ပရိတ်သတ်ကြီးရေ…နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချောပိုင်တံခွန်ဟာဆိုရင် ပြည်တွင်းမှာတင်မကပဲပြည်ပနိုင်ငံတွေအထိပါထိုးဖောက်အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။
ဆွဲဆောင်မှုရှိတဲ့ ပိုင်တံခွန်ဟာ မိန်းကလေးပရိတ်သတ်တွေတင်အားပေးကြမ်းတာမဟုတ်ပဲ ယောကျာ်းလေးပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။
စိတ်ထားဖြူစင်လွန်ပြီးဖော်ရွေတတ်တဲ့ သူရဲ့အမူအကျင့်လေးတွေက ပရိတ်သတ်ကိုထူးခြားစွာဆွဲဆောင်နေတာလည်းဖြစ်ပါတယ်နော်။
လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပိုင်တံခွန်က ရှေ့ဆုံးကနေ ပြည်သူလူထုနဲ့အတုူတက်ကြွစွာ ဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့် တရားစွဲခံရတာပဲဖြစ်ပါတယ်။
ပိုင်တံခွန်ဟာ တရားစွဲခံရပြီးနောက်မှာ ကျန်းမာရေးမကောင်းသဖြင့် နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်..။
ဒီကနေ့မှာတော့ အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ရေးယူဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသား ၇၀၀ ကို ယနေ့ ဇွန် ၃၀ရက်မှာအင်းစိန်ထောင် မှ ပြန်လွှတ်ပေးလိုက်ပြီဟုသိရသည်။
လက်ရှိ ပြည်သူချစ်အနုပညာရှင် ပိုင်တံခွန် ပြန်လည်လွတ်မြောက်လာပြီဟု ကနဦး သိရသည်။
ဂျွန်လွင်ကလည်း “ပိုင်တံခွန် အူဝဲတချို့အနုပညာရှင်များwelcome backကြားတဲ့သတင်းမှန်ပါစေ”လို့တင်ထားဝာာဖြစါပါတယ်နော်။
စစ်ကောင်စီကဖမ်းဆီးထားတဲ့ အနုပညာရှင်တွေထဲကမှ ပိုင်တံခွန်၊ပိုပိုနဲ့ တခြားအနုပညာရှင်တွေပါဝင်နိုင်တယ်လို့ အနုပညာအသိုင်းကဝိုင်းနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
“သိရသလောက်တော့ ပိုင်တံခွန်နဲ့ ပိုပို ကသေချာသလောက်ပဲ၊ ပြေတီဦးကတော့မပြောနိုင်သေးဘူး၊ ကိုလူမင်းတော့မပါဘူးပြောတယ် သူ့အတွက်စိတ်မကောင်းဘူး”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။
မတ်လမှာဖမ်းဆီးထားသူတွေအများဆုံးပါဝင်မယ်လိုသတင်းတွေထွက်ပေါ်နေပြီး မတရားဖမ်းဆီးခံထားရသူတွေပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် လာရောက်စောင့်မျှော်နေတဲ့မိသားစုဝင်တွေ အင်းစိန်ထောင်ရှေ့ အများအပြားရောက်ရှိနေပါတယ်။
ပိုင်တံခွန်အဖမ်းခံထားရတဲ့အတွက် ပရိတ်သတ်တွေကများစွာဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။
ပိုင်တံခွန်ကိုချစ်တဲ့ပရိတ်သတ်တွေက အမြန်ဆုံးပြန်လည်ဖို့ဆုတောင်းပေးနေရတာပဲဖြစ်ပါတယ်နော်.။
ဒီကနေ့မှာဆိုရင်တော့ ပရိတ်သတ်တွေရဲ့ဆုတောင်းတွေပြည့်ခဲ့ပါပြီးနော်။
Credit