&;
Crd
မနေ့ကတော့ မြန်မာပြည်သူတွေအတွက် ဝမ်းနည်းဝမ်းသာဖြစ်ရတဲ့ နေ့တစ်နေ့ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ အကျဉ်းထောင်တွေက အကျဉ်းသား(၂၀၀၀)ခန့်ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ပြည်သူတွေက အကျဉ်းထောင်တွေရှေ့လာကြိုကြရင်း ပြန်လွတ်လာသူတွေထဲမှာ သူတို့ရဲ့ မိသားစုဝင်တွေပါဝင်တာကြောင့် ဝမ်းသာပျော်ရွှင်နေကြပါတယ်။
တစ်ဖက်မှာလည်း ပြည်သူအချို့ဟာ ပြန်လွတ်လာသူတွေထဲ ဖမ်းဆီးခံထားရတဲ့မိသားစုဝင်တွေမပါဝင်တာကြောင့် စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေကြပါတယ်။
မြစ်ကြီးနားက ဦးလေးကြီးတစ်ယောက်ဟာလည်း ဖမ်းဆီးခံရတဲ့ သမီးဖြစ်သူပြန်မလွတ်လာတာကြောင့် စိတ်မကောင်းဖြစ်ဝမ်းနည်းပြီး အသက်သေဆုံးသွားကြောင်းသိရပါတယ်။
ယခုမှာတော့ မျက်ရည်ကျရတဲ့အထိ ဝမ်းသာကြည်နူးစရာကောင်းတဲ့ အင်းစိန်အကျဉ်းထောင်ရှေ့က ဗီဒီယိုဖိုင်လေးတစ်ခု လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါဗီဒီယိုဖိုင်ထဲမှာ မိခင်က အကျဉ်းထောင်ကပြန်လွတ်လာတဲ့ သားကို ဝမ်းသာအားရနဲ့ ပွေ့ဖက်ကြိုဆိုရင်း ငိုကြွေးနေတာဖြစ်ပါတယ်။
ပြည်သူတွေကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ အဆိုပါဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ဝမ်းသာပျော်ရွင်နေကြသလို အဆိုပါဗီဒီယိုဖိုင်ဟာလည်း ကြည့်ရူသူပရိသတ်တွေအလွန်များပြားလျက်ရှိနေခဲ့တာဖြစ်ပါတယ်။
ပြည်သူတစ်ဦးက ” မတရားဖမ်းဆီး ထိန်းသိမ်းခံရသည့်ပြည်သူများနှင့် သတင်းထောက် ငါးဦးကို ယနေ့ ညနေ ၆ နာရီ ကျော်တွင် အင်းစိန်အကျဉ်းထောင် ဗဟိုလမ်း ဝင်ပေါက်မှ စလွှတ်ခဲ့သည် “
ဆိုပြီး ရေးသားထားခဲ့တာဖြစ်ပါတယ်။ ပြန်လွတ်လာတဲ့ သားကိုပွေ့ဖက်ပြီး ငိုကြွေးနေတဲ့ မိခင်ရဲ့ဗီဒီယိုဖိုင်ကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
&;
Crd