နင်းပြားဘဝမှ ကုန်းထခြင်း ကျွန်တော့် ဘဝ ဖြစ်ရပ်မှန်
နင်းပြားဘဝမှ ကုန်းထခြင်း
ကျွန်တော့်ကို မြင်းခြံ မြို့နယ်၊ ခေါင်းကွဲရွာတွင် မွေးခဲ့သည်။ ကျွန်တော့်အဖေသည် ဆေးရွက်ကြီးစိုက်သော တောင်သူ၊ ကျွန်တော့် အမေသည် မြို့သူ ဖြစ်ပြီး အဖေ နှင့်ရမှ ခေါင်းကွဲတွင် လိုက်နေကာ တောင်သူ အလုပ်လုပ်ခဲ့ရသည်။
တောင်သူဆိုသည့် အတိုင်း အလွန်ပင်ပန်းသည်။ အလုပ် ကို ပင်ပန်းဆင်းရဲကြီးစွာ လုပ်ရသည်။ နွား နှင့် ဖက်ရုန်း ရသည်။ ပင်ပန်း လိုက်သည်မှ လူရုပ်ပင် မပေါ်။ ပင်ပန်းသလောက် ပိုက်ဆံရပါ၏လား ဆိုတော့ နှစ်တိုင်း အရှုံးပေါ်သည်။
အဘယ်ကြောင့် အရှုံးပေါ်သနည်း ကို ရှင်းပြချင်ပါသည်။ ဆေးရွက်ကြီး ပွဲစားများ သည် တစ်နှစ်တွင် သုံး ရစ် (သို့) လေးရစ် ကြို ငွေ ထုတ်ပေးသည်။ ထုတ်ပေးသည့်ကြိုငွေ ကလည်း အတိုးလေး ပါသေးသည်။
ယင်းကြိုငွေရမှသာ တောင်သူတို့ လုပ်ငန်းစနိုင်သည်။ ထိုငွေဖြင့် ဆေးပျိုးပင်ဝယ်၊ စိုက်ပျိုးဆေးဝယ် ၊ အလုပ်သမားခေါ်စသည်ဖြင့် ဘာမှအရာ မထင်လိုက်၊ ဖြုတ်ခနဲ တန်းကုန် သွားသည်။ ကြိုငွေကုန်သွားသော် လက်ထဲပိုက်ဆံမရှိ။
ထိုအချိန် ပွဲစားကလည်း တန်းထုတ်မပေးနိုင်။ ထို့ကြောင့် ပိုက်ဆံ ရှိသော အခြားသူတွေဆီ ဟိုဆွဲ ဒီဆွဲ၊ ဟိုချေး ဒီချေး လုပ် ရပြန် သည်။ ဤသို့လျှင် အကြွေးပိ တစ်နှစ်၊ တစ်နှစ် အလုပ်သိမ်း၍ ပွဲစား နှင့် ပိုက်ဆံရှင်းလျှင် အပို ပိုက်ဆံတော့ မရ၊ အကြွေးစာရင်း စာရွက်တော့ ရ လာ သည်။
ပိုက်ဆံတော့မပို ၊နောက်နှစ် အကြွေးတော့ ပို သွား သည်။ ထိုကဲ့သို့ အကြွေး စာရင်း ပိုတော့ ပွဲစားကို ပြန် ဆပ်နိုင်ဖို့ အရေး မဖြစ်မနေ တောင်သူ လုပ်ရပြန်သည်။ နောက်နှစ် အကြွေးတင်ပြန်သည်။
ဤသို့လျှင် ဘဲဥအစရှာ မရသလိုဖြစ် နေသည်။ အကြွေး သံသရာ ထဲက မထွက်နိုင်တော့။ ကျွန်တော် တို့ မောင်နှမ သုံးယောက်လုံး ပညာတတ် ဖြစ်ခဲ့သည်မှာ အမေ၏ အမြင်ကျယ်မှု၊ အဖေ၏ အားပေးမှုကြောင့် သာဖြစ်ပါသည်။
မိဘကျေးဇူး အလွန်ကြီးမား လှပါသည်။ ကျွန်တော် သုံးတန်းနှစ် ကတည်း ကစ၍ စာဖတ်ခဲ့သည်။ စာဖတ် ဝါသနာက ကျွန်တော့်ကို များစွာ ပြု ပြင်၊ထိန်းကျောင်း ပေးခဲ့သည်။
၆ တန်း၊ ၇ တန်းနှစ်က ဆိုလျှင် စာအုပ်အငှါးဆိုင်သို့ နေ့တိုင်း မိကျောင်းစက်ဘီးလေး နှင့် သွား ၊ စာအုပ် (၅ ) အုပ်လောက်ငှားလာသည်။ အိမ်ရောက်တော့ ပက်လက်လှန်ပြီး စာဖတ်တော့သည်။ ထမင်းမေ့ ဟင်းမေ့ကို ဖတ် ခဲ့သည်။ စာစုံဖတ်ခဲ့ သည်။
ယုတ်စွ အဆုံး လမ်းဘေးမှာတွေ့သည့် သတင်းစာဖြတ်ပိုင်းက အစဖတ်ခဲ့သည်။ စာပေအပေါ် ရူးသွပ်ခဲ့သည်။ စာပေကနေ ခရီးတွေ ထွက်ခဲ့သည်။ လူတွေအကြောင်း သိလာခဲ့သည်။ စာပေ တွေကနေ စုံထောက် လုပ်တတ် လာခဲ့သည်။
