လအိမ်ဖွဲ့ခြင်း။ သီတင်းကျွတ်လဆန်း ၈ ရက်။ညဦးယံ ကာလ။
နေ့ရက်အရ အိမ်ရှေ့မင်း သို့မဟုတ် ဒုတိယမြောက် မင်းစိုးရာ ဇာ၊အဖွဲ့အစည်း ကောင်းမြတ်တင့်တယ်ခြင်း မုချဖြစ်အံ့။
ကောင်းကင်ဂြိုလ်နေအရ ကြာသပတေးဂြိုလ်နှင့်တိုက်ရိုက်ပတ်သက်၏။ စိုးမိုးနေသော မင်းစိုးရာဇာ ထိခိုက်ပျက်စီးတတ်၏။
အံ့။စနေဂြိုလ်နှင့် ပတ်သက်မှုရှိနေ၏။ စိုက်ခင်းသီးနှံတို့ပျက်စီးတတ်၏။လကို ဂြိုလ်နှစ်လုံးပူးယှဥ်နေ၏။ စစ်မက်ဖြစ်တတ်။စစ်ပွဲပြင်းထန်လာတတ်။နှစ်ထပ်စက်ဝန်းသဏ္ဍန်ရှိ၏။
စစ်ဘက်အကြီးအကဲကြီး၊စစ်ဘက်အကြီးအကဲများ ဒဏ်သင့်အံ့။ထိခိုက်တတ်၏။သုံးထပ်စက်ဝန်းဟုလည်ယူနိုင်၏။ထိုအကြီးအကဲတို့ အကြီးအကျယ်ထိခိုက်တတ်၏။
ဝါရွှေသောအဆင်းရှိ၏။စစ်မက် ပိုပိုပြင်းထန်လာတတ်။မြောက်ပိုင်းဒေသများ မိုးကြီးလေကြီးတတ်။
စန်းယှဥ်နက္ခတ်အရမူ မထင်မှတ်ဘဲ မိုးများလာတတ်ခြင်း။နေအိမ်ဖွဲ့၊လအိမ်ဖွဲ့သည့် အကြိမ်အရေအတွက်ထူထပ်များပြားလာပါက လက်ရှိမိုးစိုးနေသည့်မင်းစိုးရာဇာအကြီးအကဲတို့ထိခိုက်တတ်၏။အဆိုးဆုံးအထိပင် ဖြစ်သွားတတ်၏။
ကျမ်းအရ ရေးထားတာပါ။
ဆိုလိုရင်းကို ကိုယ့်ဘာသာလည်း စဉ်းစားကြပါ။
ရှေးကျမ်းအဆိုတွေက ရှေးဆန်တဲ့စကားတွေပါနေတာကို နားလည်ပေးကြပါ။
စာကြွင်း။
စစ်ကိုင်းမှာ အခုည လအိမ်ဖွဲ့တာပါ။
မိတ်ဆွေတစ်ယောက်က လှမ်းပို့ပေးတာပါ။
သိပ်လှတာပဲ။ ပုံလေးတွေကြည့်ပြီး ကျနော့်စိတ်ထဲမှာ သိပ်ပြီးကြည်နူးသွားမိတယ်။ အပေါ်က စာတွေကတော့ ရှေးကျမ်းတွေရဲ့အဆိုအမိန့်တွေပါ။တွက်ချက်ပြီး အဖြေထုတ်ထားတာပါ။
ကျနော်ပြောတာ မဟုတ်ပါဘူး။ကူးရေးထားတာပါ။ကူးရေးနိုင်အောင် နက္ခတ်တွေ၊ဂြိုလ်နေတွေ၊နေ့ရက်တွေကိုတော့ စနစ်တကျတွက်စစ်ရတာပေါ့။ဘာပဲဖြစ်ဖြစ် ကျနော့်အာဘော်မဟုတ်ပါဘူး။
ရှေးကဆရာသခင်တွေရဲ့အာဘော်ပါ။ဒါတောင် ကျနော်က စကားလုံးရွေးချယ်ပြီးပြန်ရေးထားတာ။ဆရာသခင်တွေရဲ့စကားအတိအကျဆိုရင် တချို့လူတွေ ထ ကကြမယ် ထင်တာပါပဲ။
[အရှင် သီရိကုမာရမထေရ် ပြုစုထားခဲ့တဲ့ အဂ္ဂသရဏီကျမ်းရဲ့ အဆိုအမိန့်တွေပါ။]
အမှန်တရားလိုလား ပြည်သူအများ ပြုံးပျော်နိုင်ကြပါစေသောဝ်။
အသေ၀နာ စ ဗာလာနံ။
အားလုံးသတ္တဝါ ချမ်းသာပါစေ။
သက်နှင်းဆွေ၊ပုပ္ပါး၊
photos;saw theingi htun
