မြောက်မြန်မာက မြောက်ကိုရီးယား အချိုးတွေချိုးနေခဲ့တာကြာပေါ့။ ဟိုး စစ်အာဏာသိမ်းကတည်းက နော်ဝေက တယ်လီနောအပါအဝင် မြန်မာမိုဘိုင်းအော်ပရေတာတွေ၊ ကာတာက Ooredoo တို့က မြန်မာနိုင်ငံက သူတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေကို ပြန်လည်ရုပ်သိမ်းဖို့ စဉ်းစားနေကြတယ်လို့ သတင်းတွေက ရေးခဲ့ကြတယ်။
အခုလည်း နိုင်ငံခြား ဖုန်းကုမ္ပဏီတွေ က မြန်မာပြည်က ထွက်ခွါဖို့ ကြိုးစားနေကြဆဲပါ။ ဒါပေမဲ့ သူတို့ကို စစ်ကောင်စီက မြန်မာပြည်က ထွက်ခွါခွင့် ပိတ်ဆို့ခဲ့တယ်ဆိုတဲ့ သတင်း ရိုက်တာသတင်းဌာနက ဖွင့်ချလိုက်ပြီ။
“ မတ်လလယ်လောက်ကတည်းကပါ။ မြန်မာ့ဆက်သွယ်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံတကာက တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ အရာရှိတွေကို သူတို့ ခွင့်ပြုချက်မရဘဲ မြန်မာနိုင်ငံက ထွက်ခွါနိုင်မှာမဟုတ် လို့ ရုံးစာတစ်စောင်ပို့ခဲ့တယ်” တဲ့။
စစ်ကောင်စီက သူတို့ မြန်မာပြည်မှာ စောင့်ကြည့်ရေးကိရိယာတွေအကုန် တပ်ဆင်ပြီးတဲ့အထိ နိုင်ငံခြား ဖုန်းကုမ္ပဏီတွေ မြန်မာနိုင်ငံကထွက်ခွင့်မရှိလို့ ပိတ်ပင်ထားခဲ့တာပါတဲ့။
ဆက်သွယ်ရေးကုမ္ပဏီအရာရှိတွေကိုလည်း မြန်မာပြည်က ထွက်ခွါခွင့်မပြုခဲ့ဘူးလို့ဆိုလိုတယ်။ စစ်ကောင်စီက သူတို့ မြန်မာပြည်သူတွေရဲ့ သတင်းအချက်အလက်တွေကို ခိုးယူ စောင့်ကြည့်ဖို့ မိုဘိုင်းအော်ပရေတာတွေက ဖုန်းနဲ့ အင်တာနက်စောင့်ကြည့်ရေးပစ္စည်းကိရိယာတွေ တပ်ဆင်နေခဲ့၊ တပ်ဆင်နေဆဲ။
အဲဒါတွေ အကုန်တပ်ပြီးတဲ့အထိ နိုင်ငံခြား ဖုန်းကုမ္ပဏီတွေမြန်မာပြည်မှာနေရမယ်ပေါ့။ အခုဆို ခိုးနားထောင်စက်တွေ တော်တော်တပ်ပြီးလောက်ပြီ။
သတိထားကြပါ။
စစ်တပ်အာဏာသိမ်းမှုမတိုင်ခင် အစောပိုင်းကတည်းက ရိုက်တာသတင်းဌာနကပြောထားတာတစ်ခုရှိတယ်။ပုဂ္ဂိုလ်ရေးဆက်သွယ်မှုတွေကို စစ်တပ်က ခိုးနားထောင်နိုင်တဲ့ ကိရိယာတွေတပ်ဖို့ မြန်မာဆက်သွယ်ရေးအော်ပရေတာတွေကို ညွှန်ကြားထားတယ်ဆိုတဲ့အကြောင်းပေါ့ ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ တောင်းဆိုချက်တွေကို မြန်မာ့ ဖုန်းအေဂျင်စီတွေက သူတို့ ဘယ်အတိုင်းအတာအထိ ဝင်ရောက်စွပ်ဖက်ခွင့်ပေးသလဲ ဆိုတာ မသိရသေးပေမဲ့ တယ်လီနောနဲ့ Ooredoo တို့ကတော့ သူတို့ တောင်းဆိုချက်များကိုအပြည့်အဝမလိုက်နာနိုင်ပါလို့ပြောခဲ့တယ်တဲ့။