ငယ်ငယ်တည်းက အိမ်တွင်အစစအရာရာ အဆင်မပြေမှန်း သိ၍ “ကိုယ့်ဝမ်းနာ ကိုယ်သာသိ “ဆိုသည့် အတိုင်း ဘဝ မမေ့ဘဲ ကြိုး စား ခဲ့သည်။ ပျင်းသည့် အချိန်၊ စာမလုပ်ချင်သည့် အချိန်တိုင်း ကောင်းကင်ကို မော့ကြည့်၍ ငါ စာမလုပ်ချိန်မှာ မိဘတွေ ဘယ်လောက် ပင်ပင် ပန်းပန်း ဆင်းရဲ ကြီးစွာ လုပ်နေရသလဲ။
ငါ စာလုပ် တယ် ဆိုတာ မိဘ တွေ ပင် ပန်းတာ နဲ့ ယှဉ်ရင် မပြောပလောက် ပါဘူးဆိုပြီး မိမိ ကိုယ် ကို အားပေးရင်း၊ မျက်ရည်ဝဲရင်း၊ အံကြိတ် ရင်း ကြိုးစား ခဲ့ရသည်။ကျွန်တော်သည် ညဏ်ကောင်းသည့် ကျောင်းသားမဟုတ်ပါ ။
အလွန် ကြိုးစားသည့် ကျောင်းသားသာ ဖြစ် ပါသည်။ သူများအိပ်ချိန်မှာ မအိပ်ဘဲ ကြိုးစား ခဲ့သည်။ မနက် ၅:၃၀ ထ၍ ည ၁၁ ခွဲ ထိ အတတ်နိုင်ဆုံးကြိုးစား စာကြည့် ခဲ့သည်။ ဖင်မြဲမြဲ ဖြင့် စာကြည့်ခဲ့သဖြင့် ဖင်မှာ ချပ်ပင်တည်ခဲ့သည်။
ခု ကျွန်တော့် ကလေးတွေကို အမြဲပြောသော စကား ရှိ သည်။ ***ကြိုးစားလား မကြိုးစားလား သိချင်လျှင် ဖင်ချပ်တည် မတည် စမ်းကြည့်ပါ ***ဟူ၍ဖြစ် သည်။
ထမင်းတစ်ခါ စားလျှင် ၅ မိနစ်တောင် မကြာ ခဲ့ပါ။ ရေချိုး လျှင်လဲ ဆပ်ပြာ မတိုက်ခင် (၁၀ ) ခွက် ဆပ်ပြာတိုက် ပြီး (၁၀)ခွက် ကွက်တိ ချိုး ခဲ့သည်။ ညဏ် မကောင်းတော့ ရေးကျက် ကျက် ခဲ့သည်။ တစ်ပုဒ်ကို ၁၅ ခေါက် လောက်ရေးကျက် ခဲ့ သည်။
ကျွန်တော် (၁၀) တန်းတွင် (၅) ဘာသာ ဂုဏ်ထူးဖြင့် အောင်ခဲ့သည်။ ညဏ်ကောင်း ၍ မဟုတ် ကြိုးစား ၍ ဖြစ် သည်။ မိဘတွေ ဆင်းရဲ တွင်းက လွတ်ဖို့ ပညာရေး က လွတ်မြောက်ရာမှန်း သိ ခဲ့ သည်။ ထို့နောက် ဆေး ကျောင်းတက် ခဲ့သည်။
ရွှေ စက်သုံးဆီဆိုင်က ကျေးဇူးရှင်အစ်ကို နှင့် အစ်မတို့ ၏ အိမ်တွင်နေ၍ ကျောင်းတက်ခဲ့သည်။ ကျွန်တော့အတွက် ဆပ်၍မကုန်သော ကျေးဇူး ရှင်များ ဖြစ်သည်။ ခုထိပင် ကျွန်တော်အပေါ် အရာရာ သွန်သင်ဆုံးမ ကူညီဆဲပင်။
ဆေးကျောင်း လေးနှစ်တက် ချိန်တွင်လည်း ဆယ်တန်း ကိုးတန်း Guide ပြ ခဲ့သည်။ တစ် လ(၂၈၀၀၀၀) ကျပ်ဝင်ခဲ့သည်။ မှတ်မှတ်ရရ ဆေးကျောင်းတက်သမျှ ကာလပတ်လုံး အိမ်က သုံးသောင်းကျပ်သာ တောင်းခဲ့ဖူးသည်။
ကိုယ် ရှာသည့် ပိုက်ဆံ မို့ ကိုယ် နှမြောခဲ့သည်။ ကျူရှင် မတက် ခဲ့။ ပိုဆိုးသည် က ဆရာဝန်မလုပ် လဲ ပိုက်ဆံ ရှာ ၍ ရမှန်း သိခဲ့သည်။ ထို့အခါ စာမေးပွဲ ကျတော့သည်။ ၂၀၁၂ မှာ မြင်းခြံ ပြန်လာသည်။ ရွှေစက်သုံးဆီဆိုင် တွင် ကူလုပ်ခဲ့သည်။
ကျွန်တော် မြင်းခြံ ပြန်ရောက်နေမှန်း သိသောအခါ ဟိုက ဒီက ဂိုက် လာခေါ်ကြသည်။
ဂိုက်ပြရင်း ဂိုက်ချိန် တွေ များ လာခဲ့သည်။၂၀၁၄-၂၀၁၅ ပညာသင်နှစ် က Guide ချိန် အများဆုံးပင်။ မနက် ၅ နာရီမှ ည ၁ နာရီ ထိ အချိန် များ ပြည့်နေသည်။
