သီလရွင္ကို အမ်ိဳးသားေတြ ရွိခိုးသင့္ပါသလား?
“သီလရွင္” စတင္ ျဖစ္ေပၚလာပုံ သမိုင္း အက်ဥ္းကို အရင္ သိထားဖို႔ လိုအပ္ပါတယ္။ ျမတ္စြာဘုရားရွင္ လက္ထက္ေတာ္ အခါကာလမွာ မိေထြးေတာ္ ေဂါတမီကို အေၾကာင္းျပဳၿပီး “အမ်ိဳးသမီး သာသနာ” စတင္ေပၚထြန္းခဲ့ပါတယ္။
စာလိုေပလိုေတာ့ “ဘိကၡဴနီ သာသနာ” လို႔ ေခၚတာေပါ့။ အဲဒီ သာသနာဟာ ျမတ္စြာဘုရား ပရိနိဗၺာန္ စံဝင္ၿပီး ႏွစ္ေပါင္း ငါးရာေလာက္မွာပဲ အၿပီးတိုင္ ေပ်ာက္ကြယ္ခဲ့ပါတယ္။
ဘာေၾကာင့္လည္း ဆိုေတာ့ အမ်ိဳးသမီးေတြ ျမတ္စြာဘုရားရဲ႕ ဝိနည္းသိကၡာပုဒ္ေတြကို ထိန္းသိမ္းႏိုင္သူ မိမိကိုယ္ကို ကာကြယ္ ေစာင့္ေရွာက္ႏိုင္စြမ္း ရွိသူေတြ မေပၚထြန္းေတာ့လို႔ပါပဲ။
ျမန္မာႏိုင္ငံတြင္ သာသနာႏွစ္ ( ၉၀၀-၁၄၀၀ )အတြင္းမွာ အမ်ိဳးသမီးေတြ သာသနာတြင္း ဝင္ေရာက္လာျခင္းမွ စ၍ ” သီလရွင္ သာသနာ ” စတင္ေပၚထြန္းခဲ့ပါတယ္။
ကုန္းေဘာင္ေခတ္ အေရာက္မွာေတာ့ သာသနာပိုင္ ရွမ္းကေလးကြၽန္း ဆရာေတာ္ရဲ႕ ညီမအရင္း ျဖစ္ၿပီး အလြန္ နာမည္ႀကီးတဲ့ သီလရွင္ မယ္ကင္း ( ဘြဲ႕ အမည္ ကေတာ့ “မယ္ေခမာ” ) ရဲ႕ ႀကိဳးစား အားထုတ္မႈေၾကာင့္ ျမန္မာႏိုင္ငံ သီလရွင္ သာသနာဟာ ထြန္းေတာက္ လာခဲ့ပါေတာ့တယ္။
ဒါဟာ ” သီလရွင္ သာသနာသမိုင္း ” အက်ဥ္းခ်ဳပ္ပါ။ အမ်ိဳးသမီးေတြဟာ သီလရွင္ ဝတ္ၿပီဆိုတာနဲ႔ ရဟန္းေတာ္ တစ္ပါးပါးထံမွာ ရွစ္ပါး သို႔မဟုတ္ ကိုးပါးသီလကို ခံယူ ေဆာက္တည္ ၾကရပါတယ္။
သီလရွင္ အခ်င္းခ်င္းထံမွာ သီလရွင္ ဝတ္လို႔ မရပါဘူး။ သီလရွင္ ျဖစ္ၿပီ ဆိုတာနဲ႔ လိင္ဆယ္ပါး ဒဏ္ဆယ္ပါး ေသခိယ (၇၅)ပါးစတဲ့ က်င့္ဝတ္တရား ေတြကို ေစာင့္ထိန္းၾကဖို႔ ဆရာေတာ္က မိန႔္ၾကားရပါတယ္။
ဒါ ဆို ရင္ “သီ လ ရွင္ ကို အ မ်ိဳး သား ေတြ ရွိ ခိုး သင့္ မ သင့္ ” ဆို တာ ရိပ္ မိ ေလာက္ ၿပီ ထင္ ပါ တယ္။
ဗုဒၶသာသနာေတာ္မွာ ရွိခိုးပူေဇာ္ျခင္း ဆိုတာဟာ သီလနဲ႔ သာသနာ ေတာ္ကိုသာ ရွိခိုးပူေဇာ္တာ ျဖစ္ၿပီး ပုဂၢိဳလ္ကို အဓိက ထားတာ မဟုတ္ပါဘူး။ ပုဂၢိဳလ္ကို ၾကည့္မယ္ ဆိုရင္ေတာ့ သူလည္း ခႏၶာငါးပါး ကိုယ္လည္း ခႏၶာငါးပါး ထူးျခားမႈ မရွိပါဘူး။
မ်ားေသာအားျဖင့္ ငါးပါးသီလသာ ေစာင့္ထိန္းၾကတဲ့ အမ်ိဳးသားေတြဟာ သီလရွင္ေတြကို သူတို႔ျပဳစုေနတဲ့ သာသနာေတာ္နဲ႔ သူတို႔ ေစာင့္ထိန္းထားတဲ့ သီလသိကၡာေတြ က်င့္ဝတ္တရား ေတြကို ပူေဇာ္တယ္လို႔ သေဘာထားၿပီး ရွိခိုးပူေဇာ္မယ္ဆိုရင္ ကုသိုလ္ေတြ ပြားႏိုင္ပါတယ္။
