ၾကားသိရသမွ်

တစ်ခေတ်တစ်ခါက အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့ အစ်ကိုညွန့်ဝင်း ရုတ်တရတ် ကွယ်လွန်သွားတဲ့အတွက် ယူကြုံးမရ ဝမ်းနည်းနေတဲ့ ဝါဝါဝင်းရွှေ

တစ်ခေတ်တစ်ခါက ရုပ်ရှင်ဇာတ်ကားများတွင် အတွဲညီညီ သရုပ်ဆောင်ခဲ့ကြသူတွေကတော့ မင်းသားကြီး ညွန့်ဝင်းနဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေတို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ရုပ်ရှင်ရိုက်ကူးတွေမှာသာမကဘဲ အပြင်လောကမှာပါ မောင်နှမအရင်းတွေလို ချစ်ခင်ကြသူတွေ ဖြစ်ပါတယ်။

ဦးညွန့်ဝင်းဟာ ရောဂါဝေဒနာများစွာကိုအချိန်ကာလကြာမြင့်စွာခံစားနေရသူဖြစ်ပြီး ဒီနေ့မနက်မှာတော့ သူချစ်ရတဲ့သူတွေကို အပြီးပိုင် စွန့်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။

တန်ဖိုးရှိလှတဲ့ ဝါရင့်အနုပညာရှင်တစ်ဦး ကွယ်လွန်သွားတဲ့အတွက် ပရိသတ်တွေသာမကဘဲ အနုပညာရှင်များအားလုံးက နှမျောတသဖြစ်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း အန်တီဝါဝါဝင်းရွှေရဲ့ လူမှုကွန်ယက်တွင် အစ်ကိုရင်း တစ်ယောက်လို ချစ်ခင်ရတဲ့ ဦးညွန့်ဝင်းရုတ်တရတ် ဆုံးပါးသွားတဲ့အတွက် ယူကြုံးမရ ဝမ်းနည်းနေကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

သူမရဲ့ခင်ပွန်းဆုံးပါးသွားချိန်တုန်းက အပြေးလာရောက်ခဲ့တဲ့ အစ်ကိုညွန့်ဝင်း ကြွေလွင့်သွားတဲ့အတွက် ရင်နှင့်အမျှ နှမြောတသလွမ်းဆွတ်နေကြောင်းကိုလည်းအခုလို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

” အစ်ကိုအရင်းနှင့်မခြား ချစ်ရတဲ့ အကို​ရေ သူ့အချစ်ဆုံး သူငယ်ချင်းကြီး ကိုသန်းထွဋ် ဆုံးတာကြားကြားချင်းအ​ပြေးအလွှား ရောက်လာရှာတယ်​လေ။ အခု​တော့ အစ်ကိုချစ်တဲ့ ဖိုးထွဋ်ကြီး ​နောက်ကိုလိုက်သွားပြီလားအကိုရယ် ပြောင်​မြောက်လွန်းလှတဲ့ အနုပညာရှင်ကြီး တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာ ကြယ်ပွင့်ကြီး ခု​တော့​ကြွေလွင့်သွားရှာပြီ​ပေါ့။

ရင်နှင့်အမျှ နှ​မျောတသလွမ်းဆွတ်​နေ​တော့မှာပါ အစ်ကို ​ကောင်းရာဘုံဘဝ ​ရောက်ပါ​စေ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အဘက်ဘက်မှာ ပါရမီရှိလွန်းတဲ့ အနုပညာရှင်တွေ ကွယ်လွန်သွားတာဟာ အနုပညာလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပါတယ်။

ဘဘဦးညွန့်ဝင်းလည်း မြင့်မြတ်တဲ့ဘုံဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Wa Wa Win Shwe’s Facebook Account and Original Uploader