ကျောင်းသား အိမ် ညအိပ် ရင်း သင်ပြ ခဲ့ ရသည်။ ၂၀၁၅ -၂၀၁၆ “ကျော်ဘော်ဒါ” စဖွင့်ဖြစ်သည်။ ပိုက်ဆံ ရှိ၍ မဟုတ် ဖွင့်ချိန်တန်၍ ဖွင့်ရခြင်းပင် ဖြစ်သည်။ ကျွန်တော့်အသက် ၂၂ နှစ် ဖြစ်သည်။၂၀၁၆ မှာ ဆေးကျောင်းက ပြန်ခေါ်သည်။
နှစ် ဘာသာ ဘဲတက်ရသည်။ ထို နှစ် သည် ကျွန်တော့ “ကျော်ဘော်ဒါ “တွင်နေသော ကျောင်းသား အယောက်၂၀ တွင် ၁၂ ယောက် အောင်သောနှစ် ဖြစ်သည်။ ကျွန်တော် တွေးသည်။ စဉ်းစားသည်။ တိုင်ပင်သည်။
ကျွန်တော့် အသက် (၂၃) နှစ် ဖြစ်သည်။ ကျွန်တော့် အမေက ကျွန်တော့ ကို သူမ အသက်(၄၀) တွင် မွေးခဲ့သည်။ ကျွန်တော် (၂၃) ဆိုလျှင်ပင် အမေ့အသက် က(၆၃) နှစ်ရောက် နေပြီ။
ကျွန်တော် သာ ဆေး ကျောင်းဆက်တက် လျှင် အမေ့ကို တိုက် နှင့် ကားနှင့် ရေခဲသေတ္တာ နှင့် ထား နိုင်မည် မဟုတ်။ အမေ ထိုအရာတွေကို မသုံးဖူးဘဲ ကောင်းကောင်းမနေရပဲ ချမ်းချမ်းသာသာ မနေရပဲ သေ သွားမည် ကို ကျွန်တော် အလွန်စိုးရိမ်သည်။
အမေ့ကို “ကောင်းပေ့ ညွှန့်ပေ့”ဆိုသော အရာ များ စားစေချင်သေးသည်။ သုံးစေချင်သေးသည်။ ကျွန်တော် အလုပ်လုပ်မှ ရမည်ကို သိလာသည်။ ထို့ကြောင့် ဆေးကျောင်းကို စိတ်ဖြတ် ပစ်လိုက်သည်။ ဆေးကျောင်းထွက်ခဲ့သည်။ကျွန်တော်က ပါးစပ် တော်တော်စီးသည်။
ကျွန်တော် ပြောသမျှ အများစု ကဖြစ်ဖြစ် လာတတ်သည်။ အဓိကက မိဘ လုပ်ကျွေးပီး သံဗု ဒ္ဓေ ရွတ်သော ကြောင့် ထင် သည်။ ဘော်ဒါ ဖွင့်ချင်သည်ဟု ၂၀၁၂ မှာ ကိုယ့်ကိုယ်ကို ပြောမိသည်။ ပိုက်ဆံ မရှိ၍ မည်သို့မှ မဖြစ် နိုင်။
သို့သော် ၂၀၁၅-၂၀၁၆ မှာ ဖွင့် ဖြစ်ခဲ့သည်။
White Board ကို ကျောင်းသားဟောင်းက အသုံးမလို၍ ပေးခဲ့သည်။ GTC ကျောင်းသူ အဆောင် ဖွင့်မည် ဆိုပီး ဖွင့် ခဲ့သော အိမ်အဆောင်သည် ကျောင်းသူ တစ်ယောက် မှ မလာ၍ ၁၀ တန်း ဘော်ဒါဆောင်ဖြစ်သွားသည်။
ပထမဆုံး နှစ် ၁၀ တန်း ၁၁ ယောက် တွင် (၇ )ယောက် အောင်ပီး (၂ ) ယောက် ဂုဏ်ထူး ထွက် ခဲ့သည်။ ကျွန်တော်သည် ယခုအချိန် ထိ မည်သည့် ကျောင်းသားကိုမျှ လာပါလာပါ ဆိုပြီး လိုက်၍ မခေါ်ဖူး ခဲ့ပါ။ တစ်ဆင့် စကား တစ်ဆင့် နား ဖြင့် လာခဲ့ကြခြင်းသာ ဖြစ်သည်။
ယခုနှစ်သည် ကျော်ဘော်ဒါဖွင့်သော (၅) နှစ်မြောက် ဖြစ်သည်။ ကျွန်တော်တို့အိမ်လည်း တော်တော်လေး အဆင်ပြေလာခဲ့ ပြီ။ အဖေနဲ့အမေ ကို ဘာအလုပ် မှ မလုပ် ခိုင်းတာ (၇ ) နှစ်ရှိပါပြီ။ ဤသို့ဆိုသော်လည်း ကျွန်တော့်တွင် ပိုက်ဆံပေါများနေ၍ မဟုတ် ပါ။
