Denko၊ PT Power၊ ရွှေဗျိုင်းဖြူ၊ Max Energy စက်သုံးဆီဆိုင်များတွင် လူနာတင်ယာဉ်များ စက်သုံးဆီအခမဲ့ ထုတ်ယူနိုင်ပြီ
ယနေ့မှ စ၍ လူနာတင်ယာဉ်များ စက်သုံးဆီအခမဲ့ ထုတ်ယူနိုင်ပြီ
လူနာတင်ယာဉ်များ အခမဲ့ စက်သုံးဆီထုတ်ယူခွင့်ရယူနိုင်ရန်အတွက် Denko၊ PT Power၊ ရွှေဗျိုင်းဖြူ၊ Max Energy စက်သုံးဆီဆိုင်များနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ
ဧရာဝတီဖောင်ဒေးရှင်း၏ စက်သုံးဆီအခမဲ့ ထုတ်ယူခွင့်ကတ်နှင့်အတူ ယနေ့ နံနက်ပိုင်းမှ စတင်၍ တစ်ရက်လျှင် စက်သုံးဆီ (၂၅)လီတာ အောက်တိုဘာ လကုန်အထိ ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
အခမဲ့ ထုတ်ယူလိုသည့် လူနာတင်ယာဉ်များ အနေဖြင့် အဖွဲ့အစည်းအမည်၊ လူနာတင်ယာဉ်အမှတ်၊ တာဝန်ခံယာဉ်မောင်းအမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာ၊ မော်တော်ယာဉ်၏
ဓာတ်ပုံတို့နှင့်အတူ Ayeyarwady Center ၏ Messenger (သို့) Viber (09 88 760 7500) (သို့) အောက်ပါ Website Address တို့မှတစ်ဆင့် စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။
လျှောက်ထားသူများကို (၂၄)နာရီအတွင်း စက်သုံးဆီ အခမဲ့ထုတ်ယူခွင့်ကတ်များကို ပြန်လည် ဆက်သွယ်၍ ထုတ်ပေးသွားမည် ဖြစ်ပြီး ဧရာဝတီစင်တာ စီမံခန့်ခွဲမှုရုံး၊
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဂိတ်(၂)တွင် လာရောက်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက – 09 88 760 7500 ကို ဆက်သွယ်နိုင်ပါသည်။
Denko Trading
PT Power Trading
Shwe Byain Phyu
Max Energy
Ayayarwady foundation
Denko Trading
PT Power Trading
Shwe Byain Phyu
Max Energy