* NUG ရဲ႕ ဥေရာပဘဏ္အေကာင့္ ျပန္ပြင့္ၿပီ ဆိုတဲ့အခ်က္ဟာ သိပ္အေရးႀကီးပါတယ္။ ဘဏ္အေကာင့္ ျပန္ပြင့္တာဟာ NUG အေနနဲ႔ ေငြကို လြတ္လြတ္လပ္လပ္ စီမံခန႔္ခြဲႏိုင္ခြင့္ကို ေပးလိုက္တဲ့သေဘာပါပဲ။ တိတ္တဆိတ္ ေငြလႉလိုတဲ့ အဖြဲ႕အစည္းေတြ လူပုဂၢိဳလ္ေတြရဲ႕ အလႉေငြေတြကို လက္ခံႏိုင္လာတဲ့သေဘာပါ။
တနည္းေျပာရရင္ အရွိန္အဟုန္နဲ႔ ေထာက္ပံ့ေပးေရးအတြက္ လမ္းပြင့္လာတဲ့သေဘာလို႔ ယူဆမိပါတယ္။NUG ဟာ ဥပေဒအရ တရားဝင္အစိုးရအဆင့္အထိ မျဖစ္ေသးေပမယ့္ လက္သိပ္ထိုး ဝယ္ယူမႈေတြ ရလာႏိုင္ၿပီလို႔ ျမင္မိပါတယ္။
* ေနာက္ထပ္ NUG ရဲ႕ ႏိုင္ငံေရးအရ ေအာင္ျမင္မႈဟာ ျပင္သစ္လႊတ္ေတာ္လို ေနရာမ်ိဳးမွာ ဆရာေဇာ္ေဝစိုးကို ေတြ႕လိုက္ရျခင္းပါပဲ။ သိပ္ဝမ္းသာပါတယ္။
* နယ္သာလန္သြား ေလယာဥ္ေပၚက nug ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကို ေတြ႕လိုက္ရျခင္းကလည္း NUG ရဲ႕ ေနာက္ထပ္ ႏိုင္ငံေရးအရ ေအာင္ျမင္မႈ ေျခလွမ္းတခုပါပဲ။
* ကိုထင္လင္းေအာင္ ေနာ္ေဝမွာ telenor နဲ႔ ေဆြးေႏြးေနတာမ်ိဳးကိုလည္း ခ်န္လွပ္ထားဖို႔ မသင့္ပါဘူး။ ႏိုင္ငံေရးအရေတာ့ အက်ိဳးသက္ေရာက္မႈ သိပ္မႀကီးေပမယ့္ ဘက္စုံကေန ႏိုင္ငံတကာမွာ ေျပာေရးဆိုခြင့္ရေနတာဟာ သိပ္ေကာင္းပါတယ္။
* အာဆီယံမွာ မိန႔္ခြန္းေျပာခြင့္ရသလို မေလးလို ႏိုင္ငံမ်ိဳးက NUG နဲ႔ လက္တြဲမေယာင္ ေျပာဆိုမႈဟာ သိပ္အက်ိဳးရွိပါတယ္။ အာဆီယံသေဘာထားဟာ NUG ဘက္ကို သိသိသာသာ ယိမ္းလာတာကို ေတြ႕ရပါတယ္ ဒါအက်ိဳးအျမတ္ႀကီးပါတယ္။
* ေျမျပင္ ခုခံစစ္အေျခအေနကလည္း အဆိုးအေကာင္းကို မွ်တေအာင္ေျပာရမယ္ဆို ျပည္သူ႔ဘက္က အေလးမ်ားစြာ သာေနပါတယ္။ အျပစ္မဲ့ျပည္သူတခ်ိဳ႕ အသက္အိုးအိမ္ေတြ ဆုံးရႈံးမႈ ရွိတာကလြဲလို႔ေပါ့ေလ။
* မိုးၿဗဲတိုက္ပြဲမွာ ျပည္သူ႔တပ္သားတခ်ိဳ႕ အသက္ေပးလႉခဲ့ရေပမယ့္ တိုက္ပြဲအရ အသာစီးရခဲ့တယ္လို႔ သတင္းမ်ားစြာက ဆိုပါတယ္။
* စစ္ကိုင္းတိုင္းထဲမွာ ခင္ဦးအျဖစ္အပ်က္တခုကလြဲလို႔ အသာစီးရတဲ့ တိုက္ပြဲမ်ားစြာ ရွိခဲ့ပါတယ္။ ( စီမံခန႔္ခြဲမႈ အမွားေၾကာင့္ပါ ) ( အျပစ္မဲ့ ျပည္သူေတြရဲ႕ အသက္အိုးအိမ္တခ်ိဳ႕ ဆုံးရႈံးေနရဆဲ ဆိုတာေတာ့ ရွိပါတယ္ )