လွန်ခဲ့သော ဆယ်နှစ်က စိတ်တောင် မကူးခဲ့ဖူးသော တိုက် နှင့်၊ ကားနှင့်၊ အဲကွန်း နှင့် ၊ ရေခဲသေတ္တာ နှင့် ၊ တီဗီ ကြည့် ရတာ ကြိုက်သော အဖေ့ အတွက် (၄၈) လက်မတီဗီ၊ နားမကောင်းသော အဖေ့အတွက် Made in Germany နားကြပ်၊ အမေ့အတွက် ရွှေထည် အချို့ ဝယ်ပေး နိုင်ခဲ့ပြီ။
အဖေပြော သမျှ အရာတိုင်း ဖြည့်ဆည်း ပေးဖို့ ကြိုးစားခဲ့ပြီးပြီ ။ အမေဖြစ်ချင်တဲ့ အရာတိုင်း ဖြည့် ဆည်းပေးနိုင်ခဲ့ပါပြီ။ မိဘ နှစ်ပါးလုံး မသေခင် သူတို့ လုပ် ချင်တာ၊ဖြစ်ချင်တာ ဖြည့်ဆည်းပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါသည်။ ဖြည့်လည်း ဖြည့်ဆည်းပေးနေသည် ။
သေ မှငိုနေမည် မဟုတ် ။ မသေ ခင် ဖြစ်ချင်တာ ၊လုပ် ချင်တာ အကုန်လုပ်ပေး မည်ဟု စိတ်ထဲမှတ်ပြီး အသကုန်ရုန်းခဲ့ပါသည်။ မိကံဖကံ သည် အလွန်အရေးကြီးသည်။ မိဘ ကို လုပ်ကျွေး သည့်အတွက် လုပ် ငန်းကိုင်ငန်း အရာရာ အဆင်ပြေလာသည်။ကူညီမည့်သူ ပေါသည်။
ကျော်ဇောဟိန်း ဆိုတာ နှင့် အများစုက ယုံကြည် ကြသည်။ကျွန်တော် မလိမ်မှန်း သိသည်။စိတ်ချ ကြသည်။ထိုအတွက် အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။ ဆိုးသွမ်းသောကျောင်းသားလေးတွေ ကျွန်တော့ဆီ လာကြသည်။
အပြင်မှာ အရမ်းဆိုးသည်။ကျွန်တော့် “ကျော် ဘော်ဒါ” ရောက်မှ လိမ္မာလာသည် ဟု မိဘများပြောကြသည်။ ချီးကျူးကြသည်။ အဘယ်ကြောင့်နည်း။ …ကျွန်တော် သည် သူတို့အတွက် စံပြ ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ် နှင့် မိဘ လုပ်ကျွေးနေ ခြင်း ၊
ကျွန်တော် ဖတ်ထားသမျှ စာတွေထဲမှ သဘောတရားတွေ ပြောပြပေးခြင်း များကြောင့် သူတို့ ကိုယ်တိုင်ပြောင်းလဲ လာကြသည်။ ကြိုးစားလာကြသည်။ လိမ္မာသွားကြသည်။ အောင်သွားကြသည်။ဤသို့ဖြင့် “ကျော်ဘော်ဒါ”နာမည်ကောင်း လေးထွက် လာသည်။
စာလည်းတော်တော် ရှည်ပြီ။ အထူးသဖြင့် ဤစာရေးရခြင်း ရည်ရွယ်ချက်သည် ကျွန်တော့်လို လူငယ်တွေကိုမိဘ လုပ်ကျွေးစေချင်သည်။မိမိ အတ္တထက် မိဘအတွက် ကောင်းတာ ပိုစဉ်းစား စေချင်သည်။
မသေခင် စိတ်ချမ်းသာမှု တစ်ခုခုတော့ ပေးစေချင်သည်။ အထူးသဖြင့် အပြင်မှာ သူငယ်ချင်းတွေနဲ့ မုန့်စားလျှင်တောင် မိဘ အတွက်တော့ ဝယ်သွားစေချင်သည်။
”အစားကောင်းစားလျှင် ချစ်ရတဲ့သူတွေ သတိရတယ်” ပြောပြီး မိဘတော့ သတိမရ ရည်းစားတော့ သတိရသည်။ ခရီးတစ်ခု သွားလျှင် မသွားခင် မိဘ နှစ်ပါးကိုတော့ ကန်တော့စေချင်သည်။မိဘတွေ ခမျာ ပီတိကိုစားပြီး ဘယ်လောက်တောင်ပျော်မည် ဆိုတာ တွေးကြည့် နိုင်သည်။
အပေါ်က ရေးထားသမျှသည် ကျွန်တော့ အတွေ့အကြုံ၊ကျွန်တော့ အတွေးသာဖြစ်သည်။ကျွန်တော်သည် ဘာကောင်မျှမဟုတ်ပါ။ ကျွန်တော့် စာလေး ဖတ်ပြီး တစ်ယောက်လောက် မိဘ အပေါ်သိတတ်သွားလျှင်ကို ကျေးဇူးတင်မိပါသည်။ ။
