Jasmine (Mckzone Daily)
စိတ်ဓာတ် ကျ ပြီး ကိုယ့်ကိုယ် ကိုဓာတ်ဆီ နှင့်လောင်ပြီး မီးရှို ့သတ်သေ ခဲ့တဲ့ အမျိုးသမီး
ထို င်းနိုင်ငံ ဘန်ကောက်မြို့မှာနေထိုင်တဲ့အမျိုးသမီးဟာ July 30 ရက်နေ့မှာ ကိုယ့်ကိုဓာတ်ဆီနှင့်လောင်းချကာ မီးရှို ့သတ်သေမှုဖြစ်ပွားခဲ့ပါတယ် ။သတင်းဖော်ပြချက်အရ သူမဟာ online ပေါ်မှာ အဝတ်အစားများနှင့်အခြားပစ္စည်းများရောင်းချပါတယ် ။သူမဟာအသက် 32နှစ်အရွယ်ဖြစ်ပြီး 4နှစ်အရွယ်သားတစ်ဦးရှိကာ စိတ်သဘောထားကောင်းပြီးတက်ကြွသူတစ်ဦးဖြစ်ပါတယ် ။ပြီးခဲ့တဲ့နှစ်က သူမရဲ့ခင်ပွန်းဟာ သူမကိုကွာရှင်းလိုက်တဲ့ချိန်မှာတော့ သူမဟာတော်တော်လေးပြောင်းလဲသွားခဲ့ပါတယ် ။အဲ့ဒီနောက်မှာတော့ သူမဟာအိမ်အပြင်သိပ်မထွက်တော့ဘဲ အခြားသောသူများနှင့်လည်းစကားပြောဆိုခြင်းမျိုးမရှိတော့ပါဘူး ။
မိခင်ဖြစ်သူနှင့် စကားများပြီးနောက်မှာတော့ သူမ၏အဘွားအိမ်တွင်သွားရောက်နေထိုင်ခဲ့ပါတယ် ။သူမဟာ အရင်ကတည်းကလည်း ကိုယ့်ကိုသတ်သေရန်အကြိမ်များစွာကြိုးစားခဲ့ဖူးပြီး ဘုရားကျောင်းရဲ့မီးသင်္ဂြိုလ်တဲ့နေရာမှာ ကိုယ့်ကိုသတ်သေရန်နှစ်ကြိမ်လောက်ကြိုးစားခဲ့ဖူးပေမဲ့ လူအများကသူမကိုတားမြစ်ခဲ့ရပါတယ် ။
သူမဟာအခြားကိစ္စရပ်များနှင့်လည်း ဒုက္ခရောက်နေခဲ့ပြီး ခင်ပွန်းဟောင်းဖြစ်သူကိုလည်းမမေ့နိုင်ဘဲ ချစ်နေသေးတဲ့အတွက် နည်းလမ်းရှာမတွေ့နိုင်တော့ဘဲ ကိုယ့်ကိုသတ်သေရန်ကြိုးစားခဲ့ခြင်းဖြစ်ပါတယ် ။သူမ၏အသက် 89နှစ်အရွယ် အဘွားဖြစ်သူမှာလည်း မြေးမလေးဟာ 2ရက်သာနေရန်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၊ မည်သူနှင့်အငြင်းအခုံဖြစ်လာခဲ့လဲဆိုတာ မသိကြောင်း ၊ သူမကိုလည်းမေးခွန်းများမမေးခဲ့မိကြောင်း ပြောပြခဲ့ပါတယ် ။ပတ်ဝန်ကျင်အနီးနားကလူတွေကတော့ အဘွားဖြစ်သူကို သူမဟာကိုယ့်ကိုသတ်သေဖူးတဲ့သူဖြစ်ကြောင်း သတိပေးခဲ့ကြပါတယ် ။
July 30ရက်နေ့မှာတော့ သူမအိမ်အပြင်ထွက်သွားခဲ့တာကို အဘွားဖြစ်သူက မြင်တွေ့ခဲ့ပါတယ် ။ အဘွားဖြစ်သူအိမ်ပြန်ရောက်လာချိန်မှာတော့ 5လီတာဓာတ်ဆီဘူးကိုတွေ့ရှိခဲ့လို့ အိမ်အနောက်ဖက်သို့ သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ ကြမ်းပြင်ပေါ်တွင် မီးလောင်ကျွမ်းပြီး မည်းတူးနေတဲ့မြေးဖြစ်သူ တွေ့ရှိခဲ့ပါတယ် ။
အိမ်နီးချင်းများကသူမကို ကူညီပေးခဲ့ကြပြီး ရဲခေါ်ကာ၊ အရေးပေါ်ကားလည်းခေါ်ပေးခဲ့ကြပါတယ် ။သူမခန္ဓာကိုယ်ရဲ့ 60% ဟာမီးလောင်ကျွမ်းခဲ့ပြီး July 31 ရက်နေ့ မနက် 4နာရီမှာ ဆုံးပါးသွားခဲ့ပါတယ် ။ သူမမိခင်၏ပြောပြချက်အရ သူမဟာငွေရေးအခက်အခဲရှိနေ၍ သူငယ်ချင်းထံမှငွေများချေးငှါးထားခဲ့ကြောင်း
သူမရောင်းချတဲ့ပစ္စည်းများဟာလည်း ပြသာနာရှိနေ၍ ရဲအရာရှိများ၏ခေါ်ယူစစ်ဆေးခြင်းကိုခံနေရကြောင်း ပြောပြခဲ့ပါတယ် ။အရင်ချိန်တုန်းကလည်း သူမဟာအကြိမ်ကြိမ်သတ်သေရန်ကြိုးစားခဲ့ဖူးပြီး မိသားစုဝင်များကသူမယခုကဲ့သို့ထပ်မံပြုလုပ်လိမ့်မယ်လို့ မထင်ထားမိခဲ့ကြောင်း ပြောပြသွားခဲ့ပါတယ် ။
အိမ်နီးချင်းများကသူမကို ကူညီပေးခဲ့ကြပြီး ရဲခေါ်ကာ၊ အရေးပေါ်ကားလည်းခေါ်ပေးခဲ့ကြပါတယ် ။သူမခန္ဓာကိုယ်ရဲ့ 60% ဟာမီးလောင်ကျွမ်းခဲ့ပြီး July 31 ရက်နေ့ မနက် 4နာရီမှာ ဆုံးပါးသွားခဲ့ပါတယ် ။ သူမမိခင်၏ပြောပြချက်အရ သူမဟာငွေရေးအခက်အခဲရှိနေ၍ သူငယ်ချင်းထံမှငွေများချေးငှါးထားခဲ့ကြောင်း ၊ သူမရောင်းချတဲ့ပစ္စည်းများဟာလည်း ပြသာနာရှိနေ၍ ရဲအရာရှိများ၏ခေါ်ယူစစ်ဆေးခြင်းကိုခံနေရကြောင်း ပြောပြခဲ့ပါတယ် ။အရင်ချိန်တုန်းကလည်း သူမဟာအကြိမ်ကြိမ်သတ်သေရန်ကြိုးစားခဲ့ဖူးပြီး မိသားစုဝင်များကသူမယခုကဲ့သို့ထပ်မံပြုလုပ်လိမ့်မယ်လို့ မထင်ထားမိခဲ့ကြောင်း ပြောပြသွားခဲ့ပါတယ် ။
Jasmine (Mckzone Daily)