ဗဟုသုတ

“မိဘကို ေစာ္ကားမိလွ်င္ ခံစားရတတ္ေသာ အျပစ္မ်ား”

“မိဘကို ေစာ္ကားမိလွ်င္ ခံစားရတတ္ေသာ အျပစ္မ်ား”

မိဘေစာ္ကား ဒဏ္ (၁၀)ပါး

မိမိ မွန္သည္ျဖစ္ေစ ၊ မွားသည္ျဖစ္ေစ မိဘမ်ားအား ေဒါသတႀကီး၊ ေအာ္ႀကီး၊ ဟစ္က်ယ္ျပန္လွန္ ေျပာဆိုခဲ့မိလွ်င္ လက္ရွိ ပစၥဳန္ပၸန္ဘဝတြင္ ေဖၚျပပါဒဏ္ဆယ္ပါးထဲက အနည္းဆုံး တစ္ပါးပါး သင့္ တတ္ပါသည္။

အဆိုပါ ဒဏ္ဆယ္ပါးမွာ

၁။ ၾကမ္းၾကဳတ္ေသာ ေဝဒနာ ခံစားရျခင္း

၂။ ကိုယ္ခႏၶာ ပ်က္စီးျခင္း

၃။ အနာေရာဂါျဖစ္ျခင္း

၄။ ႐ူးသြပ္ျခင္း

၅။ မင္းျပစ္ မင္းဒဏ္သင့္ျခင္း

၆။ အႀကီးအက်ယ္စြပ္စြဲခံရျခင္း

၇။ မိဘ သားသမီး ဇနီးမယားမ်ား ေဆြမ်ိဳးမ်ား ပ်က္စီးျခင္း

၈။ စည္းစိမ္ခ်မ္းသာ ပ်က္စီး ဆုံးရႈံးျခင္း

၉။ ေနအိမ္စသည့္ မီးေလာင္ျခင္း

၁၀။ ငရဲက်ေရာက္ျခင္းတို႔ျဖစ္ၾကသည္။

ထို႔ေၾကာင့္ မိမိ မွန္ေနတယ္ဆိုရင္ေတာင္မွမိဘေတြကို ေဒါသတႀကီး ေအာ္ဟစ္ႀကီးက်ယ္ျပန္လွန္မေျပာဆိုသင့္ဘူးေပ။

အက်ိဳးသင့္ အေၾကာင္းသင့္ နားဝင္ေအာင္ေအးေအးေဆးေဆးသာစြာေျပာဆိုၾကရပါမည္။

အက်ိဳးသင့္ အေၾကာင္းသင့္ ျပန္ေျပာလို႔မွ မိဘမ်ားလက္မခံရင္လည္း သူတို႔ေရွ႕ေမွာက္မွ ေရွာင္ထြက္သြားလိုက္ပါ ။

မိဘေတြ စိတ္ဆိုးေျပေလာက္မွ ေျဖးေျဖးျခင္း နားဝင္လာေအာင္ျပန္လည္ရွင္းျပပါ ။

အကယ္၍ မိဘမ်ားကို လြန္လြန္က်ဴးက်ဴး ျပန္ေျပာမိၿပီဆိုရင္ မိဘကို ဖြင့္ေျပာၿပီး ဝန္ခ်ကန္ေတာ့ ေတာင္းပန္ပါ။

မိဘမ်ားမရွိေတာ့ပါက ဘုရားေက်ာင္းေဆာင္ေရွ႕သြားၿပီး ဝန္ခ်ကန္ေတာ့ေတာင္းပန္သင့္ေပသည္။

မိဘမ်ားေက်းဇူး သိတတ္သူမ်ားျဖစ္ႏိုင္ၾကပါေစ။ေမာဂၢါလာနေထရဝတၳဳ ဒ႑ဝဂ္ဓမၼ ပဒပါ႒ိေတာ္ အ႒ကထာ

မိဘေတြကို မေျပာသင့္ေသာ စကား (၁ဝ)ခြန္း ထိုစကားမ်ား ေျပာျခင္းမွ အထူးေရွာင္က်ဥ္ပါေနာ္

လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္မိဘေတြကို ေအာက္ကစကားဆယ္ခြန္းထဲက တစ္ခြန္း ဒါမွမဟုတ္…တစ္ခြန္းထက္ပိုေျပာခဲ့ဖူးၾကမယ္ ထင္ပါတယ္။

သားသမီးျဖစ္တဲ့ ကြၽန္ေတာ္တို႔က မိဘေတြကို ဒီစကားေတြကိုထပ္မေျပာေတာ့ဘဲ နားလည္ေပးၾကရေအာင္…..လူ႔ဘဝက တိုေတာင္းလြန္းပါတယ္။

ကိုယ့္နံေဘးက ေဆြမ်ိဳးသားခ်င္း၊ ခ်စ္သူခင္သူ၊သူငယ္ခ်င္းေတြကို တန္ဖိုးထားသင့္ပါတယ္။

ဆုံးရႈံးသြားမွ သူတို႔က သင့္ဘဝမွာဘယ္ေလာက္အေရးပါေၾကာင္း သိတာမ်ိဳးမျဖစ္ပါေစနဲ႔။ မိဘေတြကို ႐ိုေသေလးစားပါ။

သင္ ဘာအမွားပဲလုပ္လုပ္.. သူတို႔က သင့္ကိုခြင့္လႊတ္ဖို႔ အသင့္ရွိေနပါတယ္။မိဘရဲ႕ရင္ခြင္ဟာ… သင့္အတြက္ ေလၿငိမ္ရာအရပ္ ထာဝရနားခိုရာ ဆိပ္ကမ္းျဖစ္ပါတယ္။

(၁) အင္းပါ! အင္းပါ! သိၿပီ…၊ အရမ္းရႈပ္တာပဲ!

(၂) ကိစၥရွိေသးလား? မရွိရင္ ဖုန္းခ်ေတာ့မယ္!မိဘေတြဖုန္းဆက္တာ စကားေျပာခ်င္႐ုံသက္သက္ျဖစ္လိမ့္မယ္။ သူတို႔ရဲ႕ရည္႐ြယ္ခ်က္ကိုကြၽန္ေတာ္တို႔ နားလည္ေပးသင့္ပါတယ္။ ဖုန္းကိုခ်ဖို႔ပဲ မေလာပါနဲ႔

(၃) ေျပာရင္လည္း နားလည္မွာမဟုတ္ပါဘူး။ မေမးပါနဲ႔ေတာ့!

(၄) မလုပ္ပါနဲ႔လို႔ အထပ္ထပ္ေျပာထားရက္သားနဲ႔….. လုပ္ထားတာေတြကလည္း မေကာင္းဘူး။သူတို႔အင္အားနဲ႔မမွ်တဲ့ အလုပ္ကိုလုပ္တဲ့အခါ ကြၽန္ေတာ္တို႔က ဂ႐ုတစိုက္နဲ႔ သူတို႔ကိုမလုပ္ဖို႔တားတယ္။

ဒါေပမဲ့… ဒါဟာ သူတို႔အသုံးမဝင္ေတာ့ေၾကာင္း သူတို႔ကိုခံစားေစပါတယ္။

(၅) ဟာ.. ေဖေဖ၊ ေမေမတို႔နည္းက ေခတ္တုံးေနၿပီ။မိဘေတြရဲ႕အႀကံဉာဏ္က ကြၽန္ေတာ္တို႔ိအတြက္ အသုံးတည့္ခ်င္မွ တည့္လိမ့္မယ္။ဒါေပမဲ့ ဒီထက္နားေထာင္လို႔ေကာင္းတဲ့စကားကို ကြၽန္ေတာ္တို႔ေျပာသင့္ပါတယ္။)

(၆) သားအခန္းကို မရွင္းပါနဲ႔လို႔ ေျပာထားရက္နဲ႔ အခုေတာ့ၾကည့္ ပစၥည္းေတြရွာမေတြ႕ေတာ့ဘူး။ကိုယ့္အခန္းကို ကိုယ္တိုင္ရွင္းတာက ေကာင္းပါတယ္။ မရွင္းခ်င္ရင္ သူတို႔ရဲ႕ေစတနာကိုေတာ့ မေစာ္ကားပါနဲ႔။

(၇) သားဘာစားမယ္ဆိုတာ သားသိတယ္။ ဟင္းေတြ ထည့္ထည့္မေပးနဲ႔ေတာ့!

