ၾကားသိရသမွ်

Feb (21၊22၊23) ရက်နေ့ထိ ဖုန်းလိုင်းများ ဖြတ်တောက်မည် ဟု ကြေငြာ

Feb (21၊22၊23) ရက်နေ့ထိ ဖုန်းလိုင်းများ ဖြတ်တောက်မည် ဟု ကြေငြာ

တယ်လီဖုန်းလိုင်းများ ပြတ်တောက်တာတွေဖြစ်လာနိုင်တယ်တဲ့အတွက် ကြားခံ ဆက်သွယ်ရေး စက်များ အသုံးပြုနိုင်အောင်ပြင်ဆင်ထားဖို့ အကြမ်းဖက်စစ်တပ်က ရဲစခန်းများကို ညွှန်ကြားအခုလာမယ့် ၂၁၊ ၂၂၊ ၂၃ ရက်တို့ကို အကြမ်းဖက်စစ်ကောင်စီက အရေးပေါ်ကာလသတ်မှတ်ပြီး အဲ့ရက်တွေမှာ ဖုန်းလိုင်းတွေ အချိန်မရွေး ပြတ်တောက်ဖို့ ရှိတဲ့အတွက်

တယ်လီဖုန်းအစား ကြားခံဆက်သွယ်ရေးစက်တွေကို အဆင်သင့် အသုံးပြုနိုင်အောင် ပြင်ဆင်ထားရှိဖို့ နယ်မြေဒေသအသီးသီးမှာရှိတဲ့ရဲစခန်းတွေကို အကြမ်းဖက်စစ်ကောင်စီက စာပေးပို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဲ့ဒီညွှန်ကြားချက်ထဲမှာ နယ်မြေဒေသ အသီးသီးက ရဲတပ်ဖွဲ့တွေအနေနဲ့ နရခ( နေပြည်တော်ရဲတပ်ဖွဲ့ ဌာနချုပ်)နဲ့ အရေးပေါ်ကာလမှာ အဆက်အသွယ်မပြတ်ဖို့ အတွက် ဖုန်းမဟုတ်တဲ့ အခြား ကြားခံဆက်သွယ်ရေး စက်တွေကို အသုံးပြုဖို့နဲ့

အဲ့ဒီရက်တွေမှာ သက်ဆိုင်ရာ စခန်းမှူးတွေက နေပြည်တော်ရဲတပ်ဖွဲ့ ဌာနချုပ်ကို သတ်မှတ်ချိန်ရောက်တိုင်း သတင်းပေးပို့ရမယ်လို့ ညွှန်ကြားထားပါတယ်။အဲ့ဒီ သတင်းပေးပို့ တဲ့

အသံဖိုင်၊ အသုံးပြုသူကိုလည်း ခရိုင်မှူး၊ ဒုခရိုင်မှူး တွေက အဆင့်ဆင့်တာဝန်ယူ တာဝန်ခံရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

အရေးပေါ်ကာလလို့ သတ်မှတ်တဲ့ အဲ့ဒီရက်တွေမှာ ဖုန်းလိုင်းတွေတနေကုန်ပြတ်တောက်ဖို့ ရှိမရှိကိုတော့ Democracy Vision သတင်းဌာနနေအနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။အခုညွှန်ကြားချက်ဟာ လာမယ့် ၂၂.၂.၂၀၂၂ ရက်နေ့ကို

၂ ခြောက်လုံးနေ့သတ်မှတ်ထားပြီး အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေပြုလုပ်ဖို့ အွန်လိုင်းပေါ်မှာစည်းရုံးနေတာတွေ တွေ့တဲ့အတွက် အကြမ်းဖက်စကစ အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်လို့လည်း သတင်းပေးပို့သူက ပြောပါတယ်။

