အိုးပိုင္ အိမ္ပိုင္ႏွင့္ ျဖစ္လာေအာင္
ေဗဒင္မိတ္ေဆြေတြ အိုးပိုင္အိမ္ပိုင္နဲ႔ ေနလိုတယ္လို႔ လာလာေျပာၾကတာရွိတယ္ အဲဒီလိုလာေျပာရင္ေတာ့ ေအာက္ကယၾတာေတြကို လုပ္ခိုင္းလိုက္ပါတယ္။
ဘုန္းႀကီးေက်ာင္း၊ ေဆး႐ုံ၊ စာသင္ေက်ာင္းမ်ားေဆာက္တဲ့ အခါမွာ တတ္ႏိုင္သေလာက္လႉေပးပါ။ဘိုးဘြားရိပ္သာေတြမွာ မိမိတတ္ႏိုင္သေလာက္လႉေပးပါ။
လမ္းေဘးေရအိုးစင္ သို႔မဟုတ္ ဘုန္းႀကီးေက်ာင္းမွာ ေသာက္ေရအိုးလႉေပးပါ အထူးယၾတာအေနျဖင့္ ေအာက္ေဖၚျပပါ အတိုင္းလည္းလုပ္ ကိုယ္တိုင္လည္း လုံ႔လစိုက္ေငြရွာေပါ့ဗ်ာ။
ပထမ နည္းလမ္း
အုန္းသီးခြံႏွင့္ စာကေလးအိမ္ ေဆာက္လုပ္ရမယ္ အျပင္ကေတာ့ အုန္းဆံႀကိဳးႏွင့္ ခ်ဥ္ၿပီး အိမ္ တံစက္ၿမိတ္မွာ တြဲေလာင္း ခ်ည္ထားဗ်ာ။
ေန႔တိုင္းေတာ့ အဲဒီငွက္အိမ္ေလးေတြမွာ ေနၾကတဲ့ ငွက္ကေလးေတြကို အစာေကြၽး ေကြၽးရင္းနဲ႔ ကြၽႏ္ုပ္ သည္လည္း အိုးပိုင္အိမ္ပိုင္ႏွင့္ အျမန္ေနႏိုင္ရပါေစလို႔ ဆုေတာင္းေပေတာ့ ဒါ နံပါတ္(၁) ယၾတာပဲ။
ဒုတိယ နည္းလမ္း
ေညာင္ပင္ႀကီးႀကီး တစ္ပင္ကို ရွာ၊အဲဒီ ေညာင္ပင္ မွာသြားၿပီး သန႔္ရွင္းေရးေတြ ဘာေတြလုပ္ ၿပီးရင္ ေနာက္ေန႔က်ရင္ အဲဒီေညာင္ပင္ႀကီးမွာ ႐ုကၡဇိုးစင္ သြားလႉရမယ္။
လႉတဲ့ ႐ုကၡဇိုးစင္မွာလဲ မၾကာမၾကာသြားၿပီး ေကာက္ညႇင္းေပါင္းတို႔ ဖေယာင္းတိုင္တို႔ အေမႊးတိုင္တို႔ ပန္းတို႔ တတ္ႏိုင္သေလာက္ သြားလႉၿပီးရင္ ။
႐ုကၡဇိုးနတ္မင္းဆီမွာ အိုးပိုင္ အိမ္ပိုင္ တစ္လုံးနဲ႔ အျမန္ေနရပါလို၏လို႔ ဆုေတာင္းရမယ္ ေနာက္ေအာက္က ဂါထာကို ၃၇ ေခါက္ ေန႔စဥ္႐ြတ္ေပးပါ ။
႐ုကၡဇိုးဂါထာေတာ္
အာကာသ႒ာန ဘူမ႒ာစ ႐ုကၡ႒ာစ မဟိဒၶိကာ ဣဒၶိမေႏၲာ စ ေယ ေဒဝါ မံ ပါေပတု ပတိစၦိတံ။
ခုႏွစ္ရက္ သားသမီး အားလုံးလည္း အိုးပိုင္အိမ္ပိုင္မ်ားနဲ႔ အဆင္ေျပစြာ ေနထိုင္ႏိုင္ၾကပါေစေၾကာင္း အႀကံေပးၿပီး ေမတၱာပို႔သ အပ္ပါတယ္ ။
Manawmaya
Unicode