ထို႔အျပင္ ( မိန္းမေတြဟာ ေယာက်္ားေတြေအာက္ ယုတ္ညံ့တယ္ဆိုတာလည္း မျဖစ္ႏိုင္တဲ့အတြက္ ကိုယ့္ထက္ အသက္ သိကၡာႀကီးမားတဲ့ အမ်ိဳးသမီးေတြ သီလရွင္ေတြကို ကန္ေတာ့ျခင္းဟာ ဘုန္းနိမ့္တယ္ဆိုတာ မမွန္ကန္ပါဘူး)။
တစ္ခ်ိဳ႕ အမ်ိဳးသမီးေတြေတာင္ မရွိခိုးၾကပါဘူး။ သီလရွင္ ရွိခိုးရင္ ဘုန္းနိမ့္သလိုလို ဘာလိုလိုနဲ႔ မရွိခိုးၾကဘူး။ တစ္ကယ္ေတာ့ သီလရွင္မွာလည္း သိကၡာပုဒ္ေတြ အမ်ားႀကီးရွိပါတယ္။ လူေတြမွာက ငါးပါးသီလပဲ ေစာင့္ၾကတယ္။
ငါးပါးသီလေတာင္ လူတိုင္း မၿမဲၾကပါဘူး။ ဒါေၾကာင့္ အမွန္တကယ္ သီလရွင္ကို ရွိခိုးသင့္ပါတယ္။ ကိုယ္ရဲ႕ အေမ အမေတြေတာင္ ရွိခိုးေသးတာပဲ သိကၡာပုဒ္ ေစာင့္ထိန္းၿပီး ဘုရားသာသနာတြင္းမွာ ေနတဲ့ သီလရွင္ဆိုေတာ့ ပိုၿပီးေတာ့ေတာင္ ရွိခိုးရမွာပါ ။
သီလရွင္ေတြကို ရွိခိုးရင္ ဘုန္းနိမ့္သလိုလို ကံနိမ့္သလိုလိုနဲ႔ မရွိခိုးပဲ လူနဲ႔တန္းတူ ဆက္ဆံတာေတြ ေတြ႕ရ ျမင္ရတာ တကယ္ စိတ္မခ်မ္းသာစရာေတြပါ။ အားလုံး တရားအမွန္ကို သိၾကပါေစ။
(ေစတနာပန္းခင္း ဆရာေတာ္)
Credit: ဓမၼရတနာ
Unicode
သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့်ပါသလား?
“သီလရှင်” စတင် ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းကို အရင် သိထားဖို့ လိုအပ်ပါတယ်။ မြတ်စွာဘုရားရှင် လက်ထက်တော် အခါကာလမှာ မိထွေးတော် ဂေါတမီကို အကြောင်းပြုပြီး “အမျိုးသမီး သာသနာ” စတင်ပေါ်ထွန်းခဲ့ပါတယ်။
စာလိုပေလိုတော့ “ဘိက္ခူနီ သာသနာ” လို့ ခေါ်တာပေါ့။ အဲဒီ သာသနာဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ပြီး နှစ်ပေါင်း ငါးရာလောက်မှာပဲ အပြီးတိုင် ပျောက်ကွယ်ခဲ့ပါတယ်။
ဘာကြောင့်လည်း ဆိုတော့ အမျိုးသမီးတွေ မြတ်စွာဘုရားရဲ့ ဝိနည်းသိက္ခာပုဒ်တွေကို ထိန်းသိမ်းနိုင်သူ မိမိကိုယ်ကို ကာကွယ် စောင့်ရှောက်နိုင်စွမ်း ရှိသူတွေ မပေါ်ထွန်းတော့လို့ပါပဲ။
မြန်မာနိုင်ငံတွင် သာသနာနှစ် ( ၉၀၀-၁၄၀၀ )အတွင်းမှာ အမျိုးသမီးတွေ သာသနာတွင်း ဝင်ရောက်လာခြင်းမှ စ၍ ” သီလရှင် သာသနာ ” စတင်ပေါ်ထွန်းခဲ့ပါတယ်။
ကုန်းဘောင်ခေတ် အရောက်မှာတော့ သာသနာပိုင် ရှမ်းကလေးကျွန်း ဆရာတော်ရဲ့ ညီမအရင်း ဖြစ်ပြီး အလွန် နာမည်ကြီးတဲ့ သီလရှင် မယ်ကင်း ( ဘွဲ့ အမည် ကတော့ “မယ်ခေမာ” ) ရဲ့ ကြိုးစား အားထုတ်မှုကြောင့် မြန်မာနိုင်ငံ သီလရှင် သာသနာဟာ ထွန်းတောက် လာခဲ့ပါတော့တယ်။