ZAWGYI VERSION
လအိမ္ဖြဲ႕ျခင္း။ သီတင္းကၽြတ္လဆန္း ၈ ရက္။ညဦးယံ ကာလ။
ေန႔ရက္အရ အိမ္ေရွ႕မင္း သို႔မဟုတ္ ဒုတိယေျမာက္ မင္းစိုးရာ ဇာ၊အဖြဲ႕အစည္း ေကာင္းျမတ္တင့္တယ္ျခင္း မုခ်ျဖစ္အံ့။
ေကာင္းကင္ၿဂိဳလ္ေနအရ ၾကာသပေတးၿဂိဳလ္ႏွင့္တိုက္ရိုက္ပတ္သက္၏။ စိုးမိုးေနေသာ မင္းစိုးရာဇာ ထိခိုက္ပ်က္စီးတတ္၏။
အံ့။စေနၿဂိဳလ္ႏွင့္ ပတ္သက္မႈရွိေန၏။ စိုက္ခင္းသီးႏွံတို႔ပ်က္စီးတတ္၏။လကို ၿဂိဳလ္ႏွစ္လုံးပူးယွဥ္ေန၏။ စစ္မက္ျဖစ္တတ္။စစ္ပြဲျပင္းထန္လာတတ္။ႏွစ္ထပ္စက္ဝန္းသ႑န္ရွိ၏။
စစ္ဘက္အႀကီးအကဲႀကီး၊စစ္ဘက္အႀကီးအကဲမ်ား ဒဏ္သင့္အံ့။ထိခိုက္တတ္၏။သုံးထပ္စက္ဝန္းဟုလည္ယူနိုင္၏။ထိုအႀကီးအကဲတို႔ အႀကီးအက်ယ္ထိခိုက္တတ္၏။
ဝါေရႊေသာအဆင္းရွိ၏။စစ္မက္ ပိုပိုျပင္းထန္လာတတ္။ေျမာက္ပိုင္းေဒသမ်ား မိုးႀကီးေလႀကီးတတ္။
စန္းယွဥ္နကၡတ္အရမူ မထင္မွတ္ဘဲ မိုးမ်ားလာတတ္ျခင္း။ေနအိမ္ဖြဲ႕၊လအိမ္ဖြဲ႕သည့္ အႀကိမ္အေရအတြက္ထူထပ္မ်ားျပားလာပါက လက္ရွိမိုးစိုးေနသည့္မင္းစိုးရာဇာအႀကီးအကဲတို႔ထိခိုက္တတ္၏။အဆိုးဆုံးအထိပင္ ျဖစ္သြားတတ္၏။
က်မ္းအရ ေရးထားတာပါ။
ဆိုလိုရင္းကို ကိုယ့္ဘာသာလည္း စဥ္းစားၾကပါ။
ေရွးက်မ္းအဆိုေတြက ေရွးဆန္တဲ့စကားေတြပါေနတာကို နားလည္ေပးၾကပါ။
စာႂကြင္း။
စစ္ကိုင္းမွာ အခုည လအိမ္ဖြဲ႕တာပါ။
မိတ္ေဆြတစ္ေယာက္က လွမ္းပို႔ေပးတာပါ။
သိပ္လွတာပဲ။ ပုံေလးေတြၾကည့္ၿပီး က်ေနာ့္စိတ္ထဲမွာ သိပ္ၿပီးၾကည္ႏူးသြားမိတယ္။ အေပၚက စာေတြကေတာ့ ေရွးက်မ္းေတြရဲ့အဆိုအမိန႔္ေတြပါ။တြက္ခ်က္ၿပီး အေျဖထုတ္ထားတာပါ။
က်ေနာ္ေျပာတာ မဟုတ္ပါဘူး။ကူးေရးထားတာပါ။ကူးေရးနိုင္ေအာင္ နကၡတ္ေတြ၊ၿဂိဳလ္ေနေတြ၊ေန႔ရက္ေတြကိုေတာ့ စနစ္တက်တြက္စစ္ရတာေပါ့။ဘာပဲျဖစ္ျဖစ္ က်ေနာ့္အာေဘာ္မဟုတ္ပါဘူး။
ေရွးကဆရာသခင္ေတြရဲ့အာေဘာ္ပါ။ဒါေတာင္ က်ေနာ္က စကားလုံးေရြးခ်ယ္ၿပီးျပန္ေရးထားတာ။ဆရာသခင္ေတြရဲ့စကားအတိအက်ဆိုရင္ တခ်ိဳ႕လူေတြ ထ ကၾကမယ္ ထင္တာပါပဲ။
[အရွင္ သီရိကုမာရမေထရ္ ျပဳစုထားခဲ့တဲ့ အဂၢသရဏီက်မ္းရဲ့ အဆိုအမိန႔္ေတြပါ။]
အမွန္တရားလိုလား ျပည္သူအမ်ား ျပဳံးေပ်ာ္နိုင္ၾကပါေစေသာဝ္။
အေသ၀နာ စ ဗာလာနံ။
အားလုံးသတၱဝါ ခ်မ္းသာပါေစ။
သက္ႏွင္းေဆြ၊ပုပၸါး၊
photos;saw theingi htun