ၾကားသိရသမွ်

စစ်ခေါင်းဆောင်က သူ့မွေးနေ့မှာ အကျဉ်းသားတွေထပ်လွှတ်ဖို့ စီစဉ်နေ

အရပ်သားအစိုးရကို အင်အားသုံးဖြုတ်ချပြီး အာဏာယူထားသော စစ်ခေါင်းဆောင်သည် သူ၏ ၆၅နှစ်ပြည့်မွေးနေ့တွင် အကျဉ်းသားများကို ထပ်လွတ်ဖို့ စီစဉ်နေကြောင်း အကျဉ်းသားများကိုကူညီပေးနေသည့် ရှေ့နေ့ အသိုင်းအဝိုင်းက BAPကို ပြောသည်။

“ကျွန်တော်ရထားတဲ့ သတင်းအရ ၃ ရက်‌ နေ့မှာ နောက် ထပ်တစ်သုတ် လွှတ်ဖို့စီစဉ်နေတယ်။ ၅ ရက်နေ့ကျရင်လည်း လွှတ်ဖို့ရှိမယ်၊ အရေအတွက်ကတော့ ထုံးစံအတိုင်းလွှတ်မယ့် မနက်ကျမှသိရမယ်” ဟု ဖမ်းဆီးခံထားရသူများကို ကူညီပေးနေသော…

အမည်အမဖော်မလိုသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။BAP က အကျဉ်းဦးစီးဌာနတာဝန်ရှိသူကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုခြင်းမရှိသေးပေ။စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ဇူလိုင် ၃ ရက်တွင်…

အသက် ၆၅ နှစ်ပြည့်မည်ဖြစ်သည်။ပုံမှန်အားဖြင့် ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက် ခံရသည့် အစိုးရသာဆက်ရှိနေပါက ဗိုလ်ချုပ်မှူးကြီးသည် ထိုနေ့တွင် ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို နောက်ဆုံးထမ်းဆောင်ရမည်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို သက်သေမပြနိုင်သော စွပ်စွဲချက်များဖြင့် အရပ်သားအစိုးရကို အင်အားသုံးဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာရယူခဲ့သည်။ ထို့နောက် ပထမဆုံး ဥပဒေပြင်ဆင်ချက်ဖြင့် ဗိုလ်ချုပ်မှူးကြီးက သူ၏ ရာထူးအတွက်…

အသက်ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်သည်။ယင်းပယ်ဖျက်မှုကြောင့် ၎င်း၏ အာဏာအတွက်အကန့် အသတ်မရှိဖြစ်ခဲ့ရသည်။ဗိုလ်ချုပ်မှူးကြီးဖမ်းဆီးထားသည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် နှင့် မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်…

ပြီးခဲ့သည့် ဇွန် ၁၉တွင် ၇၆ နှစ်ပြည့်ခဲ့ပြီး သူမ၏ မွေး နေ့ကို အကျည်းကျခံနေရသည့် နေအိမ်အတွင်း၌သာ ပြုလုပ်ခဲ့ရသည်။

သို့သော်လည်း မြန်မာတစ်ပြည်လုံးက လူထုအများစုက ပန်းသပိတ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ပွဲကျင်းပခဲ့သည်။

ဇော်ဂျီဖောင့်ဖြင့် ဖတ်ရန်

စစ်ခေါင်းဆောင်က သူ့မွေးနေ့မှာ အကျဉ်းသားတွေထပ်လွှတ်ဖို့ စီစဉ်နေ

အရပ်သားအစိုးရကို အင်အားသုံးဖြုတ်ချပြီး အာဏာယူထားသော စစ်ခေါင်းဆောင်သည် သူ၏ ၆၅နှစ်ပြည့်မွေးနေ့တွင် အကျဉ်းသားများကို ထပ်လွတ်ဖို့ စီစဉ်နေကြောင်း အကျဉ်းသားများကိုကူညီပေးနေသည့် ရှေ့နေ့ အသိုင်းအဝိုင်းက BAPကို ပြောသည်။..

“ကျွန်တော်ရထားတဲ့ သတင်းအရ ၃ ရက်‌ နေ့မှာ နောက် ထပ်တစ်သုတ် လွှတ်ဖို့စီစဉ်နေတယ်။ ၅ ရက်နေ့ကျရင်လည်း လွှတ်ဖို့ရှိမယ်၊ အရေအတွက်ကတော့ ထုံးစံအတိုင်းလွှတ်မယ့် မနက်ကျမှသိရမယ်” ဟု ဖမ်းဆီးခံထားရသူများကို ကူညီပေးနေသော…

အမည်အမဖော်မလိုသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။BAP က အကျဉ်းဦးစီးဌာနတာဝန်ရှိသူကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုခြင်းမရှိသေးပေ။စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ဇူလိုင် ၃ ရက်တွင်…

အသက် ၆၅ နှစ်ပြည့်မည်ဖြစ်သည်။ပုံမှန်အားဖြင့် ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက် ခံရသည့် အစိုးရသာဆက်ရှိနေပါက ဗိုလ်ချုပ်မှူးကြီးသည် ထိုနေ့တွင် ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို နောက်ဆုံးထမ်းဆောင်ရမည်ဖြစ်သည်။…

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို သက်သေမပြနိုင်သော စွပ်စွဲချက်များဖြင့် အရပ်သားအစိုးရကို အင်အားသုံးဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာရယူခဲ့သည်။ ထို့နောက် ပထမဆုံး ဥပဒေပြင်ဆင်ချက်ဖြင့် ဗိုလ်ချုပ်မှူးကြီးက သူ၏ ရာထူးအတွက်…

အသက်ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်သည်။ယင်းပယ်ဖျက်မှုကြောင့် ၎င်း၏ အာဏာအတွက်အကန့် အသတ်မရှိဖြစ်ခဲ့ရသည်။ဗိုလ်ချုပ်မှူးကြီးဖမ်းဆီးထားသည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် နှင့် မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်…

ပြီးခဲ့သည့် ဇွန် ၁၉တွင် ၇၆ နှစ်ပြည့်ခဲ့ပြီး သူမ၏ မွေး နေ့ကို အကျည်းကျခံနေရသည့် နေအိမ်အတွင်း၌သာ ပြုလုပ်ခဲ့ရသည်။သို့သော်လည်း မြန်မာတစ်ပြည်လုံးက လူထုအများစုက ပန်းသပိတ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ပွဲကျင်းပခဲ့သည်။…

Crd