ကြၽန္ေတာ္တို႔အျပန္ကို ေစာင့္ေမွ်ာ္ေနၾကတဲ့ မိဘေတြက သူတို႔ရဲ႕ေမတၱာ၊ သူတို႔ရဲ႕ဂ႐ုစိုက္မႈေတြကိုကြၽန္ေတာ္တို႔အတြက္ အထူးစီမံထားတဲ့ထမင္းဟင္းေတြထဲ ထည့္ခ်က္ထားၾကတယ္။

ဒါကို ကြၽန္ေတာ္တို႔္က ဆိတ္ဆိတ္ၿငိမ္ၿငိမ္နဲ႔ လက္ခံလိုက္႐ုံပါပဲ..။

(၈) ဒီဟၤင္းက်န္ေတြကို မစားပါနဲ႔လို႔ မွာထားရက္နဲ႔ စကားကိုနားမေထာင္ဘူး ..သူတို႔ရဲ႕ တစ္သက္ေခြၽတာလာတဲ့အက်င့္ေတြ ေျပာင္းလဲရခက္ပါတယ္။ဟင္းခ်က္ရင္ တစ္နပ္စာခ်က္ဖို႔ အႀကံေပးတာက ပိုေကာင္းပါတယ္။

(၉) သား ကိုယ့္ဘာသာကိုယ္ ခ်င့္ခ်ိန္ၿပီး လုပ္တတ္တယ္။ တဗ်စ္ေတာက္ေတာက္ မေျပာနဲ႔ .. နားကိုၿငီးတယ္။

(၁ဝ) ဒီပစၥည္းေတြ မယူေတာ့ပါဘူးဆို ဘာျဖစ္လို႔ ဒီမွာပုံထားရေသးတာလဲ!

မိဘေတြက ကြၽန္ေတာ္တို႔နဲ႔အတူႀကီးျပင္းလာခဲ့တဲ့ အရာေတြကို သိမ္းထားခ်င္တတ္ၾကတယ္။သူတို႔သိမ္းထားတာေတြ တစ္အိမ္လုံးျပည့္ေနပါေစ… ေနာင္တခ်ိန္မွာ ကြၽန္ေတာ္တို႔ကေလးဘဝက

ဝတ္ခဲ့တဲ့အဝတ္အစားေတြကို ကြၽန္ေတာ္တို႔ေတြ႕မိတဲ့အခါ ကြၽန္ေတာ္တို႔ဝမ္းသာၾကည္ႏူးၾကဦးမယ္ မဟုတ္ပါလား…!

မိဘကိုေစာ္ကား…စိတ္မခ်မ္းမသာျဖစ္ေအာင္…..မ်က္ရည္ေပါက္ႀကီးငယ္က်ေအာင္ လုပ္ခဲ့တဲ့ ..ဘယ္သားသမီးမဆို….ဘဝမွာ ဘာလုပ္လုပ္ အဆင္မေျပပါဘူး…၊

အရာရာ ဆုံး႐ူံးမႈေတြနဲ႔ ရင္ဆိုင္ရမယ္ဆိုတာ….၅၅၀ နိပါတ္ေတာ္ ထဲက ဇာတ္လမ္းေတြ ….ထုတ္ျပေနရင္…

မယုံသူေတြ ရွိေကာင္း ရွိႏိုင္တယ္….။အခုလက္ေတြ႕ ဘဝျဖစ္စဥ္မွာဘဲ ….သက္ေသခံအျဖစ္အပ်က္ေတြ အမ်ားႀကီးဘဲ….။လြယ္လြယ္နဲ႔ၿပီးရမယ့္…၊

