COVID-19 (first wave/second wave) စတင်ကတည်းက မြန်မာပြည်တွင်းမှာရှိတဲ့ ဆရာဝန်တွေအကုန်လုံး လူနာတွေကို ကြိုးစားကုသပေးခဲ့ကြတာဖြစ်ပါတယ်။အခုချိန်မှာတော့ COVID-19 တတိယလှိုင်း အစပြုနေပြီဖြစ်ပြီးတစ်နေ့ကို ရောဂါပိုးကူးစက်ခံရသူ လူထောင်ချီရှိသလို သေဆုံးသူတွေလည်းရှိပါတယ်။
ပြည်သူတွေအနေနဲ့လည်းဒီကာလမှာ ရောဂါပိုးမကူးစက်အောင်လို့ အနေအထိုင်၊အသွားအလာကို ဆင်ခြင်ပြီး ကျန်းမာရေးနဲ့ညီညွှတ်မျှတအောင် စားသောက်နေကြတာဖြစ်ပါတယ်။
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမော်မော်ဦးကလည်း ကိုဗစ်ကာလမှာ လူနာများစွာရဲ့ အသက်ကိုကယ်တင်ခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၁၂)ရက်နေ့ကတည်းက ရန်ကုန်ဆေးရုံကြီးမှာဆရာတာဝန်ထမ်းဆောင်နေချိန် အရပ်ဝတ်တွေနဲ့ လာရောက်ခေါ်သွားခဲ့တယ်လို့သိရပါတယ်။အခုချိန်မှာတော့ ဆရာ့ဆီမှာ COVID-19 positive ဖြစ်နေတာကြောင့် အင်းစိန်ထောင်၊ထောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။
ဆရာ့ရဲ့ကျန်းမာရေးအခြေအနေကတော့ အစက SPO2 80% ထိ ရောက်နေခဲ့ပေမယ့် ၊ ဒီနေ့မှာတော့ SPO2 and vital signs are stable လို့ ထပ်သိရပါတယ်။
ပြည်သူတွေအပေါ်မှာ နေ့မနား၊ညမနား အသက်ကယ်တင်ပေးခဲ့တဲ့ ဆရာဝန်ကြီး အမြန်ဆုံးကျန်းမာပါစေလို့ ပြည်သူတွေက ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။
ဒီအခြေအနေကြီးမှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွါးမှုကလည်း အရမ်းမြန်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကြိုတင်ကာကွယ်ထားကြပါလို့တိုက်တွန်းနှိုးဆော်ရင်း ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။