ချစ်သူ ရည်းစားထားတယ်ဆိုတဲ့နေရာမှာတစ်ယောက်တည်းချစ်နေရုံနဲ့မပြီးပါဘူးတစ်ယောက်နဲ့တစ်ယောက်တန်ဖိုးထားမှုတူညီပြီး
အဆင်ပြေမှသာရေရှည်လက်တွဲနိုင်တာဖြစ်ပါတယ်.တစ်ခါတစ်လေမှာသင့်ဘက်ကတန်ဖိုးထားပေမယ့် ။သူ့ဘက်ကတော့သင့်အပေါ်တန်ဖိုးမထားပစ်ချသွားသူတွေနဲ့ကြုံနိုင်ပါတယ်ဒီလိုဖြစ်လာတဲ့အခါအချိန်အကြာကြီးအသည်းကွဲမနေ
သင့်ပါဘူး.သင်နဲ့မထိုက်တန်လို့သူကသင့်အနားကထွက်သွားရတာပါဒါကြောင့်သင်ကအများကြီးအဖိုးတန်ကြောင်းကိုပြသပြီးသူနောင်တရသွားအောင်သင့်ကိုယ်သင်ဂရုစိုက်ပြီးအခုလိုမျိုး နေထိုင်သင့်ပါတယ်နော် ။
၁- တည်ငြိမ်ပြပါ
လမ်းခွဲပြီးနောက် ပြန်ဆက်သွယ်ဖြစ်ရင် (သို့) ပြန်ဆုံဖြစ်ရင် သင့်အနေနဲ့ ပေါက်ကွဲနေတာမျိုး၊ ဒေါသထွက် ဝမ်းနည်းနေမှာမျိုး ထက်တည်တည်ငြိမ်ငြိမ် နေတာက အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။သင်က သူထင်သလို သူ့ကို အရမ်းချစ်နေပြီး သူထား ခဲ့တာ
မျိုးကို သူ့ဘက်က တွေးထင်နေစေမှာမျိုး မဖြစ်အောင် သင်က တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကို ရင်ဆိုင်ပြီး သူ့အတွေးတွေကို ပြောင်းပြန်လှန်ပစ်လိုက်ပါ ။
၂-ပျော်ပျော်ရွှင်ရွှင်နဲ့ ယုံကြည်ချက်အပြည့်နဲ့ ရှင်သန်ပါ
သူ ထားခဲ့လို့ သင် ဝမ်းနည်းနေခဲ့ရင်တောင် အချိန်အကြာကြီး ဝမ်းမနည်းနေပါနဲ့။ ရေရှည် အတူရှိရင် ပိုပြီး အဆင်မပြေဖြစ်နိုင်တဲ့သူတစ်ယောက် ထွက်သွားတာမို့ သင့်အတွက် ပိုလို့တောင် အဆင်ပြေနေသေးပါတယ်။လူတွေ မြင်လို့ သင်က ဝမ်းနည်းနေတဲ့ အရိပ်အယောင်တွေကို မဖုံးကွယ်နိုင်ဘူး
မဖျောက်နိုင်ဘူးဆိုရင် သင့်ကို လူတွေက သင်နဲ့ မတန်တဲ့သူတစ်ယောက် အတွက် အချိန်တွေ ဖြုန်းနေတယ် မြင်နိုင်ပါတယ်။ ဒါ့အပြင် သူ့ဘက်ကလည်း သင်က အခုထိ သူ့အပေါ် ခံစားချက် ရှိနေတယ်ထင်ပြီး သူ့ကိုယ်သူ ဘဝင်မြင့်နေနိုင်ပါတယ်။ဒါကြောင့် ပျော်ပျော်ရွှင်ရွှင် နေပါ။ယုံကြည်မှု ရှိတဲ့သူတစ်ယောက်လိုပဲ ပြုမူပါ။ သူထားခဲ့လည်း သင့်အတွက် သိပ်မထူးခြားသွားပါဘူးဆိုတာကို ပြသလိုက်ပါ။
၃- မဆက်သွယ်ပါနဲ့