ရ ရမယ့္အရာေတာင္…အခက္အခဲေတြအမ်ားႀကီးနဲ႔ …ရင္ဆိုင္ရတတ္ပါတယ္…။မ်က္ေစ့ဖြင့္ နားစြင့္ ေလ့လာၾကည့္ၿပီး….သင္ခန္းစာယူၾက… အမွားကိုေရွာင္ၾကပါေလ…။

မိဘ

ကြၽန္ေတာ္တို႔မိဘေတြကို…….မရွိေတာ့မွ လြမ္းေနမယ့္အစားရွိေနခ်ိန္ေလး ဂ႐ုစိုက္ရေအာင္လား။

မစားႏိုင္ေတာ့မွ ေကြၽးေနမယ့္အစား စားႏိုင္တုန္ေလး ေကြၽးရေအာင္လား။ မသိႏိုင္ေတာ့မွ အိပ္ယာေဘးမွာ တရားေခြေတြဖြင့္ျပေနမယ့္အစား သတိရွိတုန္းေလး တရားဓမၼနာၾကားဖို႔ တိုက္တြန္းၾကစို႔လား။

မသြားႏိုင္ေတာ့မွ ေနာင္တရေနမယ့္အစား သြားႏိုင္တုန္းေလး ဘုရားဖူးပို႔ၾကစို႔လား။ ေသေတာ့မွ ငိုေနမယ့္အစား အသက္ရွင္တုန္းေလး ကုသိုလ္တရားေတြရဖို႔ အေထာက္အပံ့ေပးၾကစို႔လား။

ေသမွ ကုသိုလ္ေတြလုပ္ေပးတာထက္ မေသခင္ ကုသိုလ္ေတြ ယူသြားေအာင္လုပ္ေပးတာက ကြၽန္ေတာ္တို႔ သားသမီးေတြအတြက္ အေကာင္းဆုံးေသာ ေက်းဇူးဆပ္နည္းပါ။

ဓမၼေရခ်မ္းစင္

Unicode

“မိဘကို စော်ကားမိလျှင် ခံစားရတတ်သော အပြစ်များ”

မိဘစော်ကား ဒဏ် (၁၀)ပါး

မိမိ မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေ မိဘများအား ဒေါသတကြီး၊ အော်ကြီး၊ ဟစ်ကျယ်ပြန်လှန် ပြောဆိုခဲ့မိလျှင် လက်ရှိ ပစ္စုန်ပ္ပန်ဘဝတွင် ဖေါ်ပြပါဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါး သင့် တတ်ပါသည်။

အဆိုပါ ဒဏ်ဆယ်ပါးမှာ

၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း

၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း

၃။ အနာရောဂါဖြစ်ခြင်း

၄။ ရူးသွပ်ခြင်း

၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း

၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း

၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း

၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း

၉။ နေအိမ်စသည့် မီးလောင်ခြင်း

၁၀။ ငရဲကျရောက်ခြင်းတို့ဖြစ်ကြသည်။

ထို့ကြောင့် မိမိ မှန်နေတယ်ဆိုရင်တောင်မှမိဘတွေကို ဒေါသတကြီး အော်ဟစ်ကြီးကျယ်ပြန်လှန်မပြောဆိုသင့်ဘူးပေ။

အကျိုးသင့် အကြောင်းသင့် နားဝင်အောင်အေးအေးဆေးဆေးသာစွာပြောဆိုကြရပါမည်။

အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ မိဘများလက်မခံရင်လည်း သူတို့ရှေ့မှောက်မှ ရှောင်ထွက်သွားလိုက်ပါ ။

မိဘတွေ စိတ်ဆိုးပြေလောက်မှ ဖြေးဖြေးခြင်း နားဝင်လာအောင်ပြန်လည်ရှင်းပြပါ ။

အကယ်၍ မိဘများကို လွန်လွန်ကျူးကျူး ပြန်ပြောမိပြီဆိုရင် မိဘကို ဖွင့်ပြောပြီး ဝန်ချကန်တော့ တောင်းပန်ပါ။