* စစ္ကိုင္းတိုင္းထဲက ၿမိဳ႕နယ္အမ်ားစုကို ေဒသခံကာကြယ္ေရးတပ္ေတြက စိုးမိုးထားၿပီး စကစ ေထာက္တိုင္ေတြကို ၿဖိဳလွဲထားႏိုင္ၿပီ ျဖစ္ပါတယ္။ မုံ႐ြာအစိုးရ လို႔ေတာင္ သမုတ္ေနၾကပါၿပီ။
* မုံ႐ြာ ေလတပ္ဌာနခ်ဳပ္နဲ႔ နမခကို ေရွာ့တိုက္ဒုံး ၆ လုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ႏိုင္ခဲ့ပါတယ္။* ေယာ၊ ေဆာ၊ ဂန႔္ေဂါနယ္ဆိုရင္လည္း ျပည္သူ႔ကာကြယ္ေရးတပ္က အမိန႔္ထုတ္ႏိုင္ေနပါၿပီ။*ခ်င္းျပည္ဟာလည္း စကစ အုပ္ခ်ဳပ္ေရး အလုံးစုံ ပ်က္လုနီး ျဖစ္ေနပါၿပီ။* အထူးျခားဆုံးကေတာ့ ေမွာ္ဘီေလတပ္လိုေနရာထဲမွာ တိုက္ေလယာဥ္ႏွစ္စင္း ပ်က္ဆီးသည္အထိ အေဝးထိန္း ဗုံးခြဲ ႏိုင္ခဲ့ျခင္းပါပဲ။* ေျမာက္ပိုင္းမွာ ဆိုရင္ ဒီေန႔ ျပည္သူ႔တပ္ဟာ ခ်ပ္သင္းအထိ ဆင္းလာၿပီး တိုက္ပြဲ ေဖာ္ေဆာင္ႏိုင္ခဲ့ပါတယ္။မဟာမိတ္တပ္ေပါင္းစုဟာ မၾကာခင္ ေတာင္ပိုင္းကို စုန္လာပါေတာ့မယ္။
ရွာႀကံၿပီး မိုတီေရးတာမဟုတ္ပါဘူး။အကုန္ အျဖစ္မွန္ေတြခ်ည္းပါ။အားပ်က္ၾကသူေတြကိုလည္း အားမပ်က္ၾကေစခ်င္ပါ။ေရရွည္မွာ ေတာင့္ခံႏိုင္ဖို႔လိုပါတယ္။( လက္လႊတ္စပယ္ ဘယ္လိုေနေနေတာင့္ခံၾကပါလို႔ မေျပာပါ )တဘက္က ႀကိဳးစားရင္း ေတာင့္ခံၾကဖို႔ ( ကိုယ့္ကိုယ္ကိုယ္ပါ ) တိုက္တြန္းတာပါ။
အခက္အခဲေတြ မသမာမႈေတြ အရႈပ္အေထြးေတြၾကားက အမ်ားစုရဲ႕ စစ္မွန္တဲ့ ခံယူခ်က္ ႀကိဳးစားအားထုတ္မႈနဲ႔ မၾကာခင္ အရာထင္လာေတာ့မယ္လို႔ ယုံၾကည္ပါတယ္။အျပစ္ေတြခ်ည္း ထိုင္စဥ္းစားမေနဘဲ စိတ္ဆိုးသင့္ စိတ္ဆိုး၊ ေဒါသထြက္သင့္ထြက္၊ ေဝဖန္သင့္ေဝဖန္၊ အႀကံေပးသင့္ေပးရင္း ဦးတည္ခ်က္မေပ်ာက္ဘဲ ဆက္သြားေနဖို႔ လိုအပ္ပါတယ္။
က်ေနာ္ ထင္ပါတယ္။ ဒီႏွစ္မကုန္ပါဘူး။ တကယ္ပါ။ေစာင့္လက္စနဲ႔ စိတ္ရွည္ၾကပါလို႔ တိုက္တြန္းလိုပါတယ္။တဆက္တည္း ႏိုင္ရာက ဝိုင္းၾကကူၾကဖို႔ ေလးေလးနက္နက္ တိုက္တြန္းလိုပါတယ္။Click တာမ်ိဳးေတာ့ လူတိုင္းလုပ္ႏိုင္မယ္ထင္ပါတယ္။ နည္းနည္း ေသာင္သာသူကလည္း နီးစပ္ရာကို ကူၾကပါ။
