Life Style

Single ဘဝမွာ သာယာေနတတ္ၾကတဲ့ သူေတြမွာ ရွိေနတတ္တဲ့ အေၾကာင္းျပခ်က္မ်ား …

တကယ္ေတာ့ လူငယ္ေတြအေနနဲ႔ ရည္းစားထားဖို႔ဆိုတာ သိပ္ကို လြယ္တဲ့ အခ်က္ ျဖစ္ပါတယ္။ တစ္ေန႔ မဟုတ္ တစ္ေန႔မွာ ဒီလိုမ်ိဳး အခ်စ္ေရးနဲ႔ ပတ္သတ္ၿပီး သမီးရည္းစား ဆက္ဆံေရးကို တည္ေဆာက္ၾကရတာခ်ည္းပါပဲ။

ဒါေပမယ့္လည္း တစ္ခ်ိဳ႕သူေတြကေတာ့ ခ်စ္သူရည္းစား မထားဘဲ တစ္ကိုယ္တည္း single ဘဝနဲ႔ပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနေနၾကေလ့ ရွိပါတယ္။

သူတို႔ကို ႀကိဳက္မယ့္သူ မရွိတာမ်ိဳး မဟုတ္ဘဲ သူတို႔ကိုယ္က single ဘဝကို ေပ်ာ္ေနၾကတာ ျဖစ္ပါတယ္။ သူတုိ႔ေတြမွာ ရွိေနတဲ့ အေၾကာင္းျပခ်က္ေတြကေတာ့…..

လြတ္လြတ္လပ္လပ္ပဲ ေနခ်င္တယ္

ခ်စ္သူ ထားၾကတဲ့သူေတြက သူ႔ဆႏၵ ကိုယ့္ဆႏၵ လိုက္ေလ်ာရတာမ်ိဳးေတြ ရွိလာၾကပါတယ္။ ဒါ့အျပင္ အေလးထားတဲ့ အေနနဲ႔ မလုပ္ေစခ်င္တာကို မလုပ္ရတာမ်ိဳးေတြလည္း ရွိေနပါတယ္။

ဒါမ်ိဳးကို Single ဘဝမွာ သာယာေနတဲ့သူေတြက လံုးဝ မခံစားႏိုင္ၾကပါဘူး။ ကိုယ့္စိတ္တိုင္းက် ဘဝကို ေပ်ာ္ေပ်ာ္ႀကီး ေနခ်င္လို႔ ရည္းစား မထားဘဲ single ဘဝမွာ အသာယာႀကီး သာယာေနတတ္ၾကပါတယ္။

အခ်ဳပ္အေႏွာင္ေတြကို ဆႏၵမရွိဘူး

လက္ထပ္တာမ်ိဳးကိုလည္း single ဘဝမွာ ေပ်ာ္ေနတဲ့သူေတြက အယံုအၾကည္ မရွိၾကပါဘူး။ ကြာရွင္းေနတဲ့ စံုတြဲေတြ၊ ျပႆနာေတြကို ထမ္းပိုးထားရတာေတြနဲ႔ မေပ်ာ္ရႊင္ရတဲ့ ဘဝမ်ိဳးေတြ ျဖစ္ေနတာေတြလည္း ရွိလို႔ လက္ထပ္လုိ႔ ေပ်ာ္ရႊင္ရမယ္ဆိုတာမ်ိဳးကို မယံုၾကည္တတ္ၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔ကိုယ္ သူတို႔လည္း ေက်နပ္ေနတတ္ၾကပါတယ္။

ခက္ခဲတဲ့ အလုပ္ မလုပ္ဘူး

သမီးရည္းစား ဆက္ဆံေရးက တကယ့္ကို ခက္ခဲတဲ့ အရာပဲလို႔ သူတို႔က လက္ခံထားတတ္ၾကပါတယ္။ ခက္ခက္ခဲခဲ အတင္း တည္ေဆာက္ၿပီး ေနၾကရင္ေတာင္မွ မခိုင္ျမဲၾကတဲ့ ဆက္ဆံေရးမ်ိဳးက တကယ္ ပင္ပန္းေစမွာပဲလို႔လည္း ေတြးတတ္ၾကပါေသးတယ္။ ဒီအတြက္ သူတို႔က ခက္ခဲတဲ့ အရာမို႔ မႀကိဳးစားဘဲ ေအးေဆး ေနတတ္ၾကတာ ျဖစ္ပါတယ္။