မိဘများမရှိတော့ပါက ဘုရားကျောင်းဆောင်ရှေ့သွားပြီး ဝန်ချကန်တော့တောင်းပန်သင့်ပေသည်။

မိဘများကျေးဇူး သိတတ်သူများဖြစ်နိုင်ကြပါစေ။မောဂ္ဂါလာနထေရဝတ္ထု ဒဏ္ဍဝဂ်ဓမ္မ ပဒပါဋ္ဌိတော် အဋ္ဌကထာ

မိဘတွေကို မပြောသင့်သော စကား (၁ဝ)ခွန်း ထိုစကားများ ပြောခြင်းမှ အထူးရှောင်ကျဉ်ပါနော်

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ်…တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။

သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်…..လူ့ဘဝက တိုတောင်းလွန်းပါတယ်။

ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။

ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။

သင် ဘာအမှားပဲလုပ်လုပ်.. သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။မိဘရဲ့ရင်ခွင်ဟာ… သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာ ဆိပ်ကမ်းဖြစ်ပါတယ်။

(၁) အင်းပါ! အင်းပါ! သိပြီ…၊ အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကိုကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့….. လုပ်ထားတာတွေကလည်း မကောင်းဘူး။သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။

ဒါပေမဲ့… ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်။

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့ိအတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်။)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့။

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!

ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကိုကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။

ဒါကို ကျွန်တော်တို့်က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ..။

(၈) ဒီင်္ဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး ..သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်။

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!

မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ… နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက

ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား…!

မိဘကိုစော်ကား…စိတ်မချမ်းမသာဖြစ်အောင်…..မျက်ရည်ပေါက်ကြီးငယ်ကျအောင် လုပ်ခဲ့တဲ့ ..ဘယ်သားသမီးမဆို….ဘဝမှာ ဘာလုပ်လုပ် အဆင်မပြေပါဘူး…၊

အရာရာ ဆုံးရူံးမှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ….၅၅၀ နိပါတ်တော် ထဲက ဇာတ်လမ်းတွေ ….ထုတ်ပြနေရင်…

မယုံသူတွေ ရှိကောင်း ရှိနိုင်တယ်….။အခုလက်တွေ့ ဘဝဖြစ်စဉ်မှာဘဲ ….သက်သေခံအဖြစ်အပျက်တွေ အများကြီးဘဲ….။လွယ်လွယ်နဲ့ပြီးရမယ့်…၊

ရ ရမယ့်အရာတောင်…အခက်အခဲတွေအများကြီးနဲ့ …ရင်ဆိုင်ရတတ်ပါတယ်…။မျက်စေ့ဖွင့် နားစွင့် လေ့လာကြည့်ပြီး….သင်ခန်းစာယူကြ… အမှားကိုရှောင်ကြပါလေ…။

မိဘ

ကျွန်တော်တို့မိဘတွေကို…….မရှိတော့မှ လွမ်းနေမယ့်အစားရှိနေချိန်လေး ဂရုစိုက်ရအောင်လား။

မစားနိုင်တော့မှ ကျွေးနေမယ့်အစား စားနိုင်တုန်လေး ကျွေးရအောင်လား။ မသိနိုင်တော့မှ အိပ်ယာဘေးမှာ တရားခွေတွေဖွင့်ပြနေမယ့်အစား သတိရှိတုန်းလေး တရားဓမ္မနာကြားဖို့ တိုက်တွန်းကြစို့လား။

မသွားနိုင်တော့မှ နောင်တရနေမယ့်အစား သွားနိုင်တုန်းလေး ဘုရားဖူးပို့ကြစို့လား။ သေတော့မှ ငိုနေမယ့်အစား အသက်ရှင်တုန်းလေး ကုသိုလ်တရားတွေရဖို့ အထောက်အပံ့ပေးကြစို့လား။

သေမှ ကုသိုလ်တွေလုပ်ပေးတာထက် မသေခင် ကုသိုလ်တွေ ယူသွားအောင်လုပ်ပေးတာက ကျွန်တော်တို့ သားသမီးတွေအတွက် အကောင်းဆုံးသော ကျေးဇူးဆပ်နည်းပါ။

ဓမ္မရေချမ်းစင်