ကိုယ့်ရဲ့ ဝေဒနာတွေကိုမေ့ပြီး သူတစ်ပါးရဲ့ ဒဏ်ရာတွေကို ဆေးထည့်ပေးခဲ့ဖူးတယ် ။
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါဆိုတာတော့ ရေရေရာရာ မသိတော့ဘူး ခဏခဏ မှန်းတော့ သိပါတယ် အားငယ်နေပါတယ်ဆိုတဲ့လူတွေကို အထီးကျန်မှုတွေကြားက အားပေးခဲ့ဖူးတယ် ငိုချင်လိုက်တာလို့ ပြောတဲ့သူကို မျက်ရည်တွေကြားက နှစ်သိမ့်ပေးခဲ့ဖူးတယ်
ကိုယ်ပေးလိုက်တဲ့အရာတွေက တကယ်တမ်းကျတော့ ကိုယ်ကိုယ်တိုင်လဲ မျှော်လင့်တောင့်တနေတတ်တဲ့ အရာတွေချည်းပါပဲ ဒါပေမယ့် ဂရုစိုက်တတ်တဲ့သူတစ်ယောက်ရဲ့ ဂရုစိုက်ခံချင်တဲ့စိတ်ကို လျစ်လျူရှုထားကြတာ များတယ်
အားပေးစကားတွေ နှစ်သိမ့်စကားတွေပြောနေလွန်းလို့ ရင့်ကျက်နေပြီလို့ အထင်ရောက်သွားတာလဲ ဖြစ်ရင်ဖြစ်မှာပါ ဘယ်လောက်ပဲ ရင့်ကျက်ပါတယ်ပြောပြော လောကဓံရဲ့ ထိုးချက်တွေအောက်မှာ တစ်ကြိမ်တစ်ခါပဲ ဖြစ်ဖြစ် ပြိုလဲကျချင်လာတဲ့အခါတွေရှိပါတယ် ဒီအချိန် ကိုယ့်ဝေဒနာတွေကော ဘယ်သူမြင်အောင် ကြည့်ခဲ့လဲ ကိုယ်ပေးလိုက်တဲ့အရာတိုင်းဟာ အမြဲတမ်း ကိုယ့်မှာ ပိုနေလို့ချည်းမဟုတ်ဘူး တစ်ခါတစ်ရံ ဒုက္ခဖြစ်ခံပြီး ကူညီပေးလိုက်တာတွေမှ အများကြီးပါ ဒါတွေလဲ ဘယ်သူမှ မမြင်ခဲ့ပါဘူး
တစ်ခါတစ်လေတော့လဲ ရင့်ကျက်သလိုနေနေရတာ အရမ်းကို ပင်ပန်းပါတယ် စိတ်ရှိလက်ရှိ ပြိုလဲကျပစ်လိုက်လို့ရတဲ့ နေရာလေးတစ်နေရာပဲ ဖြစ်ဖြစ် ကိုယ်အရှုံးမပေးဖို့ အားပေးတတ်တဲ့ စကားလုံးတွေပဲဖြစ်ဖြစ် လိုအပ်တတ်တာပဲလေ ဘ၀မှာ ဒဏ်ရာအနာတရ အများဆုံးလူက ပိုပြီး စာနာတတ်တယ်ဆိုတာ သူတို့မသိဘူး ။ ရှိုက်ကြီးတငင်ငိုပြီးမှ ပြုံးတဲ့အပြုံးက အလှဆုံးဆိုတာ သူတို့မသိဘူး ။ ပေးနိုင်လွန်းလို့ဆိုတာထက် ပေးချင်လွန်းလို့ ပေးခဲ့တာတွေ သူတို့မသိဘူး ။
သူတို့အထင်မှာ ကိုယ်ဟာ အစစအရာရာအဆင်ပြေနေပြီး အစစအရာရာ ခံနိုင်ရည်ရှိနေတယ်လို့ မှတ်ယူလိုက်ကြတယ်ထင်တယ် တကယ်တော့ ကိုယ်လဲ လူထဲက လူပါပဲ