Credit Kyaw Education Center Myingyan
နင္းျပားဘဝမွ ကုန္းထျခင္း ကြၽန္ေတာ့္ ဘဝ ျဖစ္ရပ္မွန္
နင္းျပားဘဝမွ ကုန္းထျခင္း
ကြၽန္ေတာ့္ကို ျမင္းၿခံ ၿမိဳ႕နယ္၊ ေခါင္းကြဲ႐ြာတြင္ ေမြးခဲ့သည္။ ကြၽန္ေတာ့္အေဖသည္ ေဆး႐ြက္ႀကီးစိုက္ေသာ ေတာင္သူ၊ ကြၽန္ေတာ့္ အေမသည္ ၿမိဳ႕သူ ျဖစ္ၿပီး အေဖ ႏွင့္ရမွ ေခါင္းကြဲတြင္ လိုက္ေနကာ ေတာင္သူ အလုပ္လုပ္ခဲ့ရသည္။
ေတာင္သူဆိုသည့္ အတိုင္း အလြန္ပင္ပန္းသည္။ အလုပ္ ကို ပင္ပန္းဆင္းရဲႀကီးစြာ လုပ္ရသည္။ ႏြား ႏွင့္ ဖက္႐ုန္း ရသည္။ ပင္ပန္း လိုက္သည္မွ လူ႐ုပ္ပင္ မေပၚ။ ပင္ပန္းသေလာက္ ပိုက္ဆံရပါ၏လား ဆိုေတာ့ ႏွစ္တိုင္း အရႈံးေပၚသည္။
အဘယ္ေၾကာင့္ အရႈံးေပၚသနည္း ကို ရွင္းျပခ်င္ပါသည္။ ေဆး႐ြက္ႀကီး ပြဲစားမ်ား သည္ တစ္ႏွစ္တြင္ သုံး ရစ္ (သို႔) ေလးရစ္ ႀကိဳ ေငြ ထုတ္ေပးသည္။ ထုတ္ေပးသည့္ႀကိဳေငြ ကလည္း အတိုးေလး ပါေသးသည္။
ယင္းႀကိဳေငြရမွသာ ေတာင္သူတို႔ လုပ္ငန္းစႏိုင္သည္။ ထိုေငြျဖင့္ ေဆးပ်ိဳးပင္ဝယ္၊ စိုက္ပ်ိဳးေဆးဝယ္ ၊ အလုပ္သမားေခၚစသည္ျဖင့္ ဘာမွအရာ မထင္လိုက္၊ ျဖဳတ္ခနဲ တန္းကုန္ သြားသည္။ ႀကိဳေငြကုန္သြားေသာ္ လက္ထဲပိုက္ဆံမရွိ။
ထိုအခ်ိန္ ပြဲစားကလည္း တန္းထုတ္မေပးႏိုင္။ ထို႔ေၾကာင့္ ပိုက္ဆံ ရွိေသာ အျခားသူေတြဆီ ဟိုဆြဲ ဒီဆြဲ၊ ဟိုေခ်း ဒီေခ်း လုပ္ ရျပန္ သည္။ ဤသို႔လွ်င္ အေႂကြးပိ တစ္ႏွစ္၊ တစ္ႏွစ္ အလုပ္သိမ္း၍ ပြဲစား ႏွင့္ ပိုက္ဆံရွင္းလွ်င္ အပို ပိုက္ဆံေတာ့ မရ၊ အေႂကြးစာရင္း စာ႐ြက္ေတာ့ ရ လာ သည္။
ပိုက္ဆံေတာ့မပို ၊ေနာက္ႏွစ္ အေႂကြးေတာ့ ပို သြား သည္။ ထိုကဲ့သို႔ အေႂကြး စာရင္း ပိုေတာ့ ပြဲစားကို ျပန္ ဆပ္ႏိုင္ဖို႔ အေရး မျဖစ္မေန ေတာင္သူ လုပ္ရျပန္သည္။ ေနာက္ႏွစ္ အေႂကြးတင္ျပန္သည္။
ဤသို႔လွ်င္ ဘဲဥအစရွာ မရသလိုျဖစ္ ေနသည္။ အေႂကြး သံသရာ ထဲက မထြက္ႏိုင္ေတာ့။ ကြၽန္ေတာ္ တို႔ ေမာင္ႏွမ သုံးေယာက္လုံး ပညာတတ္ ျဖစ္ခဲ့သည္မွာ အေမ၏ အျမင္က်ယ္မႈ၊ အေဖ၏ အားေပးမႈေၾကာင့္ သာျဖစ္ပါသည္။
မိဘေက်းဇူး အလြန္ႀကီးမား လွပါသည္။ ကြၽန္ေတာ္ သုံးတန္းႏွစ္ ကတည္း ကစ၍ စာဖတ္ခဲ့သည္။ စာဖတ္ ဝါသနာက ကြၽန္ေတာ့္ကို မ်ားစြာ ျပဳ ျပင္၊ထိန္းေက်ာင္း ေပးခဲ့သည္။
၆ တန္း၊ ၇ တန္းႏွစ္က ဆိုလွ်င္ စာအုပ္အငွါးဆိုင္သို႔ ေန႔တိုင္း မိေက်ာင္းစက္ဘီးေလး ႏွင့္ သြား ၊ စာအုပ္ (၅ ) အုပ္ေလာက္ငွားလာသည္။ အိမ္ေရာက္ေတာ့ ပက္လက္လွန္ၿပီး စာဖတ္ေတာ့သည္။ ထမင္းေမ့ ဟင္းေမ့ကို ဖတ္ ခဲ့သည္။ စာစုံဖတ္ခဲ့ သည္။
ယုတ္စြ အဆုံး လမ္းေဘးမွာေတြ႕သည့္ သတင္းစာျဖတ္ပိုင္းက အစဖတ္ခဲ့သည္။ စာေပအေပၚ ႐ူးသြပ္ခဲ့သည္။ စာေပကေန ခရီးေတြ ထြက္ခဲ့သည္။ လူေတြအေၾကာင္း သိလာခဲ့သည္။ စာေပ ေတြကေန စုံေထာက္ လုပ္တတ္ လာခဲ့သည္။
