ရွေးကောက်ပွဲအလွန်တွင် သမ္မတဖြစ်ရေး မဖြစ်ရေးသည် ပြည်သူများက စိတ်အားထက်သန်နေကြခြင်းကြောင့်
မလွဲသာမရှောင်သာ တာဝန်ထမ်းဆောင်သွားရနိုင်ဖွယ် ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရုရှားနှင့်အင်တာဗျူးတွင် ဖွင့်ဟပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲပြောကြားချက်များမှာ
– လာမည့် 2022 ခုနှစ်တွင် မဖြစ်မနေ ရွေးကောက်ပွဲပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း
– ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲအလွန်တွင် သမ္မတဖြစ်ရေး မဖြစ်ရေးသည် မိမိအနေနဲ့ မသက်ဆိုင်သော်လည်
ပြည်သူများက စိတ်အားထက်သန်နေကြခြင်းကြောင့် မလွဲသာမရှောင်သာ တာဝန်ထမ်းဆောင်သွားရနိုင်ဖွယ် ရှိကြောင်း
– စစ်မှန်သော ဒီမိုကရေစီရရှိနိုင်ရန် မိမိတို့ တပ်မတော်ကသာ ကူညီတာဝန်ယူဆောင်ရွက်ပေးနိုင်ကြောင်း
– ပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်ချက် ပြင်းထန်နေခြင်းကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း
– နိုင်ငံတကာအကူအညီများကို မလိုအပ်သလောက် မြန်မာနိုင်ငံတွင် အစစအရာရာ ပြီးပြည့်စုံနေကြောင်း
– ကမ္ဘာအရေး နိုင်ငံတကာအရေး ပြည်တွင်းအရေးများကို မိမိကသာ ဦးဆောင်၍ ဆက်လက်တာဝန်ယူ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း
– ကျန်းမာရေး ပညာရေး လူမှုရေး များကို စထက်သပိုး ပိုမိုတိုးတက်လာအောင် အစွမ်းကုန် ပံ့ပိုးကူညီသွားမည့်ဖြစ်ကြောင်း နှင့်
– ကမ္ဘာဆက်ဆံရေး နိုင်ငံတကာဆက်ဆံရေးများကို အစွမ်းကုန် ပိုမိုရင်းနှီးတိုးတက်လာအောင် မိမိအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို ပြောဆိုသွားခဲ့ပါသည်။



