Life Style

ဒီအချက်တွေကို သေချာမသိခင်အချိန်အထိ ရည်းစားမထားသေးဘဲ Single လိုပဲနေပါ…

ဘဝမွာ ခ်စ္္သူရည္းစားမထားခင္မွာ တစ္ျခားေသာ အေၾကာင္းအရာတစ္ခ်ိဳ႕ကို အရင္လုပ္ၾကည့္သင့္ပါတယ္။ ဘဝရဲ႕ ကိုယ္ရည္မွန္းခ်က္တစ္ခ်ိဳ႕တစ္ဝက္္ေတြ အေကာင္အထည္မေဖာ္ရေသးခင္မွာေတာ့ ဆင္ဂယ္ဘဝက သင့္အတြက္ ပို္အဆင္ေျပႏုိင္ပါတယ္။

တစ္ခ်ိဳ႕အရာေတြက ဆင္ဂယ္ဘဝမွာပဲ လုပ္လုိ႔ရတဲ့ အရာေတြျဖစ္ေနတတ္ၿပီး ဒါေတြကို ေသခ်ာနားလည္သြားတဲ့အခါ သင့္အတြက္ မွန္ကန္တဲ့ လူကို ေ႐ြးခ်ယ္တတ္လာၿပီးသား ျဖစ္လာမွာပါ။ ဘဝမွာ ဒီအခ်က္ေလးေတြကို လုပ္ေဆာင္ၾကည့္ၿပီးမွ ဆင္ဂယ္ဘဝကို စြန္႔လႊတ္ပါ။

ကိုယ္ဘာလိုခ်င္လဲ သိေအာင္လုပ္ပါ

ကိုယ္တကယ္ျဖစ္ခ်င္္တဲ့၊ ကိုယ္တကယ္လုပ္ခ်င္တဲ့ အရာေတြကို မသိခင္အခ်ိန္အထိ ဆင္္ဂယ္ဘဝနဲ႔ပဲေနပါ။ လူတစ္္ေယာက္ဟာ ကိုယ္ဘာလုိခ်င္လဲဆိုတာကိုေတာင္မသိပဲ တစ္ျခားတစ္ေယာက္ရဲ႕ လုိအပ္္ခ်က္ေတြကို မျဖည့္ဆည္းေပးႏုိင္ပါဘူး။

ဒါေၾကာင့္္ ကိုယ္တကယ္ျဖစ္ခ်င္ လုိခ်င္တဲ့ အရာကို သိေအာင္လုပ္ဖုိ႔ လုိအပ္ပါတယ္။ ကိုယ္လုိခ်င္တဲ့အရာကို သိၿပီဆိုမွ ေ႐ွ႕ဆက္ရမယ့္ခရီးက ပိုအဆင္္ေျပလြယ္္ကူသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ျဖစ္ခ်င္လိုခ်င္္တာကို မသိခင္မွာ ခ်စ္သူရည္္းစား မထားပါနဲ႔အံုး။

အတိတ္္ကို လႊတ္မခ်ႏိုင္ေသးတဲ့ အခ်ိန္

လူတုိင္္းမွာ အတိတ္ဆိုတာ ႐ွိတတ္ပါတယ္။ အဲဒီ႔အတိတ္ေတြထဲမွာ ဒဏ္ရာေတြ၊ နာက်င္စရာေတြ ႐ွိေနခဲ့ၿပီး ခုခ်ိန္ထိ အနာမက်က္ႏုိင္ေသးတဲ့အခ်ိန္မွာ ဆင္ဂယ္အျဖစ္နဲ႔ပဲ ေနသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အတိတ္ကို လႊတ္မခ်ႏိုင္ေသးတဲ့ လူတစ္ေယာက္ဟလက္႐ွိမွာ ေပ်ာ္႐ႊင္ဖို႔ဆိုတာ သိပ္မျဖစ္ႏိုင္ပါဘူး။ ဒီလုိအခ်ိန္္မွာ ဆက္ဆံေရးအသစ္တစ္ခုကို တည္ေဆာက္လုိက္မယ္ဆုိရင္ အဲဒီ႔ဆက္ဆံေရးဟာ ကိုယ့္အတိတ္ရဲ႕ စိုးမိုးမႈေတြေၾကာင့္ မေပ်ာ္႐ႊင္ႏိုင္ပါဘူး။ ဒါေၾကာင့္ အတိတ္ကို လႊတ္မခ်ႏိုင္ေသးခင္မွာ ဆင္ဂယ္အျဖစ္ပဲ ေနပါ။

