ၾကားသိရသမွ်

မန္တလေး ခုတင်(၅၅၀)ကလေးဆေးရုံကြီးက စီဒီအမ်ဆေးရုံအုပ်ကြီးဒေါက်တာသက်ဆွေ ကိုဗစ်ဖြင့် ကွယ်လွန်

အာဏာမလုခဲ့ရင် ဒေါက်တာသက်ဆွေအပါအဝင် ဆေးပညာရှင်နဲ့ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်ကာကွယ်ဆေး ဦးစားပေးအစီအစဉ်အရ ကာကွယ်ဆေး(၂)ကြိမ် ထပြီးသားဖြစ်နေရမှာပါ။ မ.အ.လ အာဏာလုလိုက်ချိန်မှာ ကိုဗစ်ရံပုံငွေတွေရော၊ကိုဗစ်ကာကွယ်ဆေးတွေပါသိမ်းယူခံခဲ့ရသလို

မ.အ.လကို ဆန့်ကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဒုတိယအကြိမ် ေဆးထိုးးခွင့်မရခဲ့ကြပါဘူး။ ဒီမိုကရေစီအရပ်သားအစိုးရက စနစ်တကျမှာယူထားတဲ့ ကာကွယ်ဆေးတွေ လှူဒါန်းထားတဲ့ဆေးတွေကို ပတ်သက်ရာ မိသားစုဆွေမျိုးသားချင်းတွေ

စစ်တပ်နဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေကို ထိုးပေးခဲ့သလို စစ်တပ်နဲ့ပတ်သက်တဲ့ ပုဂ္ဂလိကဆေးရုံတွေကို ရောင်းချခဲ့တယ်ဆိုပါတယ်။

ပုဂ္ဂလိကဆေးရုံတွေက ကိုဗစ်ကာကွယ်ဆေးနဲ့ကုသရေးအတွက် အနည်းဆုံး ကျပ်သိန်း(၂၀) ယူဖို့ မအလကခွင့်ပြုခဲ့ပါတယ်။

ကာကွယ်ဆေးအများစုကို

မအလ မိသားစုပိုင်ဆေးရုံတွေကို အလကားပေးခဲ့ရတယ်လို့ အင်းယားကိုဗစ်စင်တာမှာ တာဝန်ကျခဲ့သူတစ်ဦးကပြောပါတယ်။ မ.အ.လနဲ့ အာဏာရူးအုပ်စုက ကိုဗစ်ကာကွယ်ဆေးတွေကို အလွဲသုံးစားလုပ်ခဲ့တာဟာ ကပ်ဘေးကာလကျူးလွန်တဲ့

လူမဆန်တဲ့ရာဇဝတ်မှုအဖြစ် နိုင်ငံတကာဆေးပညာရှင်တွေက ယူဆပါတယ်။ ထိုးးသင့်ထိုးထိုက် ထိုးပေးရမဲ့သူတွေကို မထိုးပဲ ဘယ်လိုလူတွေကို ထိုးပေးခဲ့တယ်ဆိုတာ စုံစမ်းဖေါ်ထုတ်နေတယ်လို့လည်း ရန်ကုန်က ဆေးပညာရှင်တချို့က ပြောပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ်