ၾကားသိရသမွ်

၅ ခါလောက်ထပ်ကြည့်ချင်သွားမယ့် အုန်းသီးကို ထူးခန့်ကျော် ဆေးကုပေးနေတဲ့ ဗွီဒီယိုဖိုင်








” ကျွန်တော်၇ရက်သားသမီးများရဲ့ရောဂါဝေဒနာများကို အခမဲ့ပါရမီဖြည့်တဲ့အနေနဲ့ကုသပေးခဲ့ရာ လူနာပေါင်းမနည်းလှတော့ပေ




&;




Unicode

သရုပ်ဆောင် ထူးခန့်ကျော်ကတော့ အနုပညာဘက်တွင် ထူးချွန်ရုံသာမကဘဲ ခုနှစ်ရက်သားသမီးများ ခံစားနေရတဲ့နာကျင်ကိုက်ခဲမှုတွေကို သူတတ်ထားတဲ့ ဆေးပညာရပ်များဖြင့် ကုသပေးနေသူ တစ်ဦးဖြစ်ပါတယ်။

သူကတော့ အခကြေးငွေမယူဘဲ ကုသပေးနေတာ ဖြစ်ပြီး ခုနှစ်ရက်သားသမီးများ စေတနာဖြင့် ပေးသောငွေများကိုတော့ ဘုရားတည်တဲ့နေရာတွင် အသုံးပြုမှာ ဖြစ်ပါတယ်။

ထူးခန့်ကျော်ထံသို့ သာမန်ပြည်သူတွေသာမကဘဲ အနုပညာအသိုင်းဝိုင်းမှညီအစ်ကိုမောင်နှမတွေလည်း လာရောက်ကုသလေ့ရှိပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ထူးခန့်ကျော်ရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ဆေးကုပေးနေရင်းနဲ့ ကက်ကက်လန်အောင် ပြန်ပြောနေတဲ့ လူရွှင်တော် အုန်းသီးကို ဗီဒီယိုရိုက်ပြီး ဆေးထိုးလိုက်တာ ဖြစ်ပါတယ်။

အုန်းသီးဟာ အသားထိလိုက်တာနဲ့ ယောင်တတ်တဲ့ အကျင့်ရှိတာကြောင့်အခုလိုပုံစံ ဖြစ်နေတာ ဖြစ်ပါတယ်။

ထူးခန့်ကျော်ကလည်း ပရိသတ်တွေ ပျော်ရွှင်စေဖို့ ဗီဒီယိုဖိုင်လေးကို တင်ပေးရခြင်းဖြစ်ကြောင်းကိုလည်း အခုလို ရေးသားပြောပြထားပါတယ်။

” ကျွန်တော်ရရက်သားသမီးများရဲ့ရောဂါဝေဒနာများကို အခမဲ့ပါရမီဖြည့်တဲ့အနေနဲ့ကုသပေးခဲ့ရာ လူနာပေါင်းမနည်းလှတော့ပေ။

ထိုအထဲမှထူးဆန်းစွာဖြင့်ဘယ်လိုလူနာမျိုးနဲ့မှမတူညီသောဝေဒနာရှင်လေး အသားထိလိုက်တာနဲ့ဆက်ဆက်ထိမခံ ကက်ကက်လန်အောင်ပြောနေသောသူ ဒါပေမဲ့ကျွန်တော်ရအောင်ကုသနိုင်ခဲ့တယ်လေ။

သူ့ရဲ့ ကပ်ကပ်လန်စကားသံများဟာလည်း အလွန်တရာပင်ချစ်စရာကောင်းလှပေသည်

1minuteတောင်မရှိသောvideoလေးအား ကြည့်ရှုခြင်းဖြင့် ဘဝအမောများပြေနိုင်ကြပါစေ သူ့ရဲ့ စကားသံနဲ့သူ့နာမည်လေးကိုCommentမှာရေးသားပေးခြင်းဖြင့် အားလုံးကျန်းမာလို့ချမ်းသာကြပါစေနော်🌸🌸🌸🌸🌸” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း အနုပညာညီအစ်ကိုတွေ ချစ်ခင်နေကြတာကို ကြည့်ပြီး ကြည်နူးနေကြတာ ဖြစ်ပါတယ်။

မကြည့်ရသေးသူများအတွက် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Htoo Khant Kyaw’s Facebook Account

&;