ၾကားသိရသမွ်

ယနေ့ အွန်လိုင်းမှာ အားပေးမှုအများဆုံးဖြစ်သွားတဲ့ ကျေးလက်တောရွာက ကောက်စိုက်သမလေးတွေရဲ့ ကချင်မြေကိုလာပါ ဆိုတဲ့သီချင်း…

ဒီတစ်ခါလာပြန်ပီဗျာ အတွင်းကြေးသီချင်းပီးတော့ မနောမြေမှတေးသံသာ ဆိုတဲ့သီချင်းလေးနဲ့ ကျေးလက်တောရွာက ကောက်စိုက်သမလေးတေ ခေတ္တနားတုန်းလေး အပျင်းပြေသီဆိုကခုန်နေကြတဲ့ ဗွီယိုဖိုင်လေးပါ။






 



unicode

ဒီတစ်ခါလာပြန်ပီဗျာ အတွင်းကြေးသီချင်းပီးတော့ မေနာေျမမွေတးသံသာ ဆိုတဲ့သီချင်းလေးနဲ့ ကျေးလက်တောရွာက ကောက်စိုက်သမလေးတေ ခေတ္တနားတုန်းလေး အပျင်းပြေသီဆိုကခုန်နေကြတဲ့ ဗွီယိုဖိုင်လေးပါ။

တစ်ကယ်တော့ တောင်သူလယ်သမားတေဘဝဟာ ခက်ခဲကြမ်းတမ်းလှပါတယ်။ ကျွန်ုပ်တို့ နေစဉ်စားသုံးနေတဲ့ ဆန်စပါးတွေကို စိုက်ပျိုးပေးနေတာဟာ ကျေးဇူးရှင်တောင်သူလယ်သမားတို့သာဖြစ်ပါတယ်။ လူဆိုတာ တစ်ယောက်တည်းရပ်တည်လို့မရပါ။

ကုန်သည်ပွဲစား ပညာရှင် အလုပ်သမား လယ်သမား စသည် စသည် အပြန်အလှန်မှီခိုနေကြရတာဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံကြီးတိုးတက်ဖို့ ချမ်းသာဖို့ ဆိုရင် လယ်သမားတေရဲ့ဘဝတေ တိုးတက်လာမှ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံထားတဲ့နိုင်ငံဖြစ်လို့ပါပဲ။

နေထွက်ကနေဝင် တောထဲမှာပဲ လယ်ထွန်ယာထွန်ပျိုးနှုတ်ကောက်စိုက် နွားကျောင်းနဲ့ အချိန်ကုန်ကြရပါတယ်။ ဘဝတေ ဘယ်လောက်ကြမ်းတမ်းပေမယ့် နှလုံးသားလှကြပါတယ်။ ဟန်မဆောင်တတ်ဘူး ပလီပလာမချွဲမနွဲ့တတ်ဘူး။

ရှိတာလေးနဲ့ ရောင်ရဲတင်းတိမ်ပီး ပျော်အောင်နေကြတယ်။ ရိုးသားလှတဲ့ သူတို့ရဲ့ဘဝနေထိုင်မှုစရိုက်ပုံ စံလေးတွေကို ဒီဗွီယိုထဲမှာ မြင်တွေ့ကြရမှာပါ။ ပီးခဲ့တဲ့ သီတင်းတစ်ပတ်လောက်ကပဲ ကောက်စိုက်သမလေးတေ လယ်ကန်သင်းပေါ်မှာ အတွင်းကြေသီချင်းလေးနဲ့ ပျော်နေကြတဲ့ဗွီယိုဖိုင်လေးဟာလည်းအွန်းလိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။

အခုလည်း ကချင်မြေကိုလာပါ ဆိုတဲ့ သီချင်းလေးနဲ့ ကြည့်ရှုသူ တစ်သန်းကျော်ထိ ရှိခဲ့ပါတယ်။ အခုလည်း ဒီဗွီယိုလေးကို ကြည့်ခြင်းအားဖြင့် မိတ်ဆွေလည်း လွတ်လပ်ပေါ့ပါးမှု ရိုးသားမှု ပျော်ရွှင်မှုတေရလိမ့်မယ်လို့ထင်ပါတယ်။

တောင်သူလယ်သမားတေရဲ့ ဘဝကို အားလုံးသိပီး ပျော်ရွှင်မှု ကြည်နူးမှု တွေရအောင် ကျေးဇူးပြုပီး ဒီပို့လေးကို ရှဲပေးဖို့လည်း မေတ္တာရပ်ခံလိုက်ပါတယ်။