ဒါရိုက်တာ၊ သရုပ်ဆောင် ကိုပေါက်ကတော့ သူချစ်တဲ့မိသားစုကိုရော၊ သူမြတ်နိုးတဲ့ ရုပ်ရှင်အနုပညာအလုပ်တွေကိုရော စွန့်လွှတ်ပြီး စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်ဖို့ လွတ်မမြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့ မတ်လ (၂) ရက်နေ့မှာတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အနုပညာရှင်တွေဟာ လွတ်မြောက်လာခဲ့တာကြောင့် ကိုပေါက်ဟာလည်း ထပ်တူဝမ်းသာနေလျက်ရှိပြီး လွတ်မြောက်လာခဲ့တဲ့ အနုပညာရှင်တွေကိုလည်း သတိပေးစကားပြောလာခဲ့ပါတယ်။
ကိုပေါက်က “ဝမ်းသာလွန်းတဲ့နေ့ နဲ့ နောက်ပိုင်းရာဇဝင် သူတို့တွေကိုလွတ်စေချင်ခဲ့တာကြာပြီ။ ဒီနေ့လွတ်လာပြီ ။ အမှန်တကယ်လွတ်လာပြီ။ ကြားလိုက်ရခြင်း ဝမ်းသာလို့မဆုံးဘူး။ ကျနော်ဘဝင်မကျတဲ့စာကြောင်း တကြောင်းနဲ့အတူ သူတို့က သူတို့ကို ပြည်သူနဲ့ ရန်တိုက်ပေးတော့မယ်။ သူတို့အကြံတွေက တော်တော်ကို ယုတ်မာပက်ဆက်လွန်းအားကြီးတယ်။ နောက်ပိုင်းမှာ ကာယကံရှင်တွေလည်း သတိနဲ့နေထိုင် လုပ်ကိုင်ပါ။ ပြည်သူလည်း အသိနဲ့ရှင်သန် တွေးတောပါ။ အမှန်တရားတွေထွန်းကားဖို့ ကျနော်တို့ဆက်လျှောက်ကြရမယ်။ ဆက်လျှောက်ဖို့အတွက် ကျနော်တို့ကျန်းမာအောင်ကြိုးစားနေပါတယ်။ ဖမ်းဆီးထိမ်းသိမ်းခံ တော်လှန်ရေးရဲဘော်များအားလုံး အမြန်လွတ်မြောက်ကြပါစေ။” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
ကိုပေါက်ပြောသလိုပဲ အမိန့်ချမှတ်ခံရပြီးသား အနုပညာရှင်တွေလွတ်မြောက်လာခဲ့ပေမယ့် ဒီကနေ့မှာ အဆိုတော် ပိုင်သက်ကျော်အပါအဝင် အခြားသော ပြည်သူအများအပြားဟာ စကစရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာမို့ အားလုံး သတိနဲ့သွားလေနေထိုင်ကြပါနော်။
Source: Aung Min Naing ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
လွတ်မြောက်လာကြတဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကို နောက်ပိုင်းမှာလည်း သတိနဲ့နေထိုင်ကြဖို့ ပြောလာတဲ့ ကိုပေါက်
ဒါရိုက်တာ၊ သရုပ်ဆောင် ကိုပေါက်ကတော့ သူချစ်တဲ့မိသားစုကိုရော၊ သူမြတ်နိုးတဲ့ ရုပ်ရှင်အနုပညာအလုပ်တွေကိုရော စွန့်လွှတ်ပြီး စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်ဖို့ လွတ်မမြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့ မတ်လ (၂) ရက်နေ့မှာတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အနုပညာရှင်တွေဟာ လွတ်မြောက်လာခဲ့တာကြောင့် ကိုပေါက်ဟာလည်း ထပ်တူဝမ်းသာနေလျက်ရှိပြီး လွတ်မြောက်လာခဲ့တဲ့ အနုပညာရှင်တွေကိုလည်း သတိပေးစကားပြောလာခဲ့ပါတယ်။
ကိုပေါက်က “ဝမ်းသာလွန်းတဲ့နေ့ နဲ့ နောက်ပိုင်းရာဇဝင် သူတို့တွေကိုလွတ်စေချင်ခဲ့တာကြာပြီ။ ဒီနေ့လွတ်လာပြီ ။ အမှန်တကယ်လွတ်လာပြီ။ ကြားလိုက်ရခြင်း ဝမ်းသာလို့မဆုံးဘူး။ ကျနော်ဘဝင်မကျတဲ့စာကြောင်း တကြောင်းနဲ့အတူ သူတို့က သူတို့ကို ပြည်သူနဲ့ ရန်တိုက်ပေးတော့မယ်။ သူတို့အကြံတွေက တော်တော်ကို ယုတ်မာပက်ဆက်လွန်းအားကြီးတယ်။ နောက်ပိုင်းမှာ
ကာယကံရှင်တွေလည်း သတိနဲ့နေထိုင် လုပ်ကိုင်ပါ။ ပြည်သူလည်း အသိနဲ့ရှင်သန် တွေးတောပါ။ အမှန်တရားတွေထွန်းကားဖို့ ကျနော်တို့ဆက်လျှောက်ကြရမယ်။ ဆက်လျှောက်ဖို့အတွက် ကျနော်တို့ကျန်းမာအောင်ကြိုးစားနေပါတယ်။ ဖမ်းဆီးထိမ်းသိမ်းခံ တော်လှန်ရေးရဲဘော်များအားလုံး အမြန်လွတ်မြောက်ကြပါစေ။” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။