Credit
zawgyi
ေျမာက္ျမန္မာက ေျမာက္ကိုရီးယား အခ်ိဳးေတြခ်ိဳးေနခဲ့တာၾကာေပါ့။ ဟိုး စစ္အာဏာသိမ္းကတည္းက ေနာ္ေဝက တယ္လီေနာအပါအဝင္ ျမန္မာမိုဘိုင္းေအာ္ပေရတာေတြ၊ ကာတာက Ooredoo တို႔က ျမန္မာႏိုင္ငံက သူတို႔ရဲ႕ စီးပြါးေရးလုပ္ငန္းေတြကို ျပန္လည္႐ုပ္သိမ္းဖို႔ စဥ္းစားေနၾကတယ္လို႔ သတင္းေတြက ေရးခဲ့ၾကတယ္။
အခုလည္း ႏိုင္ငံျခား ဖုန္းကုမၸဏီေတြ က ျမန္မာျပည္က ထြက္ခြါဖို႔ ႀကိဳးစားေနၾကဆဲပါ။ ဒါေပမဲ့ သူတို႔ကို စစ္ေကာင္စီက ျမန္မာျပည္က ထြက္ခြါခြင့္ ပိတ္ဆို႔ခဲ့တယ္ဆိုတဲ့ သတင္း ႐ိုက္တာသတင္းဌာနက ဖြင့္ခ်လိုက္ၿပီ။
“ မတ္လလယ္ေလာက္ကတည္းကပါ။ ျမန္မာ့ဆက္သြယ္ေရးနဲ႔ ဆက္သြယ္ေရး ဝန္ႀကီးဌာနက ျမန္မာႏိုင္ငံမွာရွိေနတဲ့ ႏိုင္ငံတကာက တယ္လီဖုန္းဆက္သြယ္ေရးကုမၸဏီ အရာရွိေတြကို သူတို႔ ခြင့္ျပဳခ်က္မရဘဲ ျမန္မာႏိုင္ငံက ထြက္ခြါႏိုင္မွာမဟုတ္ လို႔ ႐ုံးစာတစ္ေစာင္ပို႔ခဲ့တယ္” တဲ့။
စစ္ေကာင္စီက သူတို႔ ျမန္မာျပည္မွာ ေစာင့္ၾကည့္ေရးကိရိယာေတြအကုန္ တပ္ဆင္ၿပီးတဲ့အထိ ႏိုင္ငံျခား ဖုန္းကုမၸဏီေတြ ျမန္မာႏိုင္ငံကထြက္ခြင့္မရွိလို႔ ပိတ္ပင္ထားခဲ့တာပါတဲ့။
ဆက္သြယ္ေရးကုမၸဏီအရာရွိေတြကိုလည္း ျမန္မာျပည္က ထြက္ခြါခြင့္မျပဳခဲ့ဘူးလို႔ဆိုလိုတယ္။ စစ္ေကာင္စီက သူတို႔ ျမန္မာျပည္သူေတြရဲ႕ သတင္းအခ်က္အလက္ေတြကို ခိုးယူ ေစာင့္ၾကည့္ဖို႔ မိုဘိုင္းေအာ္ပေရတာေတြက ဖုန္းနဲ႔ အင္တာနက္ေစာင့္ၾကည့္ေရးပစၥည္းကိရိယာေတြ တပ္ဆင္ေနခဲ့၊ တပ္ဆင္ေနဆဲ။
အဲဒါေတြ အကုန္တပ္ၿပီးတဲ့အထိ ႏိုင္ငံျခား ဖုန္းကုမၸဏီေတြျမန္မာျပည္မွာေနရမယ္ေပါ့။ အခုဆို ခိုးနားေထာင္စက္ေတြ ေတာ္ေတာ္တပ္ၿပီးေလာက္ၿပီ။
သတိထားၾကပါ။
စစ္တပ္အာဏာသိမ္းမႈမတိုင္ခင္ အေစာပိုင္းကတည္းက ႐ိုက္တာသတင္းဌာနကေျပာထားတာတစ္ခုရွိတယ္။ပုဂၢိဳလ္ေရးဆက္သြယ္မႈေတြကို စစ္တပ္က ခိုးနားေထာင္ႏိုင္တဲ့ ကိရိယာေတြတပ္ဖို႔ ျမန္မာဆက္သြယ္ေရးေအာ္ပေရတာေတြကို ၫႊန္ၾကားထားတယ္ဆိုတဲ့အေၾကာင္းေပါ့ ။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္တပ္ရဲ႕ ေတာင္းဆိုခ်က္ေတြကို ျမန္မာ့ ဖုန္းေအဂ်င္စီေတြက သူတို႔ ဘယ္အတိုင္းအတာအထိ ဝင္ေရာက္စြပ္ဖက္ခြင့္ေပးသလဲ ဆိုတာ မသိရေသးေပမဲ့ တယ္လီေနာနဲ႔ Ooredoo တို႔ကေတာ့ သူတို႔ ေတာင္းဆိုခ်က္မ်ားကိုအျပည့္အဝမလိုက္နာႏိုင္ပါလို႔ေျပာခဲ့တယ္တဲ့။
Credit



