ဆရာဝန်တစ်ယောက်ရဲ့ အပြုအမှုကြောင့် လူနာခန်းထဲက ထွက်လာတဲ့ အမေ မျက်ရည်တွေပါ ဝဲလို့နေ
မရေးချင်ပေမယ့် စိတ်ထဲတော်တော်မကောင်းလို့ ရေးလိုက်ပါပီမနေ့က ကျွန်မအမေ လက်မောင်းတဖက်ကိုက်လို့ အရိုးအကြောအထူးကု ဆရာဝန်တဦးနဲ့ (-)ဆးရုံမှာသွားပြပါတယ်။
အရင်လည်း ခြေဖနောင့်နာတုန်းကပြထားဖူးတော့ အမေကတခြားဆရာဝန်ဆီမသွားဘဲ အဲ့ဆရာဝန်စီဘဲသွားဖစ်ခဲ့တယ်အရိုးအကြောထဲမှာဆို နာမည်လည်းတော်တော်ရ လူနာလည်းများတော့ အမေက ယုံကြည်တာလည်းပါတာပေါ့။
အဲ သွားပြတော့ 8:30 PM လောက်မှာ အမေ့အလှည့်ရောက်တယ် ကျွန်မက အပြင်မှာဘဲစောင့်ပီး အမေနဲ့တူတူ အဖေက အထဲဝင်လိုက်သွားပါတယ်အထဲရောက်တော့ အမေကသူဖစ်တဲ့ဝေဒနာ ဖြစ်ပုံကိုပြောပြပါတယ် ။
အပိုစကားလည်း တခွန်းမှ မပြောခဲ့ပါဘူးနောက်ဆုံးဆေးစာရေးပေးပီးတော့ ပြန်ထွက်ခါနီးမှ အမေက ဆရာဒီလိုကိုက်တာ ဘာကြောင့်ဖစ်တာပါလဲလို့ မေးလိုက်ပါတယ်ဒီမေးခွန်းသည် လူနာတယောက်က ဆရာဝန် ကို မေးနေကျ မေးသင့်တဲ့ မေးခွန်းပါ ။
စိတ်ဆိုးစရာမေးခွန်းတခု မဟုတ်ပါဘူးအဲ့ဒါကို သူက စိတ်ဆိုး မာန်ဆိုးနဲ့ ဒီမှာရေးထားတာမြင်လား ဆိုပီး စာအုပ်မှာရေးထားတာကို လက်ညွှန်းထိုးပြပါတယ် ” ပခုံးကျီးပေါင်းတက်ရောဂါ အိုလို့” ဆိုပီးရေးထားပါတယ်။
ကိုယ့်အမေကလည်း ရိုးပီးအေးလွန်းပါတယ် ပီးတော့ ဆရာဝန်ဆိုတော့ Respect ပေးတာလည်းပါတာပေါ့ သူလက်ညွှန်းထိုးပြတာကို အမေကအနီးမှုန်တော့ မျက်မှန်လေးကောက်တပ်ပီး တရိုတသေ လိုက်ကြည့်ရှာတယ်။
အဲ့ဒါတောင် မတော်နိုင်သေးဘဲ တခြား လူနာတွေရှေ့ ( လူနာခန်းထဲမှာ တဦးထဲမဟုတ် အနောက်က လူနာလည်းရှိပါတယ် ) နာစ်တွေရှေ့မှာ အဲ့စာကို ၃ခေါက်ဖတ်ဆိုပီး အရှက်ခွဲပါတယ်အမေ့ခမျာ ကြောက်ကလည်းကြောက်နဲ့သူပြောသလို ၃ခါဖတ်ရပါတယ်