တိုင္းျပည္အေရးဟာ ငါ့အေရးလို႔ စိတ္သေဘာထားၾကပါဗ်ာ။ ခမ်ားတို႔ရဲ႕ အကူအညီေသးေသးေလးေတြ စုေပါင္းရင္း ထုထည္ႀကီးတဲ့အားကို ရလာေစမွာပါ။စစ္ေဘးေရွာင္ေတြဆိုရင္ နီးစပ္ရာ ကူၾကရင္း ေတာင့္ခံေနၾကတာပါ။ ျမန္မာလူမ်ိဳးက မေသ႐ုံစား ျဖစ္သလိုေနဘဝနဲ႔ အခက္အခဲကို ျဖတ္ေက်ာ္ရဲတဲ့ သတၱိေတြ အဟုတ္ရွိၾကတာပါ။ တကယ္ေျပာတာဗ် အင္မတန္ေရာင့္ရဲ သည္းခံႏိုင္ၾကတယ္။
ႀကဳံတုန္း တခုလည္း ေမတၱာရပ္ခံခ်င္ပါတယ္ စစ္ေျပးဒုကၡသည္ေတြ အဲ့သလို ျဖစ္သလို ျဖတ္ေက်ာ္ေနၾကခ်ိန္မွာ ေရေပၚဆီအေတြးမ်ိဳးနဲ႔ မီးကလည္းမလာဘူး၊ စီးပြားကမတက္ဘူး၊ အလည္မထြက္ရဘူး ဘာဘူးညာဘူး ဆိုၿပီး လိုင္းေပၚတက္ မညည္းျပၾကပါနဲ႔လားဗ်ာ။ ဒါေတာ့ အင္မတန္ စာနာမႈကင္းတဲ့လုပ္ရပ္လို႔ ဆိုခ်င္ပါတယ္။
အခ်ဳပ္ေျပာရရင္ ေမွ်ာ္လင့္ခ်က္မရွိရင္ မရွင္သန္ႏိုင္ဘူး ဆိုသလိုပါပဲ။ က်ေနာ္တို႔အတြက္ ေရာင္နီျဖာတဲ့ေန႔သစ္ေတြ ေရာက္လာေတာ့မွာပါလို႔ ဆိုခ်င္ပါတယ္ဗ်ာ။
Kaiser Phoe Tote
* NUG ရဲ့ ဥရောပဘဏ်အကောင့် ပြန်ပွင့်ပြီ ဆိုတဲ့အချက်ဟာ သိပ်အရေးကြီးပါတယ်။ ဘဏ်အကောင့် ပြန်ပွင့်တာဟာ NUG အနေနဲ့ ငွေကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲနိုင်ခွင့်ကို ပေးလိုက်တဲ့သဘောပါပဲ။ တိတ်တဆိတ် ငွေလှူလိုတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရဲ့ အလှူငွေတွေကို လက်ခံနိုင်လာတဲ့သဘောပါ။
တနည်းပြောရရင် အရှိန်အဟုန်နဲ့ ထောက်ပံ့ပေးရေးအတွက် လမ်းပွင့်လာတဲ့သဘောလို့ ယူဆမိပါတယ်။NUG ဟာ ဥပဒေအရ တရားဝင်အစိုးရအဆင့်အထိ မဖြစ်သေးပေမယ့် လက်သိပ်ထိုး ဝယ်ယူမှုတွေ ရလာနိုင်ပြီလို့ မြင်မိပါတယ်။
* နောက်ထပ် NUG ရဲ့ နိုင်ငံရေးအရ အောင်မြင်မှုဟာ ပြင်သစ်လွှတ်တော်လို နေရာမျိုးမှာ ဆရာဇော်ဝေစိုးကို တွေ့လိုက်ရခြင်းပါပဲ။ သိပ်ဝမ်းသာပါတယ်။
* နယ်သာလန်သွား လေယာဉ်ပေါ်က nug နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို တွေ့လိုက်ရခြင်းကလည်း NUG ရဲ့ နောက်ထပ် နိုင်ငံရေးအရ အောင်မြင်မှု ခြေလှမ်းတခုပါပဲ။
