးတိုင်၊ အမွှေးတိုင်ကိုးတိုင်၊ ပွဲနှစ်ပွဲပြင်။ (ဘုရား တစ်ပွဲ၊ ဝိဇ္ဇာဓိုရ်ကြီးများတစ်ပွဲ) ပန်းအိုးတစ်လုံးစီထား၊ ပန်းကိုးပွင့်စီထိုး၊ ဘုရားသောက်တော်ရေတစ်ခွက်၊ ဝိဇ္ဇာကြီးများတစ်ခွက်ကပ်ရမည်။ပွဲမတတ်နိုင်လျှင်ရေစင် နှစ်ခွက်နှင့်ပင်ပညာခံ၍စည်းကမ်းအတိုင်း ဆောင်ရွက်ပါ။
ဘုရားပင့်
ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ပါရမီ တော်အနန္တ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူ သော လောကသင်းကျစ်၊ ဓမ္မရာဇ်ထွတ်ထား၊ သဗ္ဗ ညုမြတ်စွာဘုရား၊ အရှင်မြတ်ကို ရည်မှန်း၍၊ စိတ် သဒ္ဓါတပ်ပြီးလျှင် ဒါယကာ(သား×××)(သမီး×××)တို့က သဒ္ဓါပုဗ္ဗင်္ဂမတရား ရှေ့ထားလျက် (အုန်း၊ ငှက်ပျော၊ ဖယောင်း၊ ဆီမီး၊ ပန်း)တို့နှင့်တကွ အရှင်ဘုရားအား ပူဇော်၍ ထူးကဲမြင့်မြတ် ဇပ္ပနပညာအရပ်ရပ်များကို ခံယူပါသည်။
(ပွဲမတတ်နိုင်လျှင် ရေလှူပါ)
တပည့်တော်အား အစဉ်သနားမေတ္တာပွား လျက် နောက်ဘဝကံကောင်း ပစ္စည်းဆက်ကြောင်း ဖြစ်သော ဇပ္ပနလမ်းတို့ ညွှန်ကြားတော်မူပါရန် ဤအ ရပ်၊ ဤဌာနသို့ ကိုယ်တော်တိုင် လှမ်းကြွ၍ သီတင်း သုံးပါမည့်အကြောင်း ညွတ်ပြောင်းရိုကျိုး လက်စုံမိုး၍ ရှိခိုးပင့်လျှောက်ပါသည် အရှင်သူမြတ်ဘုရား။
ပထမံဆရာကြီးပင့်
ထွက်ရပ်လမ်းတွင် ကမ်းတစ်ဖက်ရောက် ကူးမြောက်ပြီးကာ ဝိဇ္ဇာအမျိုး တန်ခိုးကြီးမားထင်ရှား ကြေညာ ဝိဇ္ဇာတကာတို့၏ ဆရာဖြစ်တော်မူသော အရှင်စမ ဝိဇ္ဇာဆရာကြီးဘုရား။
ပထမံဆရာကြီးကိုရည်မှန်း၍ စိတ်သဒ္ဓါကပ် ပြီးလျှင် ဒါယကာ(××× သား)(×××သမီး)မှ သဒ္ဓါပုဗ္ဗင်္ဂမ တရားရှေ့ထား၍(ငှက်ပျော၊ အုန်း၊ ဆီမီး၊ ဖယောင်း တိုင်၊ ပန်း)တို့နှင့်တကွ ပထမံဆရာကြီးအားပူဇော်၍ ပစ္စည်းဥစ္စာ ရတနာအထွေထွေကို ပြုပြင်နိုင်သော ဓနသိဒ္ဓိဇပ္ပနလမ်းကို ခံယူပါသည်။
တပည့်များကို အစဉ်သနား မေတ္တာပွားလျက် ဓနသိဒ္ဓိဇပ္ပနလမ်းကို ချီးမြှောက်တော်မူပါရန် ဤအရပ် ဤဌာနသို့ ကိုယ်တော်တိုင်ကြွရောက်၍ သီတင်းသုံးတော်မူပါမည့်အကြောင်း ပင့်လျှောက်အပ်ပါသည်။ ပထမံဆရာကြီး ဘုရား။
ဘုရားရှိခိုး၊ ငါးပါးသီလခံယူ၊ ဂုဏ်တော်ကိုး ပါးကို မိမိတတ်နိုင်သရွေ့စိပ်၊ သုံးပတ်(သို့) ကိုးပတ် စိပ်။ နတ်ကြီးဝိဇ္ဇာကြီးများနှင့် ရှိရှိသမျှ ဒေဝတာ အပေါင်း နတ်မြတ်နတ်ကောင်းတို့ကို မေတ္တာပို့သရမည်။
“အကျွန်ုပ်သည် ဤနေ့ဤအချိန်ဤအခါမှ စ၍ ကိုးရက်အတွင်း နေ့စဉ်မပြတ် ဘုရားရှိခိုးဝတ် တတ်ပါမည်။ ငါးပါးသီလကို နေ့စဉ်မပြတ် ခံယူ ဆောက်တည်ပါမည်၊ တစ်နေ့လျှင် ဂုဏ်တော် သုံး ပတ်၊ ကိုးပတ်မှန်မှန်စိပ်ပါမည်။ သမ္ဗဒ္ဓေဂါထာတော်ကြီးနှင့် ဇပ္ပနဂါထာတော်ကြီးကို ကိုးခေါက်စီ ရွတ်ဆိုပါမည်။
ဤသို့ မပျက်မကွက် ဆောက်တည်ရသော သမ္မာဒါန ကောင်းမှုကံကြောင့် ယခုသောက်ရန် သုံးစွဲ မည့် ပြန်သော ရေစင်ကောင်းသည် လွန်မင်းသော တန်ခိုးအာနိသင်တို့နှင့် ပြည့်စုံလှ၏။ ဓနသိဒ္ဓိဇပ္ပန လမ်းကို ရပါစေသတည်း။
ကိုးရက်အတွင်း မြတ်စွာဘုရားနှင့်တကွ နတ် ကြီးဝိဇ္ဇာကြီးတို့က ကျွန်ုပ်၏သစ္စာ မပျက်မကွက်ပါလျှင် ထင်ရှားစွာ ပြတော်မူပါစေသတည်း။ ဂါထာ ထပ်ရွတ်ရန်။
ဓနသိဒ္ဓိဇပ္ပနဂါထာတော်
သြောင်း သြောင်း သဗ္ဗဇော်ဂျီ၊ သဗ္ဗတပဿီ သဗ္ဗဝိဇ္ဇာဒူရီတယဒဿ၊ ဝိသာလံဟောတိ၊ မဟိဒ္ဓိ ကာနာနာရူပံ၊ နာနာသိပ္ပံ၊ နာနာဣစ္ဆံ၊ နာနာမန္တံ၊ နာနာစိန္တံ၊ နာနာလာဘံ၊ နာနာဘောဂံ၊ နာနာကမ္မံ၊ နာနာဘာသာယံ၊ နာနာသိဒ္ဓိယံ၊ နာနာအဂ္ဂိယံ၊ နိပ္ဖာ ဒေန္တု၊ ယံယံဣုစ္ဆာသ မိဇ္ဈန္တု သြောင်း သြွမံသြွမံ။