နာကျင်တတ်သလို ခံစားတတ်တယ် တစ်ခါတစ်လေကျတော့လဲ ကိုယ်ပြောမယ့် စကားလုံးတွေကို နားထောင်ပေးနိုင်မယ့် နားတစ်စုံလေး လိုချင်တယ် ကိုယ် လမ်းတွေပျောက်နေတဲ့အခါ ဖေးမပေးမယ့် လက်တစ်စုံလိုတယ် ဘယ်လောက်ပဲ သန်မာနေပါစေ ကိုယ့်ကို နားလည်ပေးမယ့် ရင်ခွင်တစ်စုံတော့ လူတိုင်းတောင့်တကြတာပဲလေ ။
မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်
ကိုယ့်ရဲ့ ဝေဒနာတွေကိုမေ့ပြီး သူတစ်ပါးရဲ့ ဒဏ်ရာတွေကို ဆေးထည့်ပေးခဲ့ဖူးတယ် ။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါဆိုတာတော့ ရေရေရာရာ မသိတော့ဘူး ခဏခဏ မှန်းတော့ သိပါတယ် အားငယ်နေပါတယ်ဆိုတဲ့လူတွေကို အထီးကျန်မှုတွေကြားက အားပေးခဲ့ဖူးတယ် ငိုချင်လိုက်တာလို့ ပြောတဲ့သူကို မျက်ရည်တွေကြားက နှစ်သိမ့်ပေးခဲ့ဖူးတယ်
ကိုယ်ပေးလိုက်တဲ့အရာတွေက တကယ်တမ်းကျတော့ ကိုယ်ကိုယ်တိုင်လဲ မျှော်လင့်တောင့်တနေတတ်တဲ့ အရာတွေချည်းပါပဲ ဒါပေမယ့် ဂရုစိုက်တတ်တဲ့သူတစ်ယောက်ရဲ့ ဂရုစိုက်ခံချင်တဲ့စိတ်ကို လျစ်လျူရှုထားကြတာ များတယ်
အားပေးစကားတွေ နှစ်သိမ့်စကားတွေပြောနေလွန်းလို့ ရင့်ကျက်နေပြီလို့ အထင်ရောက်သွားတာလဲ ဖြစ်ရင်ဖြစ်မှာပါ ဘယ်လောက်ပဲ ရင့်ကျက်ပါတယ်ပြောပြော လောကဓံရဲ့ ထိုးချက်တွေအောက်မှာ တစ်ကြိမ်တစ်ခါပဲ ဖြစ်ဖြစ် ပြိုလဲကျချင်လာတဲ့အခါတွေရှိပါတယ် ဒီအချိန် ကိုယ့်ဝေဒနာတွေကော ဘယ်သူမြင်အောင် ကြည့်ခဲ့လဲ ကိုယ်ပေးလိုက်တဲ့အရာတိုင်းဟာ အမြဲတမ်း ကိုယ့်မှာ ပိုနေလို့ချည်းမဟုတ်ဘူး တစ်ခါတစ်ရံ ဒုက္ခဖြစ်ခံပြီး ကူညီပေးလိုက်တာတွေမှ အများကြီးပါ ဒါတွေလဲ ဘယ်သူမှ မမြင်ခဲ့ပါဘူး
တစ်ခါတစ်လေတော့လဲ ရင့်ကျက်သလိုနေနေရတာ အရမ်းကို ပင်ပန်းပါတယ် စိတ်ရှိလက်ရှိ ပြိုလဲကျပစ်လိုက်လို့ရတဲ့ နေရာလေးတစ်နေရာပဲ ဖြစ်ဖြစ် ကိုယ်အရှုံးမပေးဖို့ အားပေးတတ်တဲ့ စကားလုံးတွေပဲဖြစ်ဖြစ် လိုအပ်တတ်တာပဲလေ ဘဝမှာ ဒဏ်ရာအနာတရ အများဆုံးလူက ပိုပြီး စာနာတတ်တယ်ဆိုတာ သူတို့မသိဘူး ။ ရှိုက်ကြီးတငင်ငိုပြီးမှ ပြုံးတဲ့အပြုံးက အလှဆုံးဆိုတာ သူတို့မသိဘူး ။ ပေးနိုင်လွန်းလို့ဆိုတာထက် ပေးချင်လွန်းလို့ ပေးခဲ့တာတွေ သူတို့မသိဘူး ။