ဘဝရဲ႕ လံုေလာက္တဲ့ ေအာင္ျမင္္မႈမရခင္ အခ်ိန္အထိ

ဘဝဆိုတာ အခ်စ္တစ္ခုတည္္းကို ကုိးကြယ္ၿပီး အခ်စ္တစ္ခုတည္းနဲ႔ တည္္ေဆာက္လို႔ မရပါဘူး။ အခ်စ္ကို ကိုးကြယ္မိတဲ့သူတစ္ေယာက္ဟာ ကိုယ့္ဘဝကို အေရာင္အေသြးစံုေအာင္ လုပ္ဖို႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္္။ တကယ္လုိ႔ ခ်စ္ရသူက ထားရစ္ခဲ့တဲ့အခါ အဲဒီ႔လူေတြက အ႐ံႈးေတြ မ်ားၿပီး ပိုအထိနာတတ္ၾကပါတယ္္။

ဒါေၾကာင့္ ဘဝမွာ ကိုယ့္အတြက္ သင့္ေတာ္လံုေလာက္တဲ့ ေအာင္္ျမင္မႈ တစ္ခု႐ွိေအာင္ လုပ္ထားသင့္ပါတယ္။ အရမ္းႀကီး ေအာင္ျမင္ေနရမွာကို ဆုိလုိခ်င္တာမဟုတ္ပါဘူး ကိုယ့္အတုိင္းအတာတစ္ခုအထိ သူမ်ားဆီက အထင္အျမင္ေသးမခံရတဲ့ ေနရာတစ္ခုရေအာင္ အရင္ႀကိဳးစားေစခ်င္္တာပါ။

ကိုယ္တုိင္ရဲ႕ ေပ်ာ္႐ႊင္မႈကို မသိခင္အခ်ိန္ထိ

တစ္ေယာက္တည္း ျဖတ္သန္းရတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕စစ္မွန္တဲ့ ေပ်ာ္႐ႊင္မႈကို ႐ွာေဖြဖို႔ အေကာင္းဆံုး အခ်ိန္္ပါပဲ။ တစ္ေယာက္တည္း ေနျခင္းနဲ႔ အသားက်လာတဲ့အခါ ေအးေဆးမႈကုိ ႏွစ္္သက္လာမယ္္၊ တစ္ေယာက္တည္္း အခ်ိန္ကုန္ဆံုးရတာကို ခံုမင္လာမယ္၊ ကိုယ့္ကိုယ္ကို ေပ်ာ္ေအာင္္ေနတတ္လာမယ္၊မိသားစု၊ သူငယ္ခ်င္္းေတြက ကိုယ့္ဘဝရဲ႕ ေပ်ာ္႐ႊင္္မႈေတြ ျဖစ္လာမယ္္ စသျဖင့္ေပါ့။

ဒီလုိ ကိုယ္တုိင္ရဲ႕ ေပ်ာ္႐ႊင္မႈကို မခံစားရေသးခင္ အခ်ိန္အထိ တစ္္ေယာက္တည္း ေနသင့္ပါတယ္။ ဆင္ဂယ္ဘဝမွာသာ လုပ္လုိ႔ အဆင္ေျပၿပီး relationship ဘဝေရာက္သြားတဲ့ အခ်ိန္မွာ လုပ္လုိ႔အဆင္္မေျပေတာ့တဲ့ အရာေတြကို လုပ္ၾကည့္ဖူးၿပီးမွ ဆင္ဂယ္ဘဝကို စြန္႔လႊတ္္သင့္ပါတယ္။

