နီပေါနိုင်ငံမှာရှိတဲ့ ကျေးရွာတစ်ရွာဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကျောက်ကပ်တွေကို ရောင်းထုတ်ပြီး ငွေရှာခဲ့တာကြောင့် စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ ဒီကျေးရွာမှာ နေထိုင်ကြတဲ့ အရွယ်ရောက်သူအားလုံးဟာ ကျောက်ကပ်တွေ ရောင်းထုတ်ခဲ့တာကြောင့် ရွာအမည်ကို ကျောက်ကပ်ရွာလို့တောင် အမည်ပေးထားပါတယ်။
ဟော့ဆီလို့ အမည်ရတဲ့ ရွာလေးမှာ နေထိုင်သူတွေဟာ ခန္ဓာကိုယ်အတွင်းပိုင်း.. ကလီစာတွေကို မှောင်ခို ရောင်းချနေသူတွေရဲ့ ဆွဲဆောင်မှုကြောင့် ကျောက်ကပ်တွေ ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုရောင်းထုတ်တဲ့အထဲမှာ
အသက် (၃၇)နှစ်အရွယ်အမျိုးသမီး ဂီတာလည်း ပါဝင်ခဲ့ပါတယ်။ ယောက်မဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ကျောက်ကပ်ကို ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်ခွဲထုတ်မှုကို အိန်္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဟော့ဆီရွာဟာ မြို့တော် ခတ္တုမန္ဒူ ကနေ (၁၂)မိုင်သာဝေးတဲ့ နေရာမှာရှိနေတာပါ။ ဂီတာဟာ ကျောက်ကပ်ကို ရောင်းခဲ့တာကြောင့် ပေါင်( ၁၂၀၀) ရရှိခဲ့ပါတယ်။ ရလာတဲ့ငွေကြေးကို နေအိမ်တစ်လုံး တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးခဲ့ပြီး နေအိမ်ဟာ မကြာမီက လှုပ်သွားတဲ့ ငလျင်ကြောင့် ပျက်စီးသွားခဲ့ပါတယ်။
ဂီတာ အတွက် ဝမ်းနည်းစရာဖြစ်သွားပါတယ်။ အသက်ကိုရင်းပြီး.. ကျောက်ကပ်ကို ရောင်းခဲ့ပေမယ့် အရာအားလုံးပျက်စီးမှုနဲ့ ကြုံခဲ့ရပါတယ်။ ကလေးလေးယောက်အမေ အိမ်ခြေမဲ့ တစ်ဦးဖြစ်တဲ့ ဂီတာဟာ ကျောက်ကပ်ကို မသိနားမလည်မှုနဲ့ ရောင်းခဲ့တာကြောင့် နောင်တရမဆုံးဖြစ်ခဲ့ပါတယ်။
ဟော့ဆီ ကျေးရွာမှာ နေထိုင်အများစုဟာ ခန္ဓာကိုယ် အတွင်းပိုင်းကလီစာတွေကို မှောင်ခိုရောင်းချ နေသူတွေရဲ့ ..လိမ်လည်ပြောဆိုမှုတွေကို ယုံကြည်ခဲ့ပါတယ်။ ကျောက်ကပ်ကို ရောင်းပါက ဘာမှဖြစ်မှာမပာုတ်ဘဲ ကျောက်ကပ်က အလိုအလျောက်ပြန်ရရှိလိမ့်မယ်လို့ လိမ်ညာပြောဆိုခဲ့တာဖြစ်ပါတယ်။
ရွာသားတွေဟာ ပိုက်ဆံရလိုတာကတစ်ကြောင်း၊ လိမ်ညာပြောဆိုမှုတွေကို ယုံကြည်တာက တစ်ကြောင်း ကျောက်ကပ်တွေကို ရောင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဟော့ဆီရွာဟာ တစ်ရွာလုံးပျက်စီးသွားခဲ့တာကြောင့် ကျောက်ကပ်ရောင်းပြီး ငွေကြေး ရှာဖွေထားသူတွေအတွက် လက်ထဲမှာ ဘာမှမကျန်တော့တဲ့ အခြေအနေကို ရောက်သွာခဲ့ပါတယ်။ နှစ်စဉ် ကျောက်ကပ် (၇၀၀၀) ခန့် တရားမဝင်ရောင်းချမှုတွေရှိနေပြီး ခန္ဓာကိုယ်အတွင်းပိုင်းကလီစာတွေ ရောင်းချရာမှာ တစ်နှစ်ကိုပေါင် သန်း (၆၅၀) အထိရှိနေတယ်လို့ သိရပါတယ်။Credit
Zawgyi
