ကောင်းလိုက်တဲ့အမေ့ရဲ့ ဖြတ်ထိုးညာဏ်

အမေရိကန်နိုင်ငံတက္ကသိုလ်က ပြန်လာတဲ့သူငယ်ချင်းတစ်ယောက် ပြန်ပြောပြတဲ့အဖြစ်အပျက်လေးပါ။
သူမမြန်မာပြည်ကိုပြန်ဖို့ အမေရိကားလေယာဉ်ကွင်းမှာ လေယာဉ်တက်ဖို့အလုပ် သူမသယ်ဆောင်လာတဲ့ပစ္စည်းတွေကို တန်ပိုစစ်ပါတော့တယ်။
သူမသယ်လာတဲ့ပစ္စည်းတွေထဲမှာ စာအုပ်စာပေကောင်းတွေအများကြီး ဝယ်လာတယ်။
ဒီလိုနဲ့အမေရိကန်အရာရှိကသူမရဲ့ပစ္စည်းတွေကို ကတ္တားပေါ်တင်လိုက်တော့အနည်းငယ် တန်ပိုနေတာတွေ့လိုက်ရတယ်။
ဒါ့ကြောင့်သူမပစ္စည်းတွေထဲကမလိုအပ်သော အရာကိုထားခဲ့ဖို့အရာရှိကပြောပါတယ်။
သူမအတွက်ကတော့အရာရာတိုင်းက အရေးကြီးသောပစ္စည်းချည်းဖြစ်နေတာပေါ့။
ဒီတော့သူမလဲမဆိုင်းမတွဘဲ စာအုပ်မျက်နှာဖုံးတွေကိုဆွဲခွာပစ်လိုက်ပြီး ကဲအရာရှိမင်းပြန်ချိန်လို့ရပါပြီတဲ့။
စာအုပ်မျက်နှာဖုံးဆိုတာစာအုပ်တစ်အုပ်မှာ အလေးဆုံးအရာတစ်ခုမဟုတ်လား။
အမေရိကန်အရာရှိလည်းအံ့သြမှင်သက်စွာနဲ့ သူမကိုငေးကြည့်နေတော့တာပေါ့။
ဒါနဲ့တန်ပိုပြန်စစ်လိုက်တယ်။OKသွားတယ်။
သူမလိုချင်တာအားလုံးမြန်မာပြည်ကို သယ်ဆောင်သွားလို့ရသွားပြီလေ။
အမေရိကန်အရာရှိလည်း သူမရဲ့ဥာဏ်ရည်ထက်မြတ်မှုကို မလေးစားဘဲမနေနိုင်တော့ဘဲ WHERE DO YOU COME FROM? မင်းဘယ်နိုင်ငံကလာတာလဲ? လို့သူမကိုမေးလိုက်တော့ ကျမမြန်မာနိုင်ငံကလာတာလို့ပြန်ဖြေတယ်။
အမေရိကန်အရာရှိပြန်ပြောတဲ့စကားက ဒီပို့စ်တစ်ခုလုံးရဲ့အနှစ်သာရလေးပါပဲ။
အော်မင်းက ဒေါ်အောင်ဆန်းစုကြည်နိုင်ငံကလာတာကိုး ဒါ့ကြောင့်မို့လည်း ဒီလောက်တော်နေတာကိုးတဲ
မြန်မာလို့ အမေရိကန်မှာတောင် ဂုဏ်ယူဝံ့ကြွားပြနိုင်ခဲ့ပါတယ်။ ကျမတို့မြန်မာလူမျိုးတွေမညံ့ပါဘူး။
နှစ်ပေါင်းများစွာ လူညံ့တွေမင်းမူသွားခဲ့ကြလို့ ကျမတို့ဦးနှောက်တွေငုတ်လျိုးသွားခဲ့ရတာပါ။
အခု ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်းတစ်ယောက်လုံး ကျမတို့ခေါင်းအထက်ကိုရောက်နေပြီ။
ပန်ဆင်တတ်ဖို့ပဲလိုပါတော့တယ်။ ။
…
လင်းလက်ကြယ်
သုန္ဒရီနှင်း
ရူးသွားမယ်ဆိုတာ အလကား မဟုတ်ဘူးလို့ သာဝကို ပြလိုက်တဲ့ သင်ခန်းစာ
ဘုရင်မ ရဲ့ လှည့်ကွက်
#ဒီပွဲမှာ မြန်မာပြည်သူလူထုကို မျိုးချစ်စိတ်နိုးကြားအောင်
သူမ လှုပ်နှိုးခဲ့တယ်
ဒီပွဲမှာ မြန်မာ ပြည်သူလူထု ညီညွတ်ကြောင်း
ကမ္ဘာကို သူမ ဖော်ပြခဲ့တယ်
ဒီပွဲမှာ ပြည်တွင်းစစ်ရဲ့ နောက်ကွယ်မှာ
ဘာတွေရှိလဲ သူမဖော်ပြခဲ့တယ်
ဒီပွဲမှာ တိုင်းပြည် သစ္စာဖောက်တွေက
ဘယ်သူတွေဆိုတာ သူမ ရွေးထုတ်ပြလိုက်တယ်
ဒီပွဲမှာ အချိန်မရွေး နောက်ပြန်လှည့်နိုင်တဲ့ အာဏာရှင်ကို
သူမ အသက်ရှိစဉ် တစ်ခါတည်း လှည့်ခိုင်းခဲ့တယ်
ဒီပွဲမှာ နောက်ကွယ်က တရုတ် ကြိုးကိုင်မှုကို
ကမ္ဘာကို သူမ သရုပ်ဖော်ပြခဲ့တယ်
ဒီပွဲမှာ အာဆီယံနိုင်ငံတွေရဲ့ မြန်မာပြည်အပေါ်ထားတဲ့
တကယ့်စိတ်ရင်းအမှန်တွေကို သူမ မြင်သာစေခဲ့တယ်
ဒီပွဲမှာ တရုတ်ဆီမှ မြန်မာနိုင်ငံ
ရုန်းထွက်ဖို့ ဖြစ်ပေါ်လာခဲ့တယ်
ဒီပွဲမှာ CDM နဲ့ ပြည်သူလူထုညီညွတ်မှုဟာ
အာဏာရှင်ကို တော်လှန်နိုင်ကြောင်း
သမိုင်းအသစ်ကို ရေးထွင်းခဲ့တယ်
ဒီပွဲမှာ မြန်မာပြည်မှာ မျိုးဆက်တစ်ဆက်ရယ်
သားတစ်ယောက်ရယ် မွေးဖွားပေးခဲ့တယ်
ဒီပွဲမှာ သူမ မပါဘဲ ဒီမိုကရေစီ အသွင်ဆောင်နိုင်အောင်
မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းလိုက်တယ်
ဒီပွဲမှာ မစခင်ကတည်းက အာဏာရှင်ဟာ
ရှုံးနိမ့်ပြီးသားပါ သူမရဲ့ လှည့်ကွက်အောက်မှာပေါ့
#SaveMyanmar
#အရေးတော်ပုံအောင်ရမည်#