အဖော်ပါသွားတဲ့ အဖေဆိုတာ မျက်နှာငယ်လေးနဲ့ပါလူနာခန်းထဲက ပြန်ထွက်လာတော့ အမေမှာ မျက်ရည်တွေဝဲပီး ပြန်ထွက်လာပါတယ်အခုလုပ်ရပ်က တော်တော် အကျည်းတန်ပါတယ်။ ဆရာဝန် ပညာတက်တယောက်လုပ်ရမယ့်လုပ်ရပ်မဟုတ်ပါဘူး
ပညာတွေတက်ပီး တော်တော်ကိုရိုင်းတာပါမေးတဲ့မေးခွန်းက ဘာကြောင့်ဖြစ်တာလဲလို့ မေးတာ သူသာ ပရော်ဖက်ရှင်နယ်တယောက်ပီသတယ်ဆို “ အသက်ကြီးလာလို့ဖစ်တာလို့ ”ကောင်းကောင်းမွန်မွန် ပြန်ဖြေလို့ရပါတယ်
ဒီလိုအရှက်ခွဲဖို့မလိုပါဘူး စမ်းသပ်ခ ၁၉၀၀၀ ပေးရပီး ၂မိနစ်စာ ဆရာဝန်နဲ့တွေ့ရတာပါအပြောအဆိုခံရအောင် အစိုးရဆေးရုံမှာသွားပြတာမဟုတ်ပါဘူးကိုယ်ကလည်း သူ့ဆီမှာ ထိုက်သင့်တဲ့ fees ပေးပီး သူ့ပညာကိုတန်ဖိုးထားသလိုသူ့ဘက်ကလည်း သင့်တင့်နဲ့ ပြေပြစ်မှုမျိုးလိုချင်မိတာပါ
နောက်နောင်လည်း ဒီလို Professional မဆန်တဲ့ ဆရာဝန်ကို ဝေးဝေးကရှောင်ပါမယ်တော်တော်လည်း အထင်သေးသွားပါ တယ်စာရှည်သွားလို့အမှားပါသွားရင် တောင်းပန်ပါတယ်။
ခရက်ဒစ် Kyi Kyi
Zawgyi
ဆရာဝန္တစ္ေယာက္ရဲ႕ အျပဳအမႈေၾကာင့္ လူနာခန္းထဲက ထြက္လာတဲ့ အေမ မ်က္ရည္ေတြပါ ဝဲလို႔ေန
မေရးခ်င္ေပမယ့္ စိတ္ထဲေတာ္ေတာ္မေကာင္းလို႔ ေရးလိုက္ပါပီမေန႔က ကြၽန္မအေမ လက္ေမာင္းတဖက္ကိုက္လို႔ အ႐ိုးအေၾကာအထူးကု ဆရာဝန္တဦးနဲ႔ (-)ဆး႐ုံမွာသြားျပပါတယ္။
အရင္လည္း ေျခဖေနာင့္နာတုန္းကျပထားဖူးေတာ့ အေမကတျခားဆရာဝန္ဆီမသြားဘဲ အဲ့ဆရာဝန္စီဘဲသြားဖစ္ခဲ့တယ္အ႐ိုးအေၾကာထဲမွာဆို နာမည္လည္းေတာ္ေတာ္ရ လူနာလည္းမ်ားေတာ့ အေမက ယုံၾကည္တာလည္းပါတာေပါ့။
အဲ သြားျပေတာ့ 8:30 PM ေလာက္မွာ အေမ့အလွည့္ေရာက္တယ္ ကြၽန္မက အျပင္မွာဘဲေစာင့္ပီး အေမနဲ႔တူတူ အေဖက အထဲဝင္လိုက္သြားပါတယ္အထဲေရာက္ေတာ့ အေမကသူဖစ္တဲ့ေဝဒနာ ျဖစ္ပုံကိုေျပာျပပါတယ္ ။
အပိုစကားလည္း တခြန္းမွ မေျပာခဲ့ပါဘူးေနာက္ဆုံးေဆးစာေရးေပးပီးေတာ့ ျပန္ထြက္ခါနီးမွ အေမက ဆရာဒီလိုကိုက္တာ ဘာေၾကာင့္ဖစ္တာပါလဲလို႔ ေမးလိုက္ပါတယ္ဒီေမးခြန္းသည္ လူနာတေယာက္က ဆရာဝန္ ကို ေမးေနက် ေမးသင့္တဲ့ ေမးခြန္းပါ ။
စိတ္ဆိုးစရာေမးခြန္းတခု မဟုတ္ပါဘူးအဲ့ဒါကို သူက စိတ္ဆိုး မာန္ဆိုးနဲ႔ ဒီမွာေရးထားတာျမင္လား ဆိုပီး စာအုပ္မွာေရးထားတာကို လက္ၫႊန္းထိုးျပပါတယ္ ” ပခုံးက်ီးေပါင္းတက္ေရာဂါ အိုလို႔” ဆိုပီးေရးထားပါတယ္။
ကိုယ့္အေမကလည္း ႐ိုးပီးေအးလြန္းပါတယ္ ပီးေတာ့ ဆရာဝန္ဆိုေတာ့ Respect ေပးတာလည္းပါတာေပါ့ သူလက္ၫႊန္းထိုးျပတာကို အေမကအနီးမႈန္ေတာ့ မ်က္မွန္ေလးေကာက္တပ္ပီး တ႐ိုတေသ လိုက္ၾကည့္ရွာတယ္။
အဲ့ဒါေတာင္ မေတာ္ႏိုင္ေသးဘဲ တျခား လူနာေတြေရွ႕ ( လူနာခန္းထဲမွာ တဦးထဲမဟုတ္ အေနာက္က လူနာလည္းရွိပါတယ္ ) နာစ္ေတြေရွ႕မွာ အဲ့စာကို ၃ေခါက္ဖတ္ဆိုပီး အရွက္ခြဲပါတယ္အေမ့ခမ်ာ ေၾကာက္ကလည္းေၾကာက္နဲ႔သူေျပာသလို ၃ခါဖတ္ရပါတယ္
အေဖာ္ပါသြားတဲ့ အေဖဆိုတာ မ်က္ႏွာငယ္ေလးနဲ႔ပါလူနာခန္းထဲက ျပန္ထြက္လာေတာ့ အေမမွာ မ်က္ရည္ေတြဝဲပီး ျပန္ထြက္လာပါတယ္အခုလုပ္ရပ္က ေတာ္ေတာ္ အက်ည္းတန္ပါတယ္။ ဆရာဝန္ ပညာတက္တေယာက္လုပ္ရမယ့္လုပ္ရပ္မဟုတ္ပါဘူး
ပညာေတြတက္ပီး ေတာ္ေတာ္ကို႐ိုင္းတာပါေမးတဲ့ေမးခြန္းက ဘာေၾကာင့္ျဖစ္တာလဲလို႔ ေမးတာ သူသာ ပေရာ္ဖက္ရွင္နယ္တေယာက္ပီသတယ္ဆို “ အသက္ႀကီးလာလို႔ဖစ္တာလို႔ ”ေကာင္းေကာင္းမြန္မြန္ ျပန္ေျဖလို႔ရပါတယ္
ဒီလိုအရွက္ခြဲဖို႔မလိုပါဘူး စမ္းသပ္ခ ၁၉၀၀၀ ေပးရပီး ၂မိနစ္စာ ဆရာဝန္နဲ႔ေတြ႕ရတာပါအေျပာအဆိုခံရေအာင္ အစိုးရေဆး႐ုံမွာသြားျပတာမဟုတ္ပါဘူးကိုယ္ကလည္း သူ႔ဆီမွာ ထိုက္သင့္တဲ့ fees ေပးပီး သူ႔ပညာကိုတန္ဖိုးထားသလိုသူ႔ဘက္ကလည္း သင့္တင့္နဲ႔ ေျပျပစ္မႈမ်ိဳးလိုခ်င္မိတာပါ
ေနာက္ေနာင္လည္း ဒီလို Professional မဆန္တဲ့ ဆရာဝန္ကို ေဝးေဝးကေရွာင္ပါမယ္ေတာ္ေတာ္လည္း အထင္ေသးသြားပါ တယ္စာရွည္သြားလို႔အမွားပါသြားရင္ ေတာင္းပန္ပါတယ္။
ခရက္ဒစ္ Kyi Kyi