မိတ်ဆွေဖြစ်ချင်လျှင် ထမင်းကျွေးလိုက်ပါ။ ရန်သူဖြစ်ချင်လျှင်တော့ ပိုက်ဆံချေးလိုက်ပါတဲ့။
ပိုက်ဆံချေးကြသူများ မှတ်သားရန်ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိ ပိုက်ဆံဟာ ပိုက်ဆံပါပဲ။
အချေးခံရတဲ့သူက ပြန်မတောင်းရင်တောင် ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်။
ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊ ချေးပေးရာကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာ အားနာပြီး ချေးပေးကြရတာ ဖြစ်တဲ့အတွက် ဒီကိစ္စမှာ လုံးလုံးလျားလျား တာဝန်ရှိသူဟာ လာချေးသူပါပဲ။
ပိုက်ဆံချေးပြီတဲ့အခါ ပေါက်ကရလေးဆယ်တွေကို လျှောက်မပြောပါနဲ့။ ချေးထားမယ့် ကာလကျော်ပြီး ပြန်ဆပ်မယ့်အချိန်နဲ့ ပြန်ဆပ်ရမယ့်အခါကြရင် လူလိုသိတတ်ပါ။
အရေးကြီးဆုံးအချက်က သေချာ ပြန်ဆပ်ရပါမယ်။ ကိုယ်ကတိပေးထားတဲ့ အချိန်မှာ သေချာပေါက်ကို ပြန်ဆပ်ရပါမယ်။
အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင် ကိုယ်ကဦးအောင် ဆက်သွယ်ပြီး ရှင်းပြရပါမယ်။ ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။
ချေးတုန်းက ချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင် လုပ်တာဟာ ပိုက်ဆံချေးပေးမိတဲ့သူရဲ့ နောင်တတရားနဲ့ ဒေါသစိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝ မလုပ်ပါနဲ့။
ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ် ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်း မေ့မနေပါနဲ့။ ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊ မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာ အင်မတန်မှကို လူပါးဝရာ ကျပါတယ်။
အဆိုးဆုံးက ကိုယ်မှာ ပိုက်ဆံရှိလည်း မရှိသေးလို့ အဆင်မပြေလို့ ဆိုပြီး ကိုယ့်တွက်ပဲကြည့်တက်သူ ကိုယ့်ပိုက်ဆံကိုယ် ပြန်တောင်းတဲ့သူကို ရန်သူလို သဘောထားပြီးရင့်ရင့်သီးသီး ဆက်ဆံတာနဲ့ မျက်ရည်ခံ ထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့ တစ်လောကလုံးက ထင်အောင် ဇာတ်နာပြတာမျိုး သူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့။
ကိုယ်ပေးတဲ့ထားတဲ့ ကတိထက် ပိုစောပြီး ဆပ်နိုင်လေ ကောင်းလေပါပဲ။ မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။သူမေးလာတဲ့အထိ စောင့်မနေပါနဲ့။တခါတလေ သူတို့က မမေ့ပါဘူး။