ငယ္ငယ္တည္းက အိမ္တြင္အစစအရာရာ အဆင္မေျပမွန္း သိ၍ “ကိုယ့္ဝမ္းနာ ကိုယ္သာသိ “ဆိုသည့္ အတိုင္း ဘဝ မေမ့ဘဲ ႀကိဳး စား ခဲ့သည္။ ပ်င္းသည့္ အခ်ိန္၊ စာမလုပ္ခ်င္သည့္ အခ်ိန္တိုင္း ေကာင္းကင္ကို ေမာ့ၾကည့္၍ ငါ စာမလုပ္ခ်ိန္မွာ မိဘေတြ ဘယ္ေလာက္ ပင္ပင္ ပန္းပန္း ဆင္းရဲ ႀကီးစြာ လုပ္ေနရသလဲ။
ငါ စာလုပ္ တယ္ ဆိုတာ မိဘ ေတြ ပင္ ပန္းတာ နဲ႔ ယွဥ္ရင္ မေျပာပေလာက္ ပါဘူးဆိုၿပီး မိမိ ကိုယ္ ကို အားေပးရင္း၊ မ်က္ရည္ဝဲရင္း၊ အံႀကိတ္ ရင္း ႀကိဳးစား ခဲ့ရသည္။ကြၽန္ေတာ္သည္ ညဏ္ေကာင္းသည့္ ေက်ာင္းသားမဟုတ္ပါ ။
အလြန္ ႀကိဳးစားသည့္ ေက်ာင္းသားသာ ျဖစ္ ပါသည္။ သူမ်ားအိပ္ခ်ိန္မွာ မအိပ္ဘဲ ႀကိဳးစား ခဲ့သည္။ မနက္ ၅:၃၀ ထ၍ ည ၁၁ ခြဲ ထိ အတတ္ႏိုင္ဆုံးႀကိဳးစား စာၾကည့္ ခဲ့သည္။ ဖင္ၿမဲၿမဲ ျဖင့္ စာၾကည့္ခဲ့သျဖင့္ ဖင္မွာ ခ်ပ္ပင္တည္ခဲ့သည္။
ခု ကြၽန္ေတာ့္ ကေလးေတြကို အၿမဲေျပာေသာ စကား ရွိ သည္။ ***ႀကိဳးစားလား မႀကိဳးစားလား သိခ်င္လွ်င္ ဖင္ခ်ပ္တည္ မတည္ စမ္းၾကည့္ပါ ***ဟူ၍ျဖစ္ သည္။
ထမင္းတစ္ခါ စားလွ်င္ ၅ မိနစ္ေတာင္ မၾကာ ခဲ့ပါ။ ေရခ်ိဳး လွ်င္လဲ ဆပ္ျပာ မတိုက္ခင္ (၁၀ ) ခြက္ ဆပ္ျပာတိုက္ ၿပီး (၁၀)ခြက္ ကြက္တိ ခ်ိဳး ခဲ့သည္။ ညဏ္ မေကာင္းေတာ့ ေရးက်က္ က်က္ ခဲ့သည္။ တစ္ပုဒ္ကို ၁၅ ေခါက္ ေလာက္ေရးက်က္ ခဲ့ သည္။
ကြၽန္ေတာ္ (၁၀) တန္းတြင္ (၅) ဘာသာ ဂုဏ္ထူးျဖင့္ ေအာင္ခဲ့သည္။ ညဏ္ေကာင္း ၍ မဟုတ္ ႀကိဳးစား ၍ ျဖစ္ သည္။ မိဘေတြ ဆင္းရဲ တြင္းက လြတ္ဖို႔ ပညာေရး က လြတ္ေျမာက္ရာမွန္း သိ ခဲ့ သည္။ ထို႔ေနာက္ ေဆး ေက်ာင္းတက္ ခဲ့သည္။
ေ႐ႊ စက္သုံးဆီဆိုင္က ေက်းဇူးရွင္အစ္ကို ႏွင့္ အစ္မတို႔ ၏ အိမ္တြင္ေန၍ ေက်ာင္းတက္ခဲ့သည္။ ကြၽန္ေတာ့အတြက္ ဆပ္၍မကုန္ေသာ ေက်းဇူး ရွင္မ်ား ျဖစ္သည္။ ခုထိပင္ ကြၽန္ေတာ္အေပၚ အရာရာ သြန္သင္ဆုံးမ ကူညီဆဲပင္။
ေဆးေက်ာင္း ေလးႏွစ္တက္ ခ်ိန္တြင္လည္း ဆယ္တန္း ကိုးတန္း Guide ျပ ခဲ့သည္။ တစ္ လ(၂၈၀၀၀၀) က်ပ္ဝင္ခဲ့သည္။ မွတ္မွတ္ရရ ေဆးေက်ာင္းတက္သမွ် ကာလပတ္လုံး အိမ္က သုံးေသာင္းက်ပ္သာ ေတာင္းခဲ့ဖူးသည္။
ကိုယ္ ရွာသည့္ ပိုက္ဆံ မို႔ ကိုယ္ ႏွေျမာခဲ့သည္။ က်ဴရွင္ မတက္ ခဲ့။ ပိုဆိုးသည္ က ဆရာဝန္မလုပ္ လဲ ပိုက္ဆံ ရွာ ၍ ရမွန္း သိခဲ့သည္။ ထို႔အခါ စာေမးပြဲ က်ေတာ့သည္။ ၂၀၁၂ မွာ ျမင္းၿခံ ျပန္လာသည္။ ေ႐ႊစက္သုံးဆီဆိုင္ တြင္ ကူလုပ္ခဲ့သည္။
ကြၽန္ေတာ္ ျမင္းၿခံ ျပန္ေရာက္ေနမွန္း သိေသာအခါ ဟိုက ဒီက ဂိုက္ လာေခၚၾကသည္။
