ၾကားသိရသမွ်

စိန်(၂၁)ပွင့်ကို မျိုချခဲ့တာကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရတဲ့ ကြက်တူရွေးလေး

စိန်(၂၁)ပွင့်ကို မျိုချခဲ့တာကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရတဲ့ ကြက်တူရွေးလေး

ကြက်တူရွေးလေးတစ်ကောင်ဟာ ပိုင်ရှင်ရဲ့ ရတနာသေတ္တာကို မှောက်ချပြီး၊ ဖိတ်စင်သွားတဲ့ စိန်ပွင့်တွေကို အငမ်းမရမျိုချခဲ့ပါတယ်။ သူ့အနေနဲ့ စိန်ပွင့်တွေကို အစာလို့ ထင်ခဲ့ပုံပါ။

သူ မျိုချလိုက်တဲ့ စိန်ပွင့်ကတော့ စုစုပေါင်း (၂၁)ပွင့်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၂)ရက်နေ့က ဖြစ်ခဲ့တဲ့ဒီအဖြစ်အပျက်ကြောင့် ကြက်တူရွေးလေး အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

ကြက်တူရွေးလေးနာမည်ကတော့ Frosty ဖြစ်ပါတယ်။ သူဟာ ပွင့်လက်စဖြစ်နေတဲ့ ရတနာသေတ္တာထဲက လက်လက်တောက်နေတဲ့ စိန်ပွင့်လေးတွေကို သဘောကျနေပုံပါဘဲ။

ဒါကြောင့် ပိုင်ရှင်အလစ်မှာ စိန်ပွင့်တွေကို မှောက်ချလိုက်တာပါ။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖြစ်ခဲ့တာပါ။

Frosty ဟာ အသက်(၈)လအရွယ် ကြက်တူရွေးလေးဖြစ်ပါတယ်။

ပိုင်ရှင်အမျိုးသမီးကတော့ ကနဦးတုန်းက သူမရဲ့ စိန်ပွင့်တွေ ပျောက်ဆုံးသွားတဲ့အတွက် ခေါင်းမီးတောက်နေခဲ့တာပါ။

နောက်မှ အစာမစားနိုင်၊ တမှိုင်မှိုင်ဖြစ်နေတဲ့ ကြက်တူရွေးလေးကို သတိထားမိခဲ့တာပါ။

သူမဟာ Animal Space Hospital အနီးမှာ နေတာဖြစ်လို့ အဲဒီဆေးရုံဆီကို Frosty ကို ခေါ်သွားပြီး စစ်ဆေးစေခဲ့ပါတယ်။

ကြက်တူရွေးလေးကို X-ray ရိုက်ကြည့်ချိန်မှာ သူမရဲ့ စိန်ပွင့်တွေကို သွားတွေ့တာပါ။

ဒေါက်တာ Kuntita Paveenasakorn က ကြက်တူရွေးလေးကို ခွဲစိတ်မှသာ အသက်ရှင်လိမ့်မယ်လို့ ဆိုပါတယ်။

သူမရဲ့ စိန်ပွင့်တွေဟာ တစ်ပွင့်မှာ 0.2 ကာရက် ရှိတယ်လို့ သိရပါတယ်။

ဒေါက်တာ Kuntita ရဲ့အဆိုအရ ဒီလိုကြက်တူရွေးမျိုးတွေဟာ တလက်လက်တောက်နေတဲ့ အရာတွေကို စိတ်ဝင်တစားရှိတတ်ကြောင်း၊

ယခင်ကလည်း ဒီလိုပုံစံနဲ့ဆင်တူတဲ့ ပြဿနာမျိုး ကြုံခဲ့ရပေမယ့်၊ ဒီလောက် ခက်ခက်ခဲခဲ လုပ်ရတာမျိုးတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

အကယ်၍ ဒီငှက်ကလေးကို ဆေးရုံခေါ်မလာခဲ့ရင် မတွေးရဲစရာလို့ ပြောပါတယ်။

ဒီကြက်တူရွေးလေးကို အချိန်(၂)နာရီကြာ ခွဲစိတ်ပြီး ကုသခဲ့ရတာပါ။

စိန်ပွင့်(၂၁)ပွင့်ကတော့ ပိုင်ရှင်အမျိုးသမီးရဲ့ လည်ဆွဲမှဖြစ်ပြီး၊ ပွဲလမ်းမရှိတုန်းလေး ဖြုတ်ပြီး သန့်စင်ထားတာလို့ ဆိုပါတယ်။

ကြက်တူရွေးလေးကတော့ ဆေးရုံမှာ အနည်းဆုံးတစ်ပတ်လောက် ကုသမှုခံယူရမယ်လို့ သိရပါတယ်။

Zawgyi
ၾကက္တူေ႐ြးေလးတစ္ေကာင္ဟာ ပိုင္ရွင္ရဲ႕ ရတနာေသတၱာကို ေမွာက္ခ်ၿပီး၊ ဖိတ္စင္သြားတဲ့ စိန္ပြင့္ေတြကို အငမ္းမရမ်ိဳခ်ခဲ့ပါတယ္။ သူ႕အေနနဲ႕ စိန္ပြင့္ေတြကို အစာလို႔ ထင္ခဲ့ပုံပါ။