ကိုယ့်မြင်ကတည်းက သူတို့ပိုက်ဆံကို တန်းသတိရပါတယ်။
သူတို့မှာလည်းသူတို့ အခက်အခဲ အဖြစ်ခံပြီး ကူညီထားတယ် ဆိုတာ မမေ့ပါနဲ့။ အားနာလို့သာ မေ့ချင်ယောင် ဆောင်နေကြတာပါ။
ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုး တစ်ခုကတော့ ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့ စိတ်ကို ချနင်းတာပါပဲ။ တော်တော်ယုတ်ညံ့တဲ့ စိတ်ပါ။
တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့သူဆိုတာ အိမ်ဦးခန်းမှာ ထားပြီး ရွှေချထားရမယ့် သူမျိုးတွေပါ။ အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစားစား မရှိပါဘူး။
ကိုယ့်ကို တကယ်ခင်လို့၊ စာနာလို့၊ အားနာလို့၊ ချစ်လို့ သူ့ရဲ့ရှိစုမဲ့စုလေး ထုတ်ပြီး ချေးပေးတာ ဖြစ်ပါတယ်။ကတိ တည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲ ရပါမယ်။
ကတိတည်လိုက်ရင် နောင်လည်း လိုတဲ့အခါ ရနိုင်ပါမယ်။ မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသော မိတ်ဆွေတစ်ယောက်ကို ကိုယ်တိုင် ဖျက်ဆီးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ အရမ်းနှမြောဖို့ ကောင်းပါတယ် ။
ဒါကြောင့် ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ။
CREDIT
Zawgyi
မိတ္ေဆြျဖစ္ခ်င္လွ်င္ ထမင္းေကြၽးလိုက္ပါ။ ရန္သူျဖစ္ခ်င္လွ်င္ေတာ့ ပိုက္ဆံေခ်းလိုက္ပါတဲ့။
ပိုက္ဆံေခ်းၾကသူမ်ား မွတ္သားရန္ပိုက္ဆံတစ္ရာ ႏွစ္ရာမွသည္ တစ္သိန္း ႏွစ္သိန္းအထိ ပိုက္ဆံဟာ ပိုက္ဆံပါပဲ။ အေခ်းခံရတဲ့သူက ျပန္မေတာင္းရင္ေတာင္ ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္ေနရင္ေတာင္ ေခ်းတဲ့သူက အလိုက္တသိနဲ႔ ေသခ်ာျပန္ေပးရပါမယ္။
ျဖစ္ႏိုင္ရင္ေတာ့ ဘယ္သူမွ ေခ်းရတာေရာ၊ ေခ်းေပးရာကို မလုပ္ခ်င္ၾကပါဘူး။ ေခ်းလာတဲ့သူရွိလို႔သာ အားနာၿပီး ေခ်းေပးၾကရတာ ျဖစ္တဲ့အတြက္ ဒီကိစၥမွာ လုံးလုံးလ်ားလ်ား တာဝန္ရွိသူဟာ လာေခ်းသူပါပဲ။
ပိုက္ဆံေခ်းၿပီတဲ့အခါ ေပါက္ကရေလးဆယ္ေတြကို ေလွ်ာက္မေျပာပါနဲ႔။ ေခ်းထားမယ့္ ကာလေက်ာ္ၿပီး ျပန္ဆပ္မယ့္အခ်ိန္နဲ႔ ျပန္ဆပ္ရမယ့္အခါၾကရင္ လူလိုသိတတ္ပါ။ အေရးႀကီးဆုံးအခ်က္က ေသခ်ာျပန္ဆပ္ရပါမယ္။ ကိုယ္ကတိေပးထားတဲ့အခ်ိန္မွာ ေသခ်ာေပါက္ကို ျပန္ဆပ္ရပါမယ္။
