ၾကားသိရသမွ်

ဟားငါးကောင်နဲ့ပက်သက်ပြီး မဟုတ်မမှန်သတင်းလွှင့်နေကြသူများကို ပြတ်ပြတ်သားသားပြန်လည်ချေပလိုက်တဲ့ တိုင်းကျော်…

လူရွှင်ဝောာ်တိုင်းကျော်က သူ့ရဲ့ညီအစ်ကိုမိတ်ဆွေတွေဖြစ်တဲ့ ဟားငါးကောင်နဲ့အတူ လွတ်မြောက်နယ်မြေကိုရောက်ရှိနေတာဖြစ်ပြီး Gen Zလူငယ်လေးတွေနဲ့အတူ စစ်ပညာသင်ယူနေတာဖြစ်ပါတယ်။ တိုင်းကျော်တို့အဖွဲ့က တောထဲတောင်ထဲမှာ နေစရာအိမ်ကအစကိုယ်တိုင်ဆောက်ပြီး အခက်အခဲဒုက္ခတွေကြားထဲကနေ တိုင်းပြည်ကာကွယ်ဖို့အတွက် စစ်ပညာသင်ယူနေကြတာပါ….။

ပြည်သူချစ်အနုပညာရှင်အဖြစ်ကနေ အခုလိုမျိုး ပြည်သူကိုအကာအကွယ်ပေးတဲ့ အနုပညာရှင်အနေနဲ့ရပ်တည်ခဲ့တဲ့ တိုင်းကျော်တို့အဖွဲ့ရဲ့သတ္တိကတော့ လေးစားစရာကောင်းပါတယ်။

တိုင်းကျော်တို့ ဟားငါးကောင်အဖွဲ့ကအခုလိုအမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်လိုက်တဲ့အတွက် လူအချို့ရဲ့ဝေဖန်အပြစ်တင်မှုတွေနဲ့ သတင်းမှားအလွှင့်ခံရတဲ့အထိပါတွေ့ကြုံနေတာကိုတွေ့ရပါတယ်။ ဟားငါးကောင်အဖွဲ့ကို ကြိုးတုပ်ပြီး ဖုန်းတွေသိမ်းကာဖမ်းဆီးထားကြောင်း မဟုတ်မမှန်သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး တိုင်းကျော်ကသူ့ရဲ့ Facebookစာမျက်နှာမှာ “အခု ဖုန်း သိမ်း သွားလို့ ကွန်ပျူတာ နဲ့ သုံးနေတာ ပါ ဆို ( လခွမ်း ) ငါ့နှယ်

မေ့လို့ ကြိုးတုပ်ဖို့ နေနေသာသာ KNU က

ငါတို့ကို ချစ်လိုက်တာ တုန်နေတာဘဲ ကျွန်တော့် မိသားစု တွေ များများ ရှဲပေး ❤️….” ဆိုပြီး ပြတ်ပြတ်သားသားပြန်လည်ရေးသားထားပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်ဖော်‌ပြပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Taingkyaw’s Facebook acc