ဒါဟာ ” သီလရှင် သာသနာသမိုင်း ” အကျဉ်းချုပ်ပါ။ အမျိုးသမီးတွေဟာ သီလရှင် ဝတ်ပြီဆိုတာနဲ့ ရဟန်းတော် တစ်ပါးပါးထံမှာ ရှစ်ပါး သို့မဟုတ် ကိုးပါးသီလကို ခံယူ ဆောက်တည် ကြရပါတယ်။
သီလရှင် အချင်းချင်းထံမှာ သီလရှင် ဝတ်လို့ မရပါဘူး။ သီလရှင် ဖြစ်ပြီ ဆိုတာနဲ့ လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သေခိယ (၇၅)ပါးစတဲ့ ကျင့်ဝတ်တရား တွေကို စောင့်ထိန်းကြဖို့ ဆရာတော်က မိန့်ကြားရပါတယ်။
ဒါ ဆို ရင် “သီ လ ရှင် ကို အ မျိုး သား တွေ ရှိ ခိုး သင့် မ သင့် ” ဆို တာ ရိပ် မိ လောက် ပြီ ထင် ပါ တယ်။
ဗုဒ္ဓသာသနာတော်မှာ ရှိခိုးပူဇော်ခြင်း ဆိုတာဟာ သီလနဲ့ သာသနာ တော်ကိုသာ ရှိခိုးပူဇော်တာ ဖြစ်ပြီး ပုဂ္ဂိုလ်ကို အဓိက ထားတာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ကို ကြည့်မယ် ဆိုရင်တော့ သူလည်း ခန္ဓာငါးပါး ကိုယ်လည်း ခန္ဓာငါးပါး ထူးခြားမှု မရှိပါဘူး။
များသောအားဖြင့် ငါးပါးသီလသာ စောင့်ထိန်းကြတဲ့ အမျိုးသားတွေဟာ သီလရှင်တွေကို သူတို့ပြုစုနေတဲ့ သာသနာတော်နဲ့ သူတို့ စောင့်ထိန်းထားတဲ့ သီလသိက္ခာတွေ ကျင့်ဝတ်တရား တွေကို ပူဇော်တယ်လို့ သဘောထားပြီး ရှိခိုးပူဇော်မယ်ဆိုရင် ကုသိုလ်တွေ ပွားနိုင်ပါတယ်။
ထို့အပြင် ( မိန်းမတွေဟာ ယောကျ်ားတွေအောက် ယုတ်ညံ့တယ်ဆိုတာလည်း မဖြစ်နိုင်တဲ့အတွက် ကိုယ့်ထက် အသက် သိက္ခာကြီးမားတဲ့ အမျိုးသမီးတွေ သီလရှင်တွေကို ကန်တော့ခြင်းဟာ ဘုန်းနိမ့်တယ်ဆိုတာ မမှန်ကန်ပါဘူး)။
တစ်ချို့ အမျိုးသမီးတွေတောင် မရှိခိုးကြပါဘူး။ သီလရှင် ရှိခိုးရင် ဘုန်းနိမ့်သလိုလို ဘာလိုလိုနဲ့ မရှိခိုးကြဘူး။ တစ်ကယ်တော့ သီလရှင်မှာလည်း သိက္ခာပုဒ်တွေ အများကြီးရှိပါတယ်။ လူတွေမှာက ငါးပါးသီလပဲ စောင့်ကြတယ်။
ငါးပါးသီလတောင် လူတိုင်း မမြဲကြပါဘူး။ ဒါကြောင့် အမှန်တကယ် သီလရှင်ကို ရှိခိုးသင့်ပါတယ်။ ကိုယ်ရဲ့ အမေ အမတွေတောင် ရှိခိုးသေးတာပဲ သိက္ခာပုဒ် စောင့်ထိန်းပြီး ဘုရားသာသနာတွင်းမှာ နေတဲ့ သီလရှင်ဆိုတော့ ပိုပြီးတော့တောင် ရှိခိုးရမှာပါ ။
သီလရှင်တွေကို ရှိခိုးရင် ဘုန်းနိမ့်သလိုလို ကံနိမ့်သလိုလိုနဲ့ မရှိခိုးပဲ လူနဲ့တန်းတူ ဆက်ဆံတာတွေ တွေ့ရ မြင်ရတာ တကယ် စိတ်မချမ်းသာစရာတွေပါ။ အားလုံး တရားအမှန်ကို သိကြပါစေ။
(စေတနာပန်းခင်း ဆရာတော်)
Credit: ဓမ္မရတနာ