ဂိုက္ျပရင္း ဂိုက္ခ်ိန္ ေတြ မ်ား လာခဲ့သည္။၂၀၁၄-၂၀၁၅ ပညာသင္ႏွစ္ က Guide ခ်ိန္ အမ်ားဆုံးပင္။ မနက္ ၅ နာရီမွ ည ၁ နာရီ ထိ အခ်ိန္ မ်ား ျပည့္ေနသည္။
ေက်ာင္းသား အိမ္ ညအိပ္ ရင္း သင္ျပ ခဲ့ ရသည္။ ၂၀၁၅ -၂၀၁၆ “ေက်ာ္ေဘာ္ဒါ” စဖြင့္ျဖစ္သည္။ ပိုက္ဆံ ရွိ၍ မဟုတ္ ဖြင့္ခ်ိန္တန္၍ ဖြင့္ရျခင္းပင္ ျဖစ္သည္။ ကြၽန္ေတာ့္အသက္ ၂၂ ႏွစ္ ျဖစ္သည္။၂၀၁၆ မွာ ေဆးေက်ာင္းက ျပန္ေခၚသည္။
ႏွစ္ ဘာသာ ဘဲတက္ရသည္။ ထို ႏွစ္ သည္ ကြၽန္ေတာ့ “ေက်ာ္ေဘာ္ဒါ “တြင္ေနေသာ ေက်ာင္းသား အေယာက္၂၀ တြင္ ၁၂ ေယာက္ ေအာင္ေသာႏွစ္ ျဖစ္သည္။ ကြၽန္ေတာ္ ေတြးသည္။ စဥ္းစားသည္။ တိုင္ပင္သည္။
ကြၽန္ေတာ့္ အသက္ (၂၃) ႏွစ္ ျဖစ္သည္။ ကြၽန္ေတာ့္ အေမက ကြၽန္ေတာ့ ကို သူမ အသက္(၄၀) တြင္ ေမြးခဲ့သည္။ ကြၽန္ေတာ္ (၂၃) ဆိုလွ်င္ပင္ အေမ့အသက္ က(၆၃) ႏွစ္ေရာက္ ေနၿပီ။
ကြၽန္ေတာ္ သာ ေဆး ေက်ာင္းဆက္တက္ လွ်င္ အေမ့ကို တိုက္ ႏွင့္ ကားႏွင့္ ေရခဲေသတၱာ ႏွင့္ ထား ႏိုင္မည္ မဟုတ္။ အေမ ထိုအရာေတြကို မသုံးဖူးဘဲ ေကာင္းေကာင္းမေနရပဲ ခ်မ္းခ်မ္းသာသာ မေနရပဲ ေသ သြားမည္ ကို ကြၽန္ေတာ္ အလြန္စိုးရိမ္သည္။
အေမ့ကို “ေကာင္းေပ့ ၫႊန႔္ေပ့”ဆိုေသာ အရာ မ်ား စားေစခ်င္ေသးသည္။ သုံးေစခ်င္ေသးသည္။ ကြၽန္ေတာ္ အလုပ္လုပ္မွ ရမည္ကို သိလာသည္။ ထို႔ေၾကာင့္ ေဆးေက်ာင္းကို စိတ္ျဖတ္ ပစ္လိုက္သည္။ ေဆးေက်ာင္းထြက္ခဲ့သည္။ကြၽန္ေတာ္က ပါးစပ္ ေတာ္ေတာ္စီးသည္။
ကြၽန္ေတာ္ ေျပာသမွ် အမ်ားစု ကျဖစ္ျဖစ္ လာတတ္သည္။ အဓိကက မိဘ လုပ္ေကြၽးပီး သံဗု ေဒၶ ႐ြတ္ေသာ ေၾကာင့္ ထင္ သည္။ ေဘာ္ဒါ ဖြင့္ခ်င္သည္ဟု ၂၀၁၂ မွာ ကိုယ့္ကိုယ္ကို ေျပာမိသည္။ ပိုက္ဆံ မရွိ၍ မည္သို႔မွ မျဖစ္ ႏိုင္။
သို႔ေသာ္ ၂၀၁၅-၂၀၁၆ မွာ ဖြင့္ ျဖစ္ခဲ့သည္။
White Board ကို ေက်ာင္းသားေဟာင္းက အသုံးမလို၍ ေပးခဲ့သည္။ GTC ေက်ာင္းသူ အေဆာင္ ဖြင့္မည္ ဆိုပီး ဖြင့္ ခဲ့ေသာ အိမ္အေဆာင္သည္ ေက်ာင္းသူ တစ္ေယာက္ မွ မလာ၍ ၁၀ တန္း ေဘာ္ဒါေဆာင္ျဖစ္သြားသည္။
ပထမဆုံး ႏွစ္ ၁၀ တန္း ၁၁ ေယာက္ တြင္ (၇ )ေယာက္ ေအာင္ပီး (၂ ) ေယာက္ ဂုဏ္ထူး ထြက္ ခဲ့သည္။ ကြၽန္ေတာ္သည္ ယခုအခ်ိန္ ထိ မည္သည့္ ေက်ာင္းသားကိုမွ် လာပါလာပါ ဆိုၿပီး လိုက္၍ မေခၚဖူး ခဲ့ပါ။ တစ္ဆင့္ စကား တစ္ဆင့္ နား ျဖင့္ လာခဲ့ၾကျခင္းသာ ျဖစ္သည္။
ယခုႏွစ္သည္ ေက်ာ္ေဘာ္ဒါဖြင့္ေသာ (၅) ႏွစ္ေျမာက္ ျဖစ္သည္။ ကြၽန္ေတာ္တို႔အိမ္လည္း ေတာ္ေတာ္ေလး အဆင္ေျပလာခဲ့ ၿပီ။ အေဖနဲ႔အေမ ကို ဘာအလုပ္ မွ မလုပ္ ခိုင္းတာ (၇ ) ႏွစ္ရွိပါၿပီ။ ဤသို႔ဆိုေသာ္လည္း ကြၽန္ေတာ့္တြင္ ပိုက္ဆံေပါမ်ားေန၍ မဟုတ္ ပါ။