ကိုယ့္ကိုယ္ကို မခ်စ္တတ္ခင္ အခ်ိန္အထိ

လူတစ္ေယာက္ဟာ ကိုယ့္ကိုယ္ကို ခ်စ္္တတ္ဖုိ႔ အဓိကအေရးႀကီးပါတယ္္။ ကိုယ့္ကိုယ္ကို ခ်စ္တတ္မွ တစ္္ျခားလူေတြကုိလည္း ခ်စ္တတ္မွာ ျဖစ္ပါတယ္။ ကို္ယ့္ကိုယ္ကို ခ်စ္တတ္တဲ့လူတစ္္ေယာက္ဟာ ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္သလုိ တစ္ျခားလူေတြရဲ႕ တန္္ဖိုးကိုလည္း နားလည္ေပးႏုိင္ပါတယ္။ ကိုယ့္ကိုယ္ကို ခ်စ္တတ္လာတဲ့အခါ ခ်စ္္ျခင္းရဲ႕ သိမ္႔ေမြးႏူးညံျခင္းနဲ႔ တန္ဖိုးထားတတ္မႈေတြကို သိ႐ွိလာမွာ ျဖစ္ပါတယ္။

Credit

Unicode

ဘဝမှာ ချစ်သူရည်းစားမထားခင်မှာ တစ်ခြားသော အကြောင်းအရာတစ်ချို့ကို အရင်လုပ်ကြည့်သင့်ပါတယ်။ ဘဝရဲ့ ကိုယ်ရည်မှန်းချက်တစ်ချို့တစ်ဝက်တွေ အကောင်အထည်မဖော်ရသေးခင်မှာတော့ ဆင်ဂယ်ဘဝက သင့်အတွက် ပိုအဆင်ပြေနိုင်ပါတယ်။

တစ်ချို့အရာတွေက ဆင်ဂယ်ဘဝမှာပဲ လုပ်လို့ရတဲ့ အရာတွေဖြစ်နေတတ်ပြီး ဒါတွေကို သေချာနားလည်သွားတဲ့အခါ သင့်အတွက် မှန်ကန်တဲ့ လူကို ရွေးချယ်တတ်လာပြီးသား ဖြစ်လာမှာပါ။ ဘဝမှာ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပြီးမှ ဆင်ဂယ်ဘဝကို စွန့်လွှတ်ပါ။

ကိုယ်ဘာလိုချင်လဲ သိအောင်လုပ်ပါ

ကိုယ်တကယ်ဖြစ်ချင်တဲ့၊ ကိုယ်တကယ်လုပ်ချင်တဲ့ အရာတွေကို မသိခင်အချိန်အထိ ဆင်ဂယ်ဘဝနဲ့ပဲနေပါ။ လူတစ်ယောက်ဟာ ကိုယ်ဘာလိုချင်လဲဆိုတာကိုတောင်မသိပဲ တစ်ခြားတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ပါဘူး။

ဒါကြောင့် ကိုယ်တကယ်ဖြစ်ချင် လိုချင်တဲ့ အရာကို သိအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကို သိပြီဆိုမှ ရှေ့ဆက်ရမယ့်ခရီးက ပိုအဆင်ပြေလွယ်ကူသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်လိုချင်တာကို မသိခင်မှာ ချစ်သူရည်းစား မထားပါနဲ့အုံး။

အတိတ်ကို လွှတ်မချနိုင်သေးတဲ့ အချိန်

လူတိုင်းမှာ အတိတ်ဆိုတာ ရှိတတ်ပါတယ်။ အဲဒီ့အတိတ်တွေထဲမှာ ဒဏ်ရာတွေ၊ နာကျင်စရာတွေ ရှိနေခဲ့ပြီး ခုချိန်ထိ အနာမကျက်နိုင်သေးတဲ့အချိန်မှာ ဆင်ဂယ်အဖြစ်နဲ့ပဲ နေသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတိတ်ကို လွှတ်မချနိုင်သေးတဲ့ လူတစ်ယောက်ဟာလက်ရှိမှာ ပျော်ရွှင်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ ဒီလိုအချိန်မှာ ဆက်ဆံရေးအသစ်တစ်ခုကို တည်ဆောက်လိုက်မယ်ဆိုရင် အဲဒီ့ဆက်ဆံရေးဟာ ကိုယ့်အတိတ်ရဲ့ စိုးမိုးမှုတွေကြောင့် မပျော်ရွှင်နိုင်ပါဘူး။ ဒါကြောင့် အတိတ်ကို လွှတ်မချနိုင်သေးခင်မှာ ဆင်ဂယ်အဖြစ်ပဲ နေပါ။