အရေးကြီးဆုံးတစ်ခုက လမ်းခွဲပြီးသွားတဲ့အခါ သင့်ဘက်ကနေ လုံးဝ အဆက်အသွယ် မပြုလုပ်ဖို့ပါပဲ။ အဲ့ဒါက သင့်အတွက် ပိုမို စိတ်အဆင်ပြေစေတဲ့နည်းဖြစ်နေရုံသာမက သူ့အပေါ် သင့်ဘက်က အရမ်းတမ်းတမ်းစွဲ ဖြစ်နေတာ မဟုတ်ဘူးဆိုတာကို သိစေမယ့် အချက်လည်း
ဖြစ်ပါတယ်သင် မရှိလည်း အဆင်ပြေလားဆိုတာကို သူ့ဘက် က စိတ်ပူနေစေတာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်ရဲ့အဆင်ပြေနေမှုက သူ ထားခဲ့တာ မှားသွားပြီ လားလို့ တွေးစေတဲ့အထိ နောင်တ ရသွားစေနိုင်ပါတယ်နော် ။
၄- ပုံမှန်အတိုင်း နေပါ
သူနဲ့ လမ်းခွဲပြတ်စဲသွားလို့ အသဲကွဲပြီး လူရုပ်သူရုပ် မပေါက်လောက်အောင် နေတာမျိုး မလုပ်လိုက်ပါနဲ့ သင့်ကိုယ်သင် ချစ်သင့်ပါတယ်။သင့်ကိုယ်သင် ဂရုတစိုက်နဲ့ ပြင်ပြင်ဆင်ဆင်နေသင့်ပါတယ်။ဆံပင်ပုံစံ
ဖက်ရှင် စသဖြင့်ကို အရင်ကထက် ပိုပြီးလိုက်ဖက်နေအောင်နေလိုက်ပါဒါကယောင်္ကျားလေးတွေအတွက်ငါထားခဲ့မိတာမှားများမှားသွားစေလားဆိုပြီးနောင်တရစေတဲ့အချက်မျိုးလည်းဖြစ်စေပါတယ်
၅- ပုံတွေ တင်ပါ
သင် ဘာတွေလုပ်နေလဲဆိုတာကို သူ သိစေဖို့ အသုံးချဖို့ အကောင်းဆုံးနေရာ တစ်ခုကတော့ လူမှုကွန်ယက်စာမျက်နှာပဲ ဖြစ်ပါတယ်။သင့်ရဲ့ အရင်ကထက် ပိုပြီး လှနေ ပျော်နေတာကို သူ မြင်ပါစေသင့်ကို ကြည့်ပြီး သူ့အတွက် အံ့သြလောက်စရာ အတွေးတွေကိုတောင်တွေးမိစေမှာပဲ ဖြစ်ပါတယ်။
၆- သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းပါ
သူ မရှိလည်း သင့်ဘဝကြီးကို ပျော်ပျော်နေလို့ ရပါတယ်။ သူရှိမှ သင့်ဘဝက ရှင်သန်မှာ မဟုတ်ပါဘူး.ဒါကြောင့် သူ မရှိလည်း သင် ပျော်ရွှင်နေတယ်။သူငယ်ချင်းမိတ်ဆွေနဲ့လည်း အဆင်ပြေနေတယ်ဆိုတာကို သူ ပြန်သိရတဲ့အခါ သူ သင့်ကို ထားခဲ့မိတာကို ပြန်နောင်တရနေ
လောက်ပါတယ်.ဘာကြောင့် သင်က အဆင်ပြေနေရက်နဲ့ ထားခဲ့မိတာလဲလို့ သူ့ကိုယ်သူ တွေးမိစေတဲ့အထိ သူ့ကို နောင်တရလောက်အောင် သင့်ကိုယ်သင် အများကြီး ဂရုစိုက်လိုက်သင့်ပါတယ်နော်။
ချစ်သူ ရည်းစားထားတယ်ဆိုတဲ့နေရာမှာ တစ်ယောက်တည်း ချစ်နေရုံနဲ့ မပြီးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားမှု တူညီပြီးအဆင်ပြေမှသာ ရေရှည်လက်တွဲနိုင်တာ ဖြစ်ပါတယ်။
crd