အခ်စ္နွင့္ဘဝ

စိတ်နာအောင်တော့ မလုပ်မိစေနဲ့ စိတ်နာတဲ့တနေ့ ဘယ်လောက်ချစ်ချစ် ကျောခိုင်းရဲတယ် ဆိုတာ သိထားပါ










-ဒါတွေကို နင်သိထားပါ

#Pinya

naethitmyanmar

ငါ သစ္စာရှိရှိ ချစ်ပေးမယ် စိတ်နာအောင်တော့ မလုပ်မိစေနဲ့

စိတ်နာတဲ့ တနေ့ငါ ဘယ်လောက်ချစ်ချစ် ကျောခိုင်းရဲတယ်ဆိုတာ နင်သိထားပါ

နင် ဆိုးသမျှကို အတတ်နိုင်ဆုံးသည်းခံပေးမယ် သူငါ့ကို မပြတ်နိုင်ပါဘူးဆိုတဲ့

အတွေးမျိုးတော့ မဝင်မိစေနဲ့ စိတ်အချဉ်ပေါက်တဲ့တနေ့ သည်းမခံနိုင်တော့တဲ့တနေ့

နင့်ကို စွန့်လွှတ်ရဲတယ်ဆိုတာ နင်သိထားပါ

နင့်အတွက်ဆိုရင် အတတ်နိုင်ဆုံး လိုက်လျောပေးမယ် နောက်တယောက်ထားဖို့နဲ့ သစ္စာဖောက်ဖို့တော့ မကြိုးစားနဲ့

ငါ စိတ်ကုန်သွားတာနဲ့ နင်က ဘောင်မဝင်တော့ဘူးဆိုတာ သိထားပါ

နင့် အမှားတွေလုပ်လည်း အကောင်းဆုံးပုံစံနဲ့ ခွင့်လွှတ်ပေးမယ် သူကတော့ ငါ ချော့ရင် ရမှာပါ ဆိုတဲ့ အတွေးမျိုးတော့ မတွေးမိပါစေနဲ

ခွင့်လွှတ်နိုင်တဲ့ အတိုင်းအတာ ကျော်သွားရင်တော့ ငါအရမ်းချစ်ရတဲ့ နင်ဟာ သူစိမ်းလည်း ဖြစ်သွားနိုင်ပါတယ်

-ဒါတွေကို နင်သိထားပါ

#Pinya