ၾကားသိရသမွ်

ကလေးမြို့ ခရစ်ယာန်သချိုင်းမှာ ၁လအတွင်း အလောင်း ၂၇၀ မြေမြုပ်သဂြိုလ်

ကေလးၿမိဳ့နယ္တြင္ ကိုဗစ္ေရာဂါျဖစ္ၿပီးေနာက္ ကေလးၿမိဳ့ေပၚခရစ္ယာန္သခ်ိဳင္းတြင္ ဇြန္လ ၁ ရက္ကေန ၃၀ ရက္ထိ အေလာင္း ၂၇၀ ေျမျမဳပ္သၿဂိဳလ္ထားတယ္လို့ ကေလးခရစ္ယာန္သခ်ိဳင္းေကာ္မတီ ဘ႑ထိန္းက ထုတ္ျပန္ထားပါတယ္။

အမ်ားစုဟာ ကိုဗစ္အတည္ျပဳလူနာနဲ႔ သံသယလူနာတို့ျဖစ္ၾကပါတယ္။

၎တို့တြင္ ခရစ္ယာန္အမွုေတာ္ေဆာင္ Rev. (၁၉) ပါး၊ RC Father (၃)ပါး စုစုေပါင္း (၂၂) ပါးလည္းပါဝင္ပါတယ္။

ဒိုးဝိုင္းေခ်ာင္း သခ်ိဳင္းမွာ ၂၄၈ ေလာင္း၊ ၿမိဳ့လွသခ်ိဳင္းတြင္ ၄ ေလာင္း၊ မြန္ထာသခ်ိဳင္းတြင္ ၁၈ ေလာင္း ျမဳပ္ႏွံၾကပါတယ္။ ဒါဟာ ပ်မ္းမၽွ တစ္ရက္မွာ ၉ ေယာက္ႏွုန္းနဲ႔ ေသဆုံးတာျဖစ္တယ္။

အမ်ိဳးသား ၁၆၈ ဦး၊ အမ်ိဳးသမီး ၁၀၂ ဦးရွိၿပီး ၎တို့ထဲမွာ အသက္လူငယ္ေလာက္ လူငယ္ ၂၈ေယာက္လည္းေသဆုံးတဲ့စာရင္းထဲမွာပါဝင္ပါတယ္။

အခုစာရင္းဟာ ၿမိဳ့ေပၚမွာေသဆုံးတဲ့စာရင္းေတြသာျဖစ္ၿပီး ေက်းရြာဘက္က ေသဆုံးတဲ့စာရင္းမပါဝင္ေသးပါ။

ကေလးၿမိဳ့တြင္ ကိုးကြယ္တဲ့ဘာသာအလိုက္ သခ်ိဳင္းရွိၾကပါတယ္။

————————

ကလေးမြို့နယ်တွင် ကိုဗစ်ရောဂါဖြစ်ပြီးနောက် ကလေးမြို့ပေါ်ခရစ်ယာန်သချိုင်းတွင် ဇွန်လ ၁ ရက်ကနေ ၃၀ ရက်ထိ အလောင်း ၂၇၀ မြေမြုပ်သဂြိုလ်ထားတယ်လို့ ကလေးခရစ်ယာန်သချိုင်းကော်မတီ ဘဏ္ဍထိန်းက ထုတ်ပြန်ထားပါတယ်။

အများစုဟာ ကိုဗစ်အတည်ပြုလူနာနဲ့ သံသယလူနာတို့ဖြစ်ကြပါတယ်။

၎င်းတို့တွင် ခရစ်ယာန်အမှုတော်ဆောင် Rev. (၁၉) ပါး၊ RC Father (၃)ပါး စုစုပေါင်း (၂၂) ပါးလည်းပါဝင်ပါတယ်။

ဒိုးဝိုင်းချောင်း သချိုင်းမှာ ၂၄၈ လောင်း၊ မြို့လှသချိုင်းတွင် ၄ လောင်း၊ မွန်ထာသချိုင်းတွင် ၁၈ လောင်း မြုပ်နှံကြပါတယ်။ ဒါဟာ ပျမ်းမျှ တစ်ရက်မှာ ၉ ယောက်နှုန်းနဲ့ သေဆုံးတာဖြစ်တယ်။

အမျိုးသား ၁၆၈ ဦး၊ အမျိုးသမီး ၁၀၂ ဦးရှိပြီး ၎င်းတို့ထဲမှာ အသက်လူငယ်လောက် လူငယ် ၂၈ယောက်လည်းသေဆုံးတဲ့စာရင်းထဲမှာပါဝင်ပါတယ်။

အခုစာရင်းဟာ မြို့ပေါ်မှာသေဆုံးတဲ့စာရင်းတွေသာဖြစ်ပြီး ကျေးရွာဘက်က သေဆုံးတဲ့စာရင်းမပါဝင်သေးပါ။

ကလေးမြို့တွင် ကိုးကွယ်တဲ့ဘာသာအလိုက် သချိုင်းရှိကြပါတယ်။