ဇွန်လ (၃၀) ရက်နေ့မှာတော့ ဖမ်းဆီးခံထားရတဲ့ပြည်သူတချို့ ပြန်လည်လွတ်မြောက်လာတာကြောင့် သူတို့ရဲ့မိသားစုဝင်တွေလည်း အရမ်းပျော်ရွှင်ခဲ့ရတာဖြစ်ပါတယ်။
မိသားစုဝင်တွေခမျာ ဒီကာလကြီးမှာ ခွဲခွါနေရတာကြာမြင့်နေပြီဖြစ်လို့ တချို့အိမ်လေးတွေလည်း မိသားစုဝင်စုံစုံလင်လင်နဲ့ ပြန်လည်စိုပြေလာခဲ့ပြီဖြစ်ပါတယ်။
ပြည်သူလူထုကတော့ လွတ်မြောက်လာကြတဲ့သူရဲကောင်းတွေအတွက်လည်း ဝမ်းသာပေးကြသလို လက်ရှိအခြေအနေကိုလည်း ဆက်လက်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။

တချို့လူငယ်လေးတွေဆိုရင် ထောင်ထဲမှာနေရတာ ရက်တွေကြာမြင့်သွားတာကြောင့် မိသားစုဝင်တွေကို အရမ်းသတိရပြီး တွေ့တွေ့ချင်း ပြေးဖက်ကြတာတွေလည်းရှိပါတယ်။
တချို့ပြည်သူတွေကတော့ ဘယ်လောက်တောင်သတ္တိရှိလဲဆိုရင် ရဲစခန်းရှေ့မှာတင်ပဲ ပြည်သူတွေကို လက်သုံးချောင်းထောင်ပြခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးစိတ်ဓာတ်အင်အားကြံ့ခိုင်ကြတဲ့ သူရဲကောင်းတွေကို ပြည်သူတချို့က အမိအရဓာတ်ပုံရိုက်လိုက်ပြီး မှတ်တမ်းတင်ထားကြတာ ဖြစ်ပါတယ်။
အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ ဦးလေးကြီးတစ်ယောက်ကတော့ အထဲကနေ ရဲကားတွေထွက်လာတာတောင် အပေါက်ဝမှာ လက်သုံးချောင်းထောင်ပြခဲ့တာဖြစ်ပါတယ်။လူတွေအများကြီးထဲမှာမှ သူတစ်ယောက်တည်း လက်သုံးချောင်းထောင်ပြရဲတဲ့ ဦးလေးကြီးရဲ့သတ္တိက လေးစားဖို့ကောင်းပါတယ်။
&;
ပြည်သူတွေရဲ့စိတ်ထဲမှာ အကြောက်တရားလုံးဝမရှိဘဲ တစ်နေ့မှာ အောင်မြင်မယ်လို့ ယုံကြည်ထားကြတာဖြစ်ပါတယ်။ဒါ့ကြောင့် အင်းစိန်ထောင်ရှေ့မှာတောင် ရဲရင့်နေတဲ့ ဦးလေးကြီးရဲ့ဗီဒီယိုဖိုင်ကို ပြည်သူတွေကြည့်ရှု့ရအောင်လို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Videoကြည့်ရန်…..



