မနေ့ ဇူလိုင် ၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကိုဗစ်-၁၉ ရောဂါကြောင့်အပါအဝင် ရုတ်တရက်သေဆုံးသူ ၇ ဦးရှိပြီး
တော့ ဒီနေ့မနက် ၂ နာရီမှာလည်း ရောဂါပိုးကူးပြီး ၅ လကလေးငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ၇ ဦးဟာ ရပ်ကွက် ၄၊ ၆ က ပိုးတွေ့လူနာ ၂ ဦး၊ ရပ်ကွက် ၉ ရှိ စစ်မှုထမ်းဟောင်း ဝန်ထမ်းတစ်ဦး၊ ရပ်ကွက်(၁၀)က ရုတ်တရက်
သေဆုံးသူ ၃ ဦးနဲ့ ရပ်ကွက်(၁၂)ရှိ မြို့ဂုဏ်ဆောင် ဝန်ထမ်းအိမ်ရာက ၁ ဦးတို့ဟာ ဖျားပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လူနာတွေကို သယ်ဆောင်ပေးခဲ့တဲ့ ပေးသောလက် စေတနာရှင် သွေးနဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “သေဆုံးသူတွေက
ပိုးတွေ့ရယ် ရုတ်တရက် သေဆုံးတာနဲ့ ဖျားပြီး ဆုံးသွားတာတွေပါ။ ဒီလို ရုတ်တရက် သေတဲ့လက္ခဏာက ပိုးရှိဖို့များတယ်” လို့ ပြောပါ
တယ်။
ဒီနေ့မနက် ၂ နာရီမှာ သေဆုံးသွားတဲ့ ၅ လသား ကလေးငယ် နေထိုင်တဲ့ ရပ်ကွက်နဲ့ မိသားစုတွေကို မသိရသေးဘူးလို့ ၎င်းက ဆက်ပြော
ပါတယ်။
“အစ်ကိုတို့က ရင်ခွဲရုံကနေ ချပေးတယ်။ ကလေးနေတဲ့ ရပ်ကွက်နဲ့ သူ့မိဘတွေ မသိရသေးဘူး။ ရင်ခွဲရုံမှာတော့ မေးထားတယ်။ ကလေး
က ၅ လဆိုတာ ကျနော် ခန့်မှန်းတာပါ။ ၅ လ ရှိချင်မှရှိမှာ ငယ်ငယ်လေးပဲ ရှိသေးတယ်” လို့ ဆက်ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၂ ရက်မှာ လားရှိုးမြို့အတွင်း ရောဂါပိုးစစ်ဆေးသူ များနေပေမယ့် ပိုးရှိမရှိ အဖြေကိုတော့ မသိရသေးဘူးလို့ ၎င်းက ဆိုပါ
တယ်။
——————-
မေန႔ ဇူလိုင္ ၁ ရက္က ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရွိုးၿမိဳ့မွာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္အပါအ၀င္ ႐ုတ္တရက္ေသဆုံးသူ ၇ ဦး
ရွိၿပီးေတာ့ ဒီေန႔မနက္ ၂ နာရီမွာလည္း ေရာဂါပိုးကူးၿပီး ၅ လကေလးငယ္ ၁ ဦး ေသဆုံးခဲ့တယ္လို့ သိရပါတယ္။
ေသဆုံးသူ ၇ ဦးဟာ ရပ္ကြက္ ၄၊ ၆ က ပိုးေတြ႕လူနာ ၂ ဦး၊ ရပ္ကြက္ ၉ ရွိ စစ္မွုထမ္းေဟာင္း ဝန္ထမ္းတစ္ဦး၊ ရပ္ကြက္(၁၀)က ႐ုတ္တရက္
ေသဆုံးသူ ၃ ဦးနဲ႔ ရပ္ကြက္(၁၂)ရွိ ၿမိဳ့ဂုဏ္ေဆာင္ ဝန္ထမ္းအိမ္ရာက ၁ ဦးတို့ဟာ ဖ်ားၿပီး ေသဆုံးခဲ့တာ ျဖစ္ပါတယ္။
လူနာေတြကို သယ္ေဆာင္ေပးခဲ့တဲ့ ေပးေသာလက္ ေစတနာရွင္ ေသြးနဲဲ့ လူမွုကူညီေရးအသင္းမွ တာ၀န္ရွိသူတစ္ဦးက “ေ
သဆုံးသူေတြက ပိုးေတြ႕ရယ္ ႐ုတ္တရက္ ေသဆုံးတာနဲ႔ ဖ်ားၿပီး ဆုံးသြားတာေတြပါ။ ဒီလို ႐ုတ္တရက္ ေသတဲ့လကၡဏာက ပိုးရွိ
ဖို့မ်ားတယ္” လို့ ေျပာပါတယ္။
ဒီေန႔မနက္ ၂ နာရီမွာ ေသဆုံးသြားတဲ့ ၅ လသား ကေလးငယ္ ေနထိုင္တဲ့ ရပ္ကြက္နဲ႔ မိသားစုေတြကို မသိရေသးဘူးလို့ ၎က ဆ
က္ေျပာပါတယ္။
“အစ္ကိုတို့က ရင္ခြဲ႐ုံကေန ခ်ေပးတယ္။ ကေလးေနတဲ့ ရပ္ကြက္နဲ႔ သူ႔မိဘေတြ မသိရေသးဘူး။ ရင္ခြဲ႐ုံမွာေတာ့ ေမးထားတယ္။ ကေလး
က ၅ လဆိုတာ က်ေနာ္ ခန္႔မွန္းတာပါ။ ၅ လ ရွိခ်င္မွရွိမွာ ငယ္ငယ္ေလးပဲ ရွိေသးတယ္” လို့ ဆက္ေျပာပါတယ္။
ဒီေန႔ ဇူလိုင္ ၂ ရက္မွာ လားရွိုးၿမိဳ့အတြင္း ေရာဂါပိုးစစ္ေဆးသူ မ်ားေနေပမယ့္ ပိုးရွိမရွိ အေျဖကိုေတာ့ မသိရေသးဘူးလို့
၎က ဆိုပါတယ္။
Shwe Phee Myay News Agency