အိုးပိုင် အိမ်ပိုင်နှင့် ဖြစ်လာအောင်
ဗေဒင်မိတ်ဆွေတွေ အိုးပိုင်အိမ်ပိုင်နဲ့ နေလိုတယ်လို့ လာလာပြောကြတာရှိတယ် အဲဒီလိုလာပြောရင်တော့ အောက်ကယတြာတွေကို လုပ်ခိုင်းလိုက်ပါတယ်။
ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်းများဆောက်တဲ့ အခါမှာ တတ်နိုင်သလောက်လှူပေးပါ။ဘိုးဘွားရိပ်သာတွေမှာ မိမိတတ်နိုင်သလောက်လှူပေးပါ။
လမ်းဘေးရေအိုးစင် သို့မဟုတ် ဘုန်းကြီးကျောင်းမှာ သောက်ရေအိုးလှူပေးပါ အထူးယတြာအနေဖြင့် အောက်ဖေါ်ပြပါ အတိုင်းလည်းလုပ် ကိုယ်တိုင်လည်း လုံ့လစိုက်ငွေရှာပေါ့ဗျာ။
ပထမ နည်းလမ်း
အုန်းသီးခွံနှင့် စာကလေးအိမ် ဆောက်လုပ်ရမယ် အပြင်ကတော့ အုန်းဆံကြိုးနှင့် ချဉ်ပြီး အိမ် တံစက်မြိတ်မှာ တွဲလောင်း ချည်ထားဗျာ။
နေ့တိုင်းတော့ အဲဒီငှက်အိမ်လေးတွေမှာ နေကြတဲ့ ငှက်ကလေးတွေကို အစာကျွေး ကျွေးရင်းနဲ့ ကျွန်ုပ် သည်လည်း အိုးပိုင်အိမ်ပိုင်နှင့် အမြန်နေနိုင်ရပါစေလို့ ဆုတောင်းပေတော့ ဒါ နံပါတ်(၁) ယတြာပဲ။
ဒုတိယ နည်းလမ်း
ညောင်ပင်ကြီးကြီး တစ်ပင်ကို ရှာ၊အဲဒီ ညောင်ပင် မှာသွားပြီး သန့်ရှင်းရေးတွေ ဘာတွေလုပ် ပြီးရင် နောက်နေ့ကျရင် အဲဒီညောင်ပင်ကြီးမှာ ရုက္ခဇိုးစင် သွားလှူရမယ်။
လှူတဲ့ ရုက္ခဇိုးစင်မှာလဲ မကြာမကြာသွားပြီး ကောက်ညှင်းပေါင်းတို့ ဖယောင်းတိုင်တို့ အမွှေးတိုင်တို့ ပန်းတို့ တတ်နိုင်သလောက် သွားလှူပြီးရင် ။
ရုက္ခဇိုးနတ်မင်းဆီမှာ အိုးပိုင် အိမ်ပိုင် တစ်လုံးနဲ့ အမြန်နေရပါလို၏လို့ ဆုတောင်းရမယ် နောက်အောက်က ဂါထာကို ၃၇ ခေါက် နေ့စဉ်ရွတ်ပေးပါ ။
ရုက္ခဇိုးဂါထာတော်
အာကာသဋ္ဌာန ဘူမဋ္ဌာစ ရုက္ခဋ္ဌာစ မဟိဒ္ဓိကာ ဣဒ္ဓိမန္တော စ ယေ ဒေဝါ မံ ပါပေတု ပတိစ္ဆိတံ။
ခုနှစ်ရက် သားသမီး အားလုံးလည်း အိုးပိုင်အိမ်ပိုင်များနဲ့ အဆင်ပြေစွာ နေထိုင်နိုင်ကြပါစေကြောင်း အကြံပေးပြီး မေတ္တာပို့သ အပ်ပါတယ် ။
Manawmaya