သူ မ်ိဳခ်လိဳက္တဲ့ စိန္ပြင့္ကေတာ့ စုစုေပါင္း (၂၁)ပြင့္ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ(၂၂)ရက္ေန႕က ျဖစ္ခဲ့တဲ့ဒီအျဖစ္အပ်က္ေၾကာင့္ ၾကက္တူေ႐ြးေလး အေရးေပၚ ခြဲစိတ္ကုသမႈ ခံယူခဲ့ရပါတယ္။

ၾကက္တူေ႐ြးေလးနာမည္ကေတာ့ Frosty ျဖစ္ပါတယ္။ သူဟာ ပြင့္လက္စျဖစ္ေနတဲ့ ရတနာေသတၱာထဲက လက္လက္ေတာက္ေနတဲ့ စိန္ပြင့္ေလးေတြကို သေဘာက်ေနပုံပါဘဲ။

ဒါေၾကာင့္ ပိုင္ရွင္အလစ္မွာ စိန္ပြင့္ေတြကို ေမွာက္ခ်လိဳက္တာပါ။ ဒီအျဖစ္အပ်က္ဟာ ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ျဖစ္ခဲ့တာပါ။

Frosty ဟာ အသက္(၈)လအ႐ြယ္ ၾကက္တူေ႐ြးေလးျဖစ္ပါတယ္။

ပိုင္ရွင္အမ်ိဳးသမီးကေတာ့ ကနဦးတုန္းက သူမရဲ႕ စိန္ပြင့္ေတြ ေပ်ာက္ဆုံးသြားတဲ့အတြက္ ေခါင္းမီးေတာက္ေနခဲ့တာပါ။

ေနာက္မွ အစာမစားနိုင္၊ တမွိုင္မွိုင္ျဖစ္ေနတဲ့ ၾကက္တူေ႐ြးေလးကို သတိထားမိခဲ့တာပါ။

သူမဟာ Animal Space Hospital အနီးမွာ ေနတာျဖစ္လို႔ အဲဒီေဆး႐ုံဆီကို Frosty ကို ေခၚသြားၿပီး စစ္ေဆးေစခဲ့ပါတယ္။

ၾကက္တူေ႐ြးေလးကို X-ray ရိုက္ၾကည့္ခ်ိန္မွာ သူမရဲ႕ စိန္ပြင့္ေတြကို သြားေတြ႕တာပါ။

ေဒါက္တာ Kuntita Paveenasakorn က ၾကက္တူေ႐ြးေလးကို ခြဲစိတ္မွသာ အသက္ရွင္လိမ့္မယ္လို႔ ဆိုပါတယ္။

သူမရဲ႕ စိန္ပြင့္ေတြဟာ တစ္ပြင့္မွာ 0.2 ကာရက္ ရွိတယ္လို႔ သိရပါတယ္။

ေဒါက္တာ Kuntita ရဲ႕အဆိုအရ ဒီလိုၾကက္တူေ႐ြးမ်ိဳးေတြဟာ တလက္လက္ေတာက္ေနတဲ့ အရာေတြကို စိတ္ဝင္တစားရွိတတ္ေၾကာင္း၊

ယခင္ကလည္း ဒီလိုပုံစံနဲ႕ဆင္တူတဲ့ ျပႆနာမ်ိဳး ႀကဳံခဲ့ရေပမယ့္၊ ဒီေလာက္ ခက္ခက္ခဲခဲ လုပ္ရတာမ်ိဳးေတာ့ မရွိခဲ့ဘူးလို႔ ေျပာပါတယ္။

အကယ္၍ ဒီငွက္ကေလးကို ေဆး႐ုံေခၚမလာခဲ့ရင္ မေတြးရဲစရာလို႔ ေျပာပါတယ္။

ဒီၾကက္တူေ႐ြးေလးကို အခ်ိန္(၂)နာရီၾကာ ခြဲစိတ္ၿပီး ကုသခဲ့ရတာပါ။

စိန္ပြင့္(၂၁)ပြင့္ကေတာ့ ပိုင္ရွင္အမ်ိဳးသမီးရဲ႕ လည္ဆြဲမွျဖစ္ၿပီး၊ ပြဲလမ္းမရွိတုန္းေလး ျဖဳတ္ၿပီး သန႔္စင္ထားတာလို႔ ဆိုပါတယ္။

ၾကက္တူေ႐ြးေလးကေတာ့ ေဆး႐ုံမွာ အနည္းဆုံးတစ္ပတ္ေလာက္ ကုသမႈခံယူရမယ္လို႔ သိရပါတယ္။