DemocracyVision

Credit

Zawgyi

Feb (21၊22၊23) ရက္ေန႔ထိ ဖုန္းလိုင္းမ်ား ျဖတ္ေတာက္မည္ ဟု ေၾကျငာ

တယ္လီဖုန္းလိုင္းမ်ား ျပတ္ေတာက္တာေတြျဖစ္လာႏိုင္တယ္တဲ့အတြက္ ၾကားခံ ဆက္သြယ္ေရး စက္မ်ား အသုံးျပဳႏိုင္ေအာင္ျပင္ဆင္ထားဖို႔ အၾကမ္းဖက္စစ္တပ္က ရဲစခန္းမ်ားကို ၫႊန္ၾကား

အခုလာမယ့္ ၂၁၊ ၂၂၊ ၂၃ ရက္တို႔ကို အၾကမ္းဖက္စစ္ေကာင္စီက အေရးေပၚကာလသတ္မွတ္ၿပီး အဲ့ရက္ေတြမွာ ဖုန္းလိုင္းေတြ အခ်ိန္မေ႐ြး ျပတ္ေတာက္ဖို႔ ရွိတဲ့အတြက္

တယ္လီဖုန္းအစား ၾကားခံဆက္သြယ္ေရးစက္ေတြကို အဆင္သင့္ အသုံးျပဳႏိုင္ေအာင္ ျပင္ဆင္ထားရွိဖို႔ နယ္ေျမေဒသအသီးသီးမွာရွိတဲ့ရဲစခန္းေတြကို အၾကမ္းဖက္စစ္ေကာင္စီက စာေပးပို႔ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

အဲ့ဒီၫႊန္ၾကားခ်က္ထဲမွာ နယ္ေျမေဒသ အသီးသီးက ရဲတပ္ဖြဲ႕ေတြအေနနဲ႔ နရခ( ေနျပည္ေတာ္ရဲတပ္ဖြဲ႕ ဌာနခ်ဳပ္)နဲ႔ အေရးေပၚကာလမွာ အဆက္အသြယ္မျပတ္ဖို႔ အတြက္ ဖုန္းမဟုတ္တဲ့ အျခား ၾကားခံဆက္သြယ္ေရး စက္ေတြကို အသုံးျပဳဖို႔နဲ႔

အဲ့ဒီရက္ေတြမွာ သက္ဆိုင္ရာ စခန္းမႉးေတြက ေနျပည္ေတာ္ရဲတပ္ဖြဲ႕ ဌာနခ်ဳပ္ကို သတ္မွတ္ခ်ိန္ေရာက္တိုင္း သတင္းေပးပို႔ရမယ္လို႔ ၫႊန္ၾကားထားပါတယ္။အဲ့ဒီ သတင္းေပးပို႔ တဲ့

အသံဖိုင္၊ အသုံးျပဳသူကိုလည္း ခ႐ိုင္မႉး၊ ဒုခ႐ိုင္မႉး ေတြက အဆင့္ဆင့္တာဝန္ယူ တာဝန္ခံရမွာျဖစ္တယ္လို႔လည္းသိရပါတယ္။

အေရးေပၚကာလလို႔ သတ္မွတ္တဲ့ အဲ့ဒီရက္ေတြမွာ ဖုန္းလိုင္းေတြတေနကုန္ျပတ္ေတာက္ဖို႔ ရွိမရွိကိုေတာ့ Democracy Vision သတင္းဌာနေနအနဲ႔ သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။အခုၫႊန္ၾကားခ်က္ဟာ လာမယ့္ ၂၂.၂.၂၀၂၂ ရက္ေန႔ကို

၂ ေျခာက္လုံးေန႔သတ္မွတ္ထားၿပီး အၾကမ္းဖက္စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြျပဳလုပ္ဖို႔ အြန္လိုင္းေပၚမွာစည္း႐ုံးေနတာေတြ ေတြ႕တဲ့အတြက္ အၾကမ္းဖက္စကစ အေနနဲ႔ ထုတ္ျပန္တာျဖစ္တယ္လို႔လည္း သတင္းေပးပို႔သူက ေျပာပါတယ္။

DemocracyVision

Credit