 

ကေလးလိုပဲ ေနၾကလို႔

ခ်စ္သူ ရည္းစားထားတယ္ဆိုတာလည္း ရင့္က်က္မႈ တစ္ခု ျဖစ္ပါတယ္။ တျခားတစ္ေယာက္ကို ဂရုစိုက္မႈ၊ အေလးထားမႈေတြ ေပးရင္း တာဝန္ယူမႈ တစ္ခု ျပဳလုပ္ရတာ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕သူေတြကေတာ့ ဒီအထိ ရင့္က်က္မႈ မရွိပါဘူး။ လူငယ္တစ္ေယာက္လို ေပါ့ပါးမႈေတြနဲ႔ ကေလးလို ျပဳမူခ်င္တိုင္း ျပဳမူလို႔ ရတာမ်ိဳးကို သေဘာက်လို႔ single အျဖစ္ ေနေနတတ္ၾကပါတယ္။

Single ဘဝကို ႏွစ္သက္လို႔

ခ်စ္သူထားတဲ့ သူေတြက ဘယ္ေတာ့မွ single တစ္ေယာက္လို ခံစားမႈမ်ိဳး မရႏုိင္ၾကပါဘူး။ ဒါေၾကာင့္ Single ဘဝက သိပ္ကို မိုက္ပါတယ္လို႔ သူတို႔က ေတြးၾကပါတယ္။

စိတ္ဝင္စားတဲ့သူကို အီလို႔ ရသလို ရင္ခုန္စရာ အေျခအေနမ်ိဳးေတြကိုလည္း ၾကံဳခြင့္ ရွိေနတာ single ေတြရဲ႕ အားသာခ်က္ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး သာယာေနတဲ့ ဘဝမ်ိဳးကို ႏွစ္သက္လို႔လည္း Single အျဖစ္ ေနေနတတ္ၾကပါေသးတယ္။

Kham

Unicode,

Single ဘဝမှာ သာယာနေတတ်ကြတဲ့ သူတွေမှာ ရှိနေတတ်တဲ့ အကြောင်းပြချက်များ

တကယ်တော့ လူငယ်တွေအနေနဲ့ ရည်းစားထားဖို့ဆိုတာ သိပ်ကို လွယ်တဲ့ အချက် ဖြစ်ပါတယ်။ တစ်နေ့ မဟုတ် တစ်နေ့မှာ ဒီလိုမျိုး အချစ်ရေးနဲ့ ပတ်သတ်ပြီး သမီးရည်းစား ဆက်ဆံရေးကို တည်ဆောက်ကြရတာချည်းပါပဲ။

ဒါပေမယ့်လည်း တစ်ချို့သူတွေကတော့ ချစ်သူရည်းစား မထားဘဲ တစ်ကိုယ်တည်း single ဘဝနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် နေနေကြလေ့ ရှိပါတယ်။

သူတို့ကို ကြိုက်မယ့်သူ မရှိတာမျိုး မဟုတ်ဘဲ သူတို့ကိုယ်က single ဘဝကို ပျော်နေကြတာ ဖြစ်ပါတယ်။ သူတို့တွေမှာ ရှိနေတဲ့ အကြောင်းပြချက်တွေကတော့…..