လြန္ခဲ့ေသာ ဆယ္ႏွစ္က စိတ္ေတာင္ မကူးခဲ့ဖူးေသာ တိုက္ ႏွင့္၊ ကားႏွင့္၊ အဲကြန္း ႏွင့္ ၊ ေရခဲေသတၱာ ႏွင့္ ၊ တီဗီ ၾကည့္ ရတာ ႀကိဳက္ေသာ အေဖ့ အတြက္ (၄၈) လက္မတီဗီ၊ နားမေကာင္းေသာ အေဖ့အတြက္ Made in Germany နားၾကပ္၊ အေမ့အတြက္ ေ႐ႊထည္ အခ်ိဳ႕ ဝယ္ေပး ႏိုင္ခဲ့ၿပီ။
အေဖေျပာ သမွ် အရာတိုင္း ျဖည့္ဆည္း ေပးဖို႔ ႀကိဳးစားခဲ့ၿပီးၿပီ ။ အေမျဖစ္ခ်င္တဲ့ အရာတိုင္း ျဖည့္ ဆည္းေပးႏိုင္ခဲ့ပါၿပီ။ မိဘ ႏွစ္ပါးလုံး မေသခင္ သူတို႔ လုပ္ ခ်င္တာ၊ျဖစ္ခ်င္တာ ျဖည့္ဆည္းေပးႏိုင္ဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားေနပါသည္။ ျဖည့္လည္း ျဖည့္ဆည္းေပးေနသည္ ။
ေသ မွငိုေနမည္ မဟုတ္ ။ မေသ ခင္ ျဖစ္ခ်င္တာ ၊လုပ္ ခ်င္တာ အကုန္လုပ္ေပး မည္ဟု စိတ္ထဲမွတ္ၿပီး အသကုန္႐ုန္းခဲ့ပါသည္။ မိကံဖကံ သည္ အလြန္အေရးႀကီးသည္။ မိဘ ကို လုပ္ေကြၽး သည့္အတြက္ လုပ္ ငန္းကိုင္ငန္း အရာရာ အဆင္ေျပလာသည္။ကူညီမည့္သူ ေပါသည္။
ေက်ာ္ေဇာဟိန္း ဆိုတာ ႏွင့္ အမ်ားစုက ယုံၾကည္ ၾကသည္။ကြၽန္ေတာ္ မလိမ္မွန္း သိသည္။စိတ္ခ် ၾကသည္။ထိုအတြက္ အားလုံးကိုလည္း ေက်းဇူးတင္ပါသည္။ ဆိုးသြမ္းေသာေက်ာင္းသားေလးေတြ ကြၽန္ေတာ့ဆီ လာၾကသည္။
အျပင္မွာ အရမ္းဆိုးသည္။ကြၽန္ေတာ့္ “ေက်ာ္ ေဘာ္ဒါ” ေရာက္မွ လိမၼာလာသည္ ဟု မိဘမ်ားေျပာၾကသည္။ ခ်ီးက်ဴးၾကသည္။ အဘယ္ေၾကာင့္နည္း။ …ကြၽန္ေတာ္ သည္ သူတို႔အတြက္ စံျပ ျဖစ္သည္။ ငယ္ငယ္႐ြယ္႐ြယ္ ႏွင့္ မိဘ လုပ္ေကြၽးေန ျခင္း ၊
ကြၽန္ေတာ္ ဖတ္ထားသမွ် စာေတြထဲမွ သေဘာတရားေတြ ေျပာျပေပးျခင္း မ်ားေၾကာင့္ သူတို႔ ကိုယ္တိုင္ေျပာင္းလဲ လာၾကသည္။ ႀကိဳးစားလာၾကသည္။ လိမၼာသြားၾကသည္။ ေအာင္သြားၾကသည္။ဤသို႔ျဖင့္ “ေက်ာ္ေဘာ္ဒါ”နာမည္ေကာင္း ေလးထြက္ လာသည္။
စာလည္းေတာ္ေတာ္ ရွည္ၿပီ။ အထူးသျဖင့္ ဤစာေရးရျခင္း ရည္႐ြယ္ခ်က္သည္ ကြၽန္ေတာ့္လို လူငယ္ေတြကိုမိဘ လုပ္ေကြၽးေစခ်င္သည္။မိမိ အတၱထက္ မိဘအတြက္ ေကာင္းတာ ပိုစဥ္းစား ေစခ်င္သည္။
မေသခင္ စိတ္ခ်မ္းသာမႈ တစ္ခုခုေတာ့ ေပးေစခ်င္သည္။ အထူးသျဖင့္ အျပင္မွာ သူငယ္ခ်င္းေတြနဲ႔ မုန႔္စားလွ်င္ေတာင္ မိဘ အတြက္ေတာ့ ဝယ္သြားေစခ်င္သည္။
”အစားေကာင္းစားလွ်င္ ခ်စ္ရတဲ့သူေတြ သတိရတယ္” ေျပာၿပီး မိဘေတာ့ သတိမရ ရည္းစားေတာ့ သတိရသည္။ ခရီးတစ္ခု သြားလွ်င္ မသြားခင္ မိဘ ႏွစ္ပါးကိုေတာ့ ကန္ေတာ့ေစခ်င္သည္။မိဘေတြ ခမ်ာ ပီတိကိုစားၿပီး ဘယ္ေလာက္ေတာင္ေပ်ာ္မည္ ဆိုတာ ေတြးၾကည့္ ႏိုင္သည္။
အေပၚက ေရးထားသမွ်သည္ ကြၽန္ေတာ့ အေတြ႕အႀကဳံ၊ကြၽန္ေတာ့ အေတြးသာျဖစ္သည္။ကြၽန္ေတာ္သည္ ဘာေကာင္မွ်မဟုတ္ပါ။ ကြၽန္ေတာ့္ စာေလး ဖတ္ၿပီး တစ္ေယာက္ေလာက္ မိဘ အေပၚသိတတ္သြားလွ်င္ကို ေက်းဇူးတင္မိပါသည္။ ။
Credit Kyaw Education Center Myingyan