ဘဝရဲ့ လုံလောက်တဲ့ အောင်မြင်မှုမရခင် အချိန်အထိ

ဘဝဆိုတာ အချစ်တစ်ခုတည်းကို ကိုးကွယ်ပြီး အချစ်တစ်ခုတည်းနဲ့ တည်ဆောက်လို့ မရပါဘူး။ အချစ်ကို ကိုးကွယ်မိတဲ့သူတစ်ယောက်ဟာ ကိုယ့်ဘဝကို အရောင်အသွေးစုံအောင် လုပ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ တကယ်လို့ ချစ်ရသူက ထားရစ်ခဲ့တဲ့အခါ အဲဒီ့လူတွေက အရှုံးတွေ များပြီး ပိုအထိနာတတ်ကြပါတယ်။

ဒါကြောင့် ဘဝမှာ ကိုယ့်အတွက် သင့်တော်လုံလောက်တဲ့ အောင်မြင်မှု တစ်ခုရှိအောင် လုပ်ထားသင့်ပါတယ်။ အရမ်းကြီး အောင်မြင်နေရမှာကို ဆိုလိုချင်တာမဟုတ်ပါဘူး ကိုယ့်အတိုင်းအတာတစ်ခုအထိ သူများဆီက အထင်အမြင်သေးမခံရတဲ့ နေရာတစ်ခုရအောင် အရင်ကြိုးစားစေချင်တာပါ။

ကိုယ်တိုင်ရဲ့ ပျော်ရွှင်မှုကို မသိခင်အချိန်ထိ

တစ်ယောက်တည်း ဖြတ်သန်းရတဲ့အချိန်မှာ ကိုယ့်ရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့ အကောင်းဆုံး အချိန်ပါပဲ။ တစ်ယောက်တည်း နေခြင်းနဲ့ အသားကျလာတဲ့အခါ အေးဆေးမှုကို နှစ်သက်လာမယ်၊ တစ်ယောက်တည်း အချိန်ကုန်ဆုံးရတာကို ခုံမင်လာမယ်၊ ကိုယ့်ကိုယ်ကို ပျော်အောင်နေတတ်လာမယ်၊

မိသားစု၊ သူငယ်ချင်းတွေက ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုတွေ ဖြစ်လာမယ် စသဖြင့်ပေါ့။ ဒီလို ကိုယ်တိုင်ရဲ့ ပျော်ရွှင်မှုကို မခံစားရသေးခင် အချိန်အထိ တစ်ယောက်တည်း နေသင့်ပါတယ်။ ဆင်ဂယ်ဘဝမှာသာ လုပ်လို့ အဆင်ပြေပြီး relationship ဘဝရောက်သွားတဲ့ အချိန်မှာ လုပ်လို့အဆင်မပြေတော့တဲ့ အရာတွေကို လုပ်ကြည့်ဖူးပြီးမှ ဆင်ဂယ်ဘဝကို စွန့်လွှတ်သင့်ပါတယ်။

ကိုယ့်ကိုယ်ကို မချစ်တတ်ခင် အချိန်အထိ

လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ အဓိကအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်မှ တစ်ခြားလူတွေကိုလည်း ချစ်တတ်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်သလို တစ်ခြားလူတွေရဲ့ တန်ဖိုးကိုလည်း

နားလည်ပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်လာတဲ့အခါ ချစ်ခြင်းရဲ့ သိမ့်မွေးနူးညံခြင်းနဲ့ တန်ဖိုးထားတတ်မှုတွေကို သိရှိလာမှာ ဖြစ်ပါတယ်။

crd