ဒီလိုသာ မတင်ရင် လူတောင် သိပ်သိလိုက်မှာမဟုတ်ဘူး
ဘာအကာအကွယ်ဘာလက်နက်မှ မပါပဲရှေ့ကနေ ဆန္ဒပြတဲ့သူတွေကို ကာကွယ်ရင်းကျဆုံးခဲ့တာချစ်ကိုကိုဇော် (ခ) ကိုဇော်
21.3.2021မနော်ဟရီနဲ့ 56လမ်းထောင့်နားမှာဗိုက်သေနတ်မှန်ပီးခေါ်သွားခံရတာ
23 ရက်နေ့မှ သိရတာမနေ့က ညနေ4နာရီမှာ Covid ကြောင့်သေတယ်ဆိုပီး သဂြိုလ်လိုက်တယ်တဲ့ဗျာ(နေ့လည် 3နာရီလောက်တည်းက သေနတ်မှန်တာ 6နာရီလောက်မှ ကားထွက်တာအဲ့အချိန် ကားပေါ် ဘယ်လောက်ခံစားနေရမလဲ)သေတယ်လို့သာ သိရတယ်
ကိုယ်တိုင်တောင် သဂြိုလ်ခွင့် မရကြရှာဘူးအလောင်းမပါပဲ နာရေးပို့မယ်ဆိုတော့လဲခုချိန်ထိ ရပ်ကွက်ထိပ်မှာ တပ်စွဲပီးပစ်နေကြတုန်းဆိုတော့ နာရေးပို့ဖို့တောင် အဆင်မပြေရှာဘူး5နှစ်အရွယ် တစ်ဦးတည်းသောသမီးလေး တစ်ယောက်ကျန်ခဲ့တယ်သူ့သမီးလေးကတော့အဖေက နဂိုတည်းက ခရီးထွက်ပီးအလုပ်လုပ်နေတဲ့သူ
အခု အလောင်းလဲ မမြင်ရရှာတော့ သေပီဆိုတာ မသိရှာဘူးသူ့အမေငိုရင် ဘာမှန်းမသိပဲ လိုက်ငိုရုံကလွဲပီးခရီးသွားတယ်ပဲထင်နေရှာတယ်ကျနော့ရဲ့ အကိုတစ်ယောက်လို ချစ်ရခင်ရတဲ့ အကိုပါဗျာသူ့ရဲ့နာရေးနဲ့ ကျန်ခဲ့တဲ့သမီးလေးအတွက် အလှူခံပေးပါရစေ
credit
Zawgyi
ဒီလိုသာ မတင္ရင္ လူေတာင္ သိပ္သိလိုက္မွာမဟုတ္ဘူး
ဘာအကာအကြယ္ဘာလက္နက္မွ မပါပဲေရွ႕ကေန ဆႏၵျပတဲ့သူေတြကို ကာကြယ္ရင္းက်ဆုံးခဲ့တာခ်စ္ကိုကိုေဇာ္ (ခ) ကိုေဇာ္
21.3.2021မေနာ္ဟရီနဲ႔ 56လမ္းေထာင့္နားမွာဗိုက္ေသနတ္မွန္ပီးေခၚသြားခံရတာ
23 ရက္ေန႔မွ သိရတာမေန႔က ညေန4နာရီမွာ Covid ေၾကာင့္ေသတယ္ဆိုပီး သၿဂိဳလ္လိုက္တယ္တဲ့ဗ်ာ(ေန႔လည္ 3နာရီေလာက္တည္းက ေသနတ္မွန္တာ 6နာရီေလာက္မွ ကားထြက္တာအဲ့အခ်ိန္ ကားေပၚ ဘယ္ေလာက္ခံစားေနရမလဲ)ေသတယ္လို႔သာ သိရတယ္
ကိုယ္တိုင္ေတာင္ သၿဂိဳလ္ခြင့္ မရၾကရွာဘူးအေလာင္းမပါပဲ နာေရးပို႔မယ္ဆိုေတာ့လဲခုခ်ိန္ထိ ရပ္ကြက္ထိပ္မွာ တပ္စြဲပီးပစ္ေနၾကတုန္းဆိုေတာ့ နာေရးပို႔ဖို႔ေတာင္ အဆင္မေျပရွာဘူး5ႏွစ္အ႐ြယ္ တစ္ဦးတည္းေသာသမီးေလး တစ္ေယာက္က်န္ခဲ့တယ္သူ႔သမီးေလးကေတာ့အေဖက နဂိုတည္းက ခရီးထြက္ပီးအလုပ္လုပ္ေနတဲ့သူ
ခု အေလာင္းလဲ မျမင္ရရွာေတာ့ ေသပီဆိုတာ မသိရွာဘူးသူ႔အေမငိုရင္ ဘာမွန္းမသိပဲ လိုက္ငို႐ုံကလြဲပီးခရီးသြားတယ္ပဲထင္ေနရွာတယ္က်ေနာ့ရဲ႕ အကိုတစ္ေယာက္လို ခ်စ္ရခင္ရတဲ့ အကိုပါဗ်ာသူ႔ရဲ႕နာေရးနဲ႔ က်န္ခဲ့တဲ့သမီးေလးအတြက္ အလႉခံေပးပါရေစ
credit