* ကိုထင်လင်းအောင် နော်ဝေမှာ telenor နဲ့ ဆွေးနွေးနေတာမျိုးကိုလည်း ချန်လှပ်ထားဖို့ မသင့်ပါဘူး။ နိုင်ငံရေးအရတော့ အကျိုးသက်ရောက်မှု သိပ်မကြီးပေမယ့် ဘက်စုံကနေ နိုင်ငံတကာမှာ ပြောရေးဆိုခွင့်ရနေတာဟာ သိပ်ကောင်းပါတယ်။
* အာဆီယံမှာ မိန့်ခွန်းပြောခွင့်ရသလို မလေးလို နိုင်ငံမျိုးက NUG နဲ့ လက်တွဲမယောင် ပြောဆိုမှုဟာ သိပ်အကျိုးရှိပါတယ်။ အာဆီယံသဘောထားဟာ NUG ဘက်ကို သိသိသာသာ ယိမ်းလာတာကို တွေ့ရပါတယ် ဒါအကျိုးအမြတ်ကြီးပါတယ်။
* မြေပြင် ခုခံစစ်အခြေအနေကလည်း အဆိုးအကောင်းကို မျှတအောင်ပြောရမယ်ဆို ပြည်သူ့ဘက်က အလေးများစွာ သာနေပါတယ်။ အပြစ်မဲ့ပြည်သူတချို့ အသက်အိုးအိမ်တွေ ဆုံးရှုံးမှု ရှိတာကလွဲလို့ပေါ့လေ။
* မိုးဗြဲတိုက်ပွဲမှာ ပြည်သူ့တပ်သားတချို့ အသက်ပေးလှူခဲ့ရပေမယ့် တိုက်ပွဲအရ အသာစီးရခဲ့တယ်လို့ သတင်းများစွာက ဆိုပါတယ်။
* စစ်ကိုင်းတိုင်းထဲမှာ ခင်ဦးအဖြစ်အပျက်တခုကလွဲလို့ အသာစီးရတဲ့ တိုက်ပွဲများစွာ ရှိခဲ့ပါတယ်။ ( စီမံခန့်ခွဲမှု အမှားကြောင့်ပါ ) ( အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တချို့ ဆုံးရှုံးနေရဆဲ ဆိုတာတော့ ရှိပါတယ် )
* စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုကို ဒေသခံကာကွယ်ရေးတပ်တွေက စိုးမိုးထားပြီး စကစ ထောက်တိုင်တွေကို ဖြိုလှဲထားနိုင်ပြီ ဖြစ်ပါတယ်။ မုံရွာအစိုးရ လို့တောင် သမုတ်နေကြပါပြီ။
* မုံရွာ လေတပ်ဌာနချုပ်နဲ့ နမခကို ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။* ယော၊ ဆော၊ ဂန့်ဂေါနယ်ဆိုရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်က အမိန့်ထုတ်နိုင်နေပါပြီ။*ချင်းပြည်ဟာလည်း စကစ အုပ်ချုပ်ရေး အလုံးစုံ ပျက်လုနီး ဖြစ်နေပါပြီ။* အထူးခြားဆုံးကတော့ မှော်ဘီလေတပ်လိုနေရာထဲမှာ တိုက်လေယာဉ်နှစ်စင်း ပျက်ဆီးသည်အထိ အဝေးထိန်း ဗုံးခွဲ နိုင်ခဲ့ခြင်းပါပဲ။* မြောက်ပိုင်းမှာ ဆိုရင် ဒီနေ့ ပြည်သူ့တပ်ဟာ ချပ်သင်းအထိ ဆင်းလာပြီး တိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ်။မဟာမိတ်တပ်ပေါင်းစုဟာ မကြာခင် တောင်ပိုင်းကို စုန်လာပါတော့မယ်။
ရှာကြံပြီး မိုတီရေးတာမဟုတ်ပါဘူး။အကုန် အဖြစ်မှန်တွေချည်းပါ။အားပျက်ကြသူတွေကိုလည်း အားမပျက်ကြစေချင်ပါ။ရေရှည်မှာ တောင့်ခံနိုင်ဖို့လိုပါတယ်။( လက်လွှတ်စပယ် ဘယ်လိုနေနေတောင့်ခံကြပါလို့ မပြောပါ )တဘက်က ကြိုးစားရင်း တောင့်ခံကြဖို့ ( ကိုယ့်ကိုယ်ကိုယ်ပါ ) တိုက်တွန်းတာပါ။
အခက်အခဲတွေ မသမာမှုတွေ အရှုပ်အထွေးတွေကြားက အများစုရဲ့ စစ်မှန်တဲ့ ခံယူချက် ကြိုးစားအားထုတ်မှုနဲ့ မကြာခင် အရာထင်လာတော့မယ်လို့ ယုံကြည်ပါတယ်။အပြစ်တွေချည်း ထိုင်စဉ်းစားမနေဘဲ စိတ်ဆိုးသင့် စိတ်ဆိုး၊ ဒေါသထွက်သင့်ထွက်၊ ဝေဖန်သင့်ဝေဖန်၊ အကြံပေးသင့်ပေးရင်း ဦးတည်ချက်မပျောက်ဘဲ ဆက်သွားနေဖို့ လိုအပ်ပါတယ်။
ကျနော် ထင်ပါတယ်။ ဒီနှစ်မကုန်ပါဘူး။ တကယ်ပါ။စောင့်လက်စနဲ့ စိတ်ရှည်ကြပါလို့ တိုက်တွန်းလိုပါတယ်။တဆက်တည်း နိုင်ရာက ဝိုင်းကြကူကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။Click တာမျိုးတော့ လူတိုင်းလုပ်နိုင်မယ်ထင်ပါတယ်။ နည်းနည်း သောင်သာသူကလည်း နီးစပ်ရာကို ကူကြပါ။
တိုင်းပြည်အရေးဟာ ငါ့အရေးလို့ စိတ်သဘောထားကြပါဗျာ။ ခများတို့ရဲ့ အကူအညီသေးသေးလေးတွေ စုပေါင်းရင်း ထုထည်ကြီးတဲ့အားကို ရလာစေမှာပါ။စစ်ဘေးရှောင်တွေဆိုရင် နီးစပ်ရာ ကူကြရင်း တောင့်ခံနေကြတာပါ။ မြန်မာလူမျိုးက မသေရုံစား ဖြစ်သလိုနေဘဝနဲ့ အခက်အခဲကို ဖြတ်ကျော်ရဲတဲ့ သတ္တိတွေ အဟုတ်ရှိကြတာပါ။ တကယ်ပြောတာဗျ အင်မတန်ရောင့်ရဲ သည်းခံနိုင်ကြတယ်။
ကြုံတုန်း တခုလည်း မေတ္တာရပ်ခံချင်ပါတယ် စစ်ပြေးဒုက္ခသည်တွေ အဲ့သလို ဖြစ်သလို ဖြတ်ကျော်နေကြချိန်မှာ ရေပေါ်ဆီအတွေးမျိုးနဲ့ မီးကလည်းမလာဘူး၊ စီးပွားကမတက်ဘူး၊ အလည်မထွက်ရဘူး ဘာဘူးညာဘူး ဆိုပြီး လိုင်းပေါ်တက် မညည်းပြကြပါနဲ့လားဗျာ။ ဒါတော့ အင်မတန် စာနာမှုကင်းတဲ့လုပ်ရပ်လို့ ဆိုချင်ပါတယ်။
အချုပ်ပြောရရင် မျှော်လင့်ချက်မရှိရင် မရှင်သန်နိုင်ဘူး ဆိုသလိုပါပဲ။ ကျနော်တို့အတွက် ရောင်နီဖြာတဲ့နေ့သစ်တွေ ရောက်လာတော့မှာပါလို့ ဆိုချင်ပါတယ်ဗျာ။
Kaiser Phoe Tote