လွတ်လွတ်လပ်လပ်ပဲ နေချင်တယ်

ချစ်သူ ထားကြတဲ့သူတွေက သူ့ဆန္ဒ ကိုယ့်ဆန္ဒ လိုက်လျောရတာမျိုးတွေ ရှိလာကြပါတယ်။ ဒါ့အပြင် အလေးထားတဲ့ အနေနဲ့ မလုပ်စေချင်တာကို မလုပ်ရတာမျိုးတွေလည်း ရှိနေပါတယ်။

ဒါမျိုးကို Single ဘဝမှာ သာယာနေတဲ့သူတွေက လုံးဝ မခံစားနိုင်ကြပါဘူး။ ကိုယ့်စိတ်တိုင်းကျ ဘဝကို ပျော်ပျော်ကြီး နေချင်လို့ ရည်းစား မထားဘဲ single ဘဝမှာ အသာယာကြီး သာယာနေတတ်ကြပါတယ်။

အချုပ်အနှောင်တွေကို ဆန္ဒမရှိဘူး

လက်ထပ်တာမျိုးကိုလည်း single ဘဝမှာ ပျော်နေတဲ့သူတွေက အယုံအကြည် မရှိကြပါဘူး။ ကွာရှင်းနေတဲ့ စုံတွဲတွေ၊ ပြဿနာတွေကို ထမ်းပိုးထားရတာတွေနဲ့ မပျော်ရွှင်ရတဲ့ ဘဝမျိုးတွေ ဖြစ်နေတာတွေလည်း ရှိလို့ လက်ထပ်လို့ ပျော်ရွှင်ရမယ်ဆိုတာမျိုးကို မယုံကြည်တတ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုယ် သူတို့လည်း ကျေနပ်နေတတ်ကြပါတယ်။

ခက်ခဲတဲ့ အလုပ် မလုပ်ဘူး

သမီးရည်းစား ဆက်ဆံရေးက တကယ့်ကို ခက်ခဲတဲ့ အရာပဲလို့ သူတို့က လက်ခံထားတတ်ကြပါတယ်။ ခက်ခက်ခဲခဲ အတင်း တည်ဆောက်ပြီး နေကြရင်တောင်မှ မခိုင်မြဲကြတဲ့ ဆက်ဆံရေးမျိုးက တကယ် ပင်ပန်းစေမှာပဲလို့လည်း တွေးတတ်ကြပါသေးတယ်။ ဒီအတွက် သူတို့က ခက်ခဲတဲ့ အရာမို့ မကြိုးစားဘဲ အေးဆေး နေတတ်ကြတာ ဖြစ်ပါတယ်။

ကလေးလိုပဲ နေကြလို့

ချစ်သူ ရည်းစားထားတယ်ဆိုတာလည်း ရင့်ကျက်မှု တစ်ခု ဖြစ်ပါတယ်။ တခြားတစ်ယောက်ကို ဂရုစိုက်မှု၊ အလေးထားမှုတွေ ပေးရင်း တာဝန်ယူမှု တစ်ခု ပြုလုပ်ရတာ ဖြစ်ပါတယ်။ တစ်ချို့သူတွေကတော့ ဒီအထိ ရင့်ကျက်မှု မရှိပါဘူး။ လူငယ်တစ်ယောက်လို ပေါ့ပါးမှုတွေနဲ့ ကလေးလို ပြုမူချင်တိုင်း ပြုမူလို့ ရတာမျိုးကို သဘောကျလို့ single အဖြစ် နေနေတတ်ကြပါတယ်။

Single ဘဝကို နှစ်သက်လို့

ချစ်သူထားတဲ့ သူတွေက ဘယ်တော့မှ single တစ်ယောက်လို ခံစားမှုမျိုး မရနိုင်ကြပါဘူး။ ဒါကြောင့် Single ဘဝက သိပ်ကို မိုက်ပါတယ်လို့ သူတို့က တွေးကြပါတယ်။

စိတ်ဝင်စားတဲ့သူကို အီလို့ ရသလို ရင်ခုန်စရာ အခြေအနေမျိုးတွေကိုလည်း ကြုံခွင့် ရှိနေတာ single တွေရဲ့ အားသာချက် ဖြစ်ပါတယ်။ ဒီလိုမျိုး သာယာနေတဲ့ ဘဝမျိုးကို နှစ်သက်လို့လည်း Single အဖြစ် နေနေတတ်ကြပါသေးတယ်။

Kham