အေၾကာင္းတစ္ခုခုေၾကာင့္ ၾကန႔္ၾကာေနရင္ေတာင္ ကိုယ္ကဦးေအာင္ ဆက္သြယ္ၿပီး ရွင္းျပရပါမယ္။ ျပန္ဆပ္မယ့္အခ်ိန္ကို ထပ္ေျပာရပါမယ္။ ေခ်းတုန္းကေခ်းၿပီး ျပန္ဆပ္ခ်ိန္ေရာက္မွ အတိတ္ေမ့သလို ေ႐ႊေပ်ာက္သလို အူေၾကာင္ေၾကာင္ လုပ္တာဟာ ပိုက္ဆံေခ်းေပးမိတဲ့သူရဲ႕ ေနာင္တတရားနဲ႔ ေဒါသစိတ္ကို ဒြန္တြဲၿပီး ျဖစ္ေပၚေစပါတယ္။ လုံးဝမလုပ္ပါနဲ႔။
ေခ်းတုန္းကေတာင္ သတိတရနဲ႔ ေသေတာ့မတတ္ ဖုန္းဆက္ၿပီး ေခ်းေသးရင္ ျပန္ဆပ္ရမယ့္အခါလည္း ေမ့မေနပါနဲ႔။ ႐ူးခ်င္ေယာင္ေဆာင္ၿပီး ဖုန္းပိတ္တာေတြ၊ မကိုင္တာေတြ၊ seen ျဖစ္ၿပီး reply မလာတာေတြဟာအင္မတန္မွကို လူပါးဝရာက်ပါတယ္။
အဆိုးဆုံးက ကိုယ္မွာပိုက္ဆံရွိ လည္း မရွိေသးလို႔ အဆင္မေျပလို႔ ဆိုၿပီး ကိုယ့္တြက္ပဲၾကည့္တက္သူကိုယ့္ပိုက္ဆံကိုယ္ ျပန္ေတာင္းတဲ့သူကို ရန္သူလို သေဘာထားၿပီးရင့္ရင့္သီးသီးဆက္ဆံတာနဲ႔ မ်က္ရည္ခံ ထိုးၿပီး ျပန္ေတာင္းတဲ့သူကို ခ်စ္တီးလို႔ တစ္ေလာကလုံးကထင္ေအာင္ ဇာတ္နာျပတာမ်ိဳး သူျပန္ေတာင္းတဲ့အထိ ေစာင့္မေနပါနဲ႔။
ကိုယ္ေပးတဲ့ထားတဲ့ကတိထက္ ပိုေစာၿပီး ဆပ္ႏိုင္ေလ ေကာင္းေလပါပဲ။ ျမန္ျမန္ရရင္ ျမန္ျမန္ဆပ္ပါ။သူေမးလာတဲ့အထိ ေစာင့္မေနပါနဲ႔။တခါတေလ သူတို႔က မေမ့ပါဘူး။ ကိုယ့္ျမင္ကတည္းက သူတို႔ပိုက္ဆံကို တန္းသတိရပါတယ္။
သူတို႔မွာလည္းသူတို႔အခက္ခဲအျဖစ္ခံၿပီး ကူညီထားတယ္ဆိုတာ မေမ့ပါနဲ႔အားနာလို႔သာ ေမ့ခ်င္ေယာင္ေဆာင္ေနၾကတာပါ။ ပိုက္ဆံေခ်းၿပီး ျပန္မဆပ္ခ်င္ၾကတဲ့သူေတြရဲ႕အက်င့္ဆိုးတစ္ခုကေတာ့ ေခ်းမိတဲ့သူရဲ႕ အားနာတတ္တဲ့စိတ္ကို ခ်နင္းတာပါပဲ။ ေတာ္ေတာ္ယုတ္ညံ့တဲ့စိတ္ပါ။
တကယ္ေတာ့ ကိုယ့္ကို ပိုက္ဆံေခ်းေပးတဲ့သူဆိုတာ အိမ္ဦးခန္းမွာထားၿပီး ေ႐ႊခ်ထားရမယ့္ သူမ်ိဳးေတြပါ။အဲ့လိုလူမ်ိဳး ကမာၻေပၚမွာ သိပ္မ်ားမ်ားစားစား မရွိပါဘူး။ ကိုယ့္ကိုတကယ္ခင္လို႔၊ စာနာလို႔၊ အားနာလို႔၊ ခ်စ္လို႔ သူ႔ရဲ႕ရွိစုမဲ့စုေလး ထုတ္ၿပီး ေခ်းေပးတာ ျဖစ္ပါတယ္။ကတိတည္ရပါမယ္။ မဟုတ္ရင္ တစ္ခါပဲရပါမယ္။
ကတိတည္လိုက္ရင္ ေနာင္လည္း လိုတဲ့အခါ ရႏိုင္ပါမယ္။ မဟုတ္ရင္ေတာ့ ကမာၻေပၚက အေကာင္းဆုံးေသာ မိတ္ေဆြတစ္ေယာက္ကို ကိုယ္တိုင္ ဖ်က္ဆီးလိုက္သလိုျဖစ္သြားပါလိမ့္မယ္။ အရမ္းႏွေျမာဖို႔ေကာင္းပါတယ္ ။ဒါေၾကာင့္ ပိုက္ဆံေခ်းၿပီးရင္ အေသအခ်ာ ျပန္ဆပ္ၾကပါ။
CREDIT