တစ်ရွာလုံးနီးပါး ကျောက်ကပ်တွေ ထုတ်ရောင်းခဲ့တာကြောင့် ကျောက်ကပ်ရွာလို့ အမည်တွင်သွားတဲ့ရွာ
နီပေါနိုင်ငံမှာရှိတဲ့ ကျေးရွာတစ်ရွာဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကျောက်ကပ်တွေကို ရောင်းထုတ်ပြီး ငွေရှာခဲ့တာကြောင့် စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ ဒီကျေးရွာမှာ နေထိုင်ကြတဲ့ အရွယ်ရောက်သူအားလုံးဟာ ကျောက်ကပ်တွေ ရောင်းထုတ်ခဲ့တာကြောင့် ရွာအမည်ကို ကျောက်ကပ်ရွာလို့တောင် အမည်ပေးထားပါတယ်။
ဟော့ဆီလို့ အမည်ရတဲ့ ရွာလေးမှာ နေထိုင်သူတွေဟာ ခန္ဓာကိုယ်အတွင်းပိုင်း ကလီစာတွေကို မှောင်ခို ရောင်းချနေသူတွေရဲ့ ဆွဲဆောင်မှုကြောင့် ကျောက်ကပ်တွေ ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုရောင်းထုတ်တဲ့အထဲမှာ
အသက် (၃၇)နှစ်အရွယ်အမျိုးသမီး ဂီတာလည်း ပါဝင်ခဲ့ပါတယ်။ ယောက်မဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ကျောက်ကပ်ကို ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်ခွဲထုတ်မှုကို အိန်္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်
ဟော့ဆီရွာဟာ မြို့တော် ခတ္တုမန္ဒူ ကနေ (၁၂)မိုင်သာဝေးတဲ့ နေရာမှာရှိနေတာပါ။ ဂီတာဟာ ကျောက်ကပ်ကို ရောင်းခဲ့တာကြောင့် ပေါင်( ၁၂၀၀) ရရှိခဲ့ပါတယ်။ ရလာတဲ့ငွေကြေးကို နေအိမ်တစ်လုံး တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးခဲ့ပြီး နေအိမ်ဟာ မကြာမီက လှုပ်သွားတဲ့ ငလျင်ကြောင့် ပျက်စီးသွားခဲ့ပါတယ်။
ဂီတာ အတွက် ဝမ်းနည်းစရာဖြစ်သွားပါတယ်။ အသက်ကိုရင်းပြီး ကျောက်ကပ်ကို ရောင်းခဲ့ပေမယ့် အရာအားလုံးပျက်စီးမှုနဲ့ ကြုံခဲ့ရပါတယ်။ ကလေးလေးယောက်အမေ အိမ်ခြေမဲ့ တစ်ဦးဖြစ်တဲ့ ဂီတာဟာ ကျောက်ကပ်ကို မသိနားမလည်မှုနဲ့ ရောင်းခဲ့တာကြောင့် နောင်တရမဆုံးဖြစ်ခဲ့ပါတယ်။
ဟော့ဆီ ကျေးရွာမှာ နေထိုင်အများစုဟာ ခန္ဓာကိုယ် အတွင်းပိုင်းကလီစာတွေကို မှောင်ခိုရောင်းချ နေသူတွေရဲ့ လိမ်လည်ပြောဆိုမှုတွေကို ယုံကြည်ခဲ့ပါတယ်။ ကျောက်ကပ်ကို ရောင်းပါက ဘာမှဖြစ်မှာမပာုတ်ဘဲ ကျောက်ကပ်က အလိုအလျောက်ပြန်ရရှိလိမ့်မယ်လို့ လိမ်ညာပြောဆိုခဲ့တာဖြစ်ပါတယ်။
ရွာသားတွေဟာ ပိုက်ဆံရလိုတာကတစ်ကြောင်း၊ လိမ်ညာပြောဆိုမှုတွေကို ယုံကြည်တာက တစ်ကြောင်း ကျောက်ကပ်တွေကို ရောင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဟော့ဆီရွာဟာ တစ်ရွာလုံးပျက်စီးသွားခဲ့တာကြောင့် ကျောက်ကပ်ရောင်းပြီး ငွေကြေး ရှာဖွေထားသူတွေအတွက် လက်ထဲမှာ ဘာမှမကျန်တော့တဲ့ အခြေအနေကို ရောက်သွာခဲ့ပါတယ်။ နှစ်စဉ် ကျောက်ကပ်
(၇၀၀၀) ခန့် တရားမဝင်ရောင်းချမှုတွေရှိနေပြီး ခန္ဓာကိုယ်အတွင်းပိုင်းကလီစာတွေ ရောင်းချရာမှာ တစ်နှစ်ကိုပေါင် သန်း (၆၅၀) အထိရှိနေတယ်လို့ သိရပါတယ်။Crd