အေထြအေထြဗဟုသုတ

မြန်မာငွေ (၆၅)သိန်းကျော်တန်ဖိုးရှိတဲ့ ကြက်နက်အကြောင်း

မြန်မာငွေ ၆၅သိန်းကျော်တန်ဖိုးရှိတဲ့ ကြက်နက်

ရေမြေဒေသကြောင့် အရိုး၊ အသား၊ အနှစ်၊ သွေး၊ ဥကအစ အနက်ရောင်ပြောင်းနေတဲ့ ကြက်ဟာ ကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာပဲ ရှိပါတယ်။

အဲဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာပဲ ဖြစ်ပါတယ်။ အင်ဒိုရဲ့ ဂျာဗားကျွန်းမှာ အများဆုံး ရှိပါတယ်။

မလေးရှားမှာလည်း တွေ့ရသလို တခြားနိုင်ငံတွေမှာ ရှိပေမယ့် အင်ဒိုက တကယ့် မိခင်ရင်းမြစ်နေရာပါ။

ကမ္ဘာပေါ်မှာ လက်ရှိ အကောင်ရေ ၃၅၀၀ ပဲ ရှိတော့တဲ့ ကြက်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

ဈေးကလည်း သိန်းဆယ်ချီ၊ ရာချီ ပေးဝယ်ကြတယ်လို့ဆိုပါတယ်။

ကြက်လောကမှာ ဈေးအကြီးဆုံး ကြက်လို့ ဆိုရပါမယ်။ အနည်းဆုံး ဒေါ်လာ နှစ်ထောင့်ငါးရာပေးရတယ်။

ပြင်သစ်မှာဆို ဒေါ်လာ ငါးထောင်ပေးဝယ်ရပါတယ်။ အဲဒီကြက်ကို ဆယ်မာနီ တညင် ကြက် Ayam Cemani လို့ ခေါ်ကြတယ်။

ဒီကြက် အနက်ရောင်ဖြစ်နေတာက မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲသွားလို့ နက်သွားတာ ဖြစ်ပါတယ်။

ဒီကြက်ဟာ တစ်ခါ ဥရင် အနည်းဆုံး အလုံး ၂၀ ကနေ ၃၀ ကြား ဥပါတယ်။

ဥရဲ့ အရောင်ဟာ တခြားကြက်တွေရဲ့ အရောင်နဲ့မတူဘဲ အကုန်လုံး နက်မှောင်နေတယ်။

ဒါပေမဲ့ အတွင်းသားကတော့ ဖြူတယ်။ သူ့ရဲ့ အသား၊ အရိုးနဲ့ အရေပြားအားလုံးကလည်း အနက်ရောင်ပါ။

စူပါမားကက်တွေမှာ ရောင်းလေ့ရှိပါတယ်။ မလေးစူပါမားကက်တွေမှာတော့ ရင်းဂစ် ငွေ ၁၀.၀၀ နဲ့ ရောင်းချလေ့ရှိတယ်လို့ သိရပါတယ်။

ဒီကြက်ဘုရင် ကြက်နက်ကို ကံကောင်းခြင်းလို့ အင်ဒိုသားတွေက ယူဆကြတယ်။

တိုင်းရင်းဆေးမှာလည်း ဆေးဖက်ဝင်အမယ်အဖြစ် .အသုံးပြုကြပါသေးတယ်။

Zawgyi

မြန်မာငွေ ၆၅သိန်းကျော်တန်ဖိုးရှိတဲ့ ကြက်နက်

ရေမြေဒေသကြောင့် အရိုး၊ အသား၊ အနှစ်၊ သွေး၊ ဥကအစ အနက်ရောင်ပြောင်းနေတဲ့ ကြက်ဟာ ကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာပဲ ရှိပါတယ်။

အဲဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာပဲ ဖြစ်ပါတယ်။ အင်ဒိုရဲ့ ဂျာဗားကျွန်းမှာ အများဆုံး ရှိပါတယ်။

မလေးရှားမှာလည်း တွေ့ရသလို တခြားနိုင်ငံတွေမှာ ရှိပေမယ့် အင်ဒိုက တကယ့် မိခင်ရင်းမြစ်နေရာပါ။

ကမ္ဘာပေါ်မှာ လက်ရှိ အကောင်ရေ ၃၅၀၀ ပဲ ရှိတော့တဲ့ ကြက်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

ဈေးကလည်း သိန်းဆယ်ချီ၊ ရာချီ ပေးဝယ်ကြတယ်လို့ဆိုပါတယ်..။

ကြက်လောကမှာ ဈေးအကြီးဆုံး ကြက်လို့ ဆိုရပါမယ်။ အနည်းဆုံး ဒေါ်လာ နှစ်ထောင့်ငါးရာပေးရတယ်။

ပြင်သစ်မှာဆို ဒေါ်လာ ငါးထောင်ပေးဝယ်ရပါတယ်။ အဲဒီကြက်ကို ဆယ်မာနီ တညင် ကြက် Ayam Cemani လို့ ခေါ်ကြတယ်။

ဒီကြက် အနက်ရောင်ဖြစ်နေတာက မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲသွားလို့ နက်သွားတာ ဖြစ်ပါတယ်။

ဒီကြက်ဟာ တစ်ခါ ဥရင် အနည်းဆုံး အလုံး ၂၀ ကနေ ၃၀ ကြား ဥပါတယ်။

ဥရဲ့ အရောင်ဟာ တခြားကြက်တွေရဲ့ အရောင်နဲ့မတူဘဲ အကုန်လုံး နက်မှောင်နေတယ်။

ဒါပေမဲ့ အတွင်းသားကတော့ ဖြူတယ်။ သူ့ရဲ့ အသား၊ အရိုးနဲ့ အရေပြားအားလုံးကလည်း အနက်ရောင်ပါ။

စူပါမားကက်တွေမှာ ရောင်းလေ့ရှိပါတယ်။ မလေးစူပါမားကက်တွေမှာတော့ ရင်းဂစ် ငွေ ၁၀.၀၀ နဲ့ ရောင်းချလေ့ရှိတယ်လို့ သိရပါတယ်။

ဒီကြက်ဘုရင် ကြက်နက်ကို ကံကောင်းခြင်းလို့ အင်ဒိုသားတွေက ယူဆကြတယ်။

တိုင်းရင်းဆေးမှာလည်း ဆေးဖက်ဝင်အမယ်အဖြစ် အသုံးပြုကြပါသေးတယ်။

Source : Once A Glance Page