ၾကားသိရသမွ်

ကြိုးပေးကွပ်မျက်ခံလိုက်ရတဲ့ ဆလိုင်းတင်မောင်ဦးရဲ့အိပ်မက်တွေကို ပြည်သူတွေအတွက် ဆက်လက်အကောင်အထည်ဖော်ပေးမယ်ဆိုတဲ့ ဒေါက်တာဆာဆာ

ချင်းလူမျိုးတစ်ယောက်ဖြစ်တဲ့ ဒေါက်တာဆာဆာကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာ နိုင်ငံရပ်ခြားတွင် နေထိုင်နေတာပဲဖြစ်ပါတယ်။ဒေါက်တာဆာဆာက နိုင်ငံရပ်ခြားကိုရောက်ရှိနေပေမယ့်လည်း ဖေဖော်ဝါရီလကတည်းက အမိမြေအတွက် ပြည်သူတွေနဲ့အတူ ပါဝင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဆာဆာလိုပဲ ချင်းလူမျိုးတစ်ယောက်ဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးကလည်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ဆလိုင်းတင်မောင်ဦးကတော့ (၁၉၇၆) ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှာ ကြိုးပေးကွပ်မျက်ခံခဲ့ရတာဖြစ်ပါတယ်

ပြီးခဲ့တဲ့ ဇွန်လ (၂၆)ရက်နေ့၊ ၂၀၂၁ ခုနှစ်ကတော့ ဆလိုင်းတင်မောင်ဦးရဲ့ (၄၅) နှစ်ပြည့် နှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။အဲ့ဒီနေ့မှာ ပြည်သူလူထုက ဆလိုင်းတင်မောင်ဦးအတွက် လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဒေါက်တာဆာဆာကလည်း ချင်းအမျိုးသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့ နှစ်ပတ်လည်နေ့ကို သတိတရနဲ့ သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။

ပေးပို့ခဲ့တဲ့ သဝဏ်လွှာကတော့ အင်္ဂလိပ်၊မြန်မာဘာသာစကားနှစ်မျိုးနဲ့ဖြစ်ပြီး စာထဲမှာလည်း အကြောင်းအရာအစုံအလင်ကို ရေးသားထားတာဖြစ်ပါတယ်။

ဒေါက်တာဆာဆာက ဆလိုင်းတင်မောင်ဦးရဲ့ အိပ်မက်များကို မြန်မာပြည်သူလူထုရဲ့အိပ်မက်များအဖြစ်မှတ်ယူပြီးအကောင်အထည်ဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ဆလိုင်းတင်မောင်ဦးအပါအဝင်မြန်မာနိုင်ငံတွင် လွတ်လပ်မှုနဲ့ အားလုံးပါဝင်နိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးဆပ်သွားကြသော နိုင်ငံ့သူရဲကောင်းများအားလုံးကို လေးစားဂုဏ်ပြုနေတာဖြစ်ပါတယ်။

ဒေါက်တာဆာဆာပေးပို့လိုက်တဲ့သဝဏ်လွှာကို ပြည်သူအများအပြားဖတ်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder