#DemocracyVision
zawgyi
တယ်လီဖုန်းလိုင်းများ ပြတ်တောက်တာတွေဖြစ်လာနိုင်တယ်တဲ့အတွက် ကြားခံ ဆက်သွယ်ရေး စက်များ အသုံးပြုနိုင်အောင်ပြင်ဆင်ထားဖို့
အကြမ်းဖက်စစ်တပ်က ရဲစခန်းများကို ညွှန်ကြား
၂၀.၁.၂၀၂၂
အခုလာမယ့် ၂၁၊ ၂၂၊ ၂၃ ရက်တို့ကို အကြမ်းဖက်စစ်ကောင်စီက အရေးပေါ်ကာလသတ်မှတ်ပြီး အဲ့ရက်တွေမှာ
ဖုန်းလိုင်းတွေ အချိန်မရွေး ပြတ်တောက်ဖို့ ရှိတဲ့အတွက် တယ်လီဖုန်းအစား ကြားခံဆက်သွယ်ရေးစက်တွေကို အဆင်သင့်
အသုံးပြုနိုင်အောင် ပြင်ဆင်ထားရှိဖို့ နယ်မြေဒေသအသီးသီးမှာရှိတဲ့ ရဲစခန်းတွေကို အကြမ်းဖက်စစ်ကောင်စီက စာပေးပို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အဲ့ဒီညွှန်ကြားချက်ထဲမှာ နယ်မြေဒေသ အသီးသီးက ရဲတပ်ဖွဲ့တွေအနေနဲ့ နရခ
( နေပြည်တော်ရဲတပ်ဖွဲ့ ဌာနချုပ်)နဲ့ အရေးပေါ်ကာလမှာ အဆက်အသွယ်မပြတ်ဖို့ အတွက် ဖုန်းမဟုတ်တဲ့
အခြား ကြားခံဆက်သွယ်ရေး စက်တွေကို အသုံးပြုဖို့နဲ့ အဲ့ဒီရက်တွေမှာ သက်ဆိုင်ရာ စခန်းမှူးတွေက
နေပြည်တော်ရဲတပ်ဖွဲ့ ဌာနချုပ်ကို သတ်မှတ်ချိန်ရောက်တိုင်း သတင်းပေးပို့ရမယ်လို့ ညွှန်ကြားထားပါတယ်။
အဲ့ဒီ သတင်းပေးပို့ တဲ့ အသံဖိုင်၊ အသုံးပြုသူကိုလည်း ခရိုင်မှူး၊ ဒုခရိုင်မှူး တွေက အဆင့်ဆင့်တာဝန်ယူ တာဝန်ခံရမှာဖြစ်တယ်လို့လည်းသိရပါတယ်။
အရေးပေါ်ကာလလို့ သတ်မှတ်တဲ့ အဲ့ဒီရက်တွေမှာ ဖုန်းလိုင်းတွေ တနေကုန်ပြတ်တောက်ဖို့ ရှိမရှိကိုတော့
Democracy Vision သတင်းဌာနနေအနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အခုညွှန်ကြားချက်ဟာ လာမယ့် ၂၂.၂.၂၀၂၂ ရက်နေ့ကို ၂ ခြောက်လုံးနေ့သတ်မှတ်ထားပြီး အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရ
အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်လို့လည်း သတင်းပေးပို့သူက ပြောပါတယ်။
ဓါတ်ပုံ- ပုံဟောင်း(အကြမ်းဖက်စစ်အာဏာရှင် ခိုင်းသမျှလိုက်လုပ်နေရတဲ့